အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ် အင်တာ မိုင်ယာမီအသင်းဟာ တရုတ်နိုင်ငံမှာ လာရောက် ကစားသွားဖို့ စီစဉ်ထားတဲ့ တရုတ် ခြေစမ်းပွဲ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

miami messi china

Photo Credit : Clutch Points

မိုင်ယာမီအသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ပြည်ပ ခရီးစဉ်အဖြစ် ဒီနိုဝင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံဆီ သွားရောက်ပြီး (၅)ရက်နေ့မှာ Qingdao Hainiu FC သင်း ၊ (၈)ရက်နေ့မှာ Chengdu Rongcheng အသင်းတို့နဲ့ ကစားသွားဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံအတွင်း မထင်မှတ်ထားတဲ့ အခြေအနေတွေ ကြုံတွေ့နေရကြောင်း တရုတ်ခရီးစဉ်ကို အဓိက တာဝန်ယူ စီစဉ်နေတဲ့ NSN ဘက်က အကြောင်းကြားလာခဲ့တာကြောင့် ပွဲစီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း အင်တာ မိုင်ယာမီဘက်က အတည်ပြုသွားခဲ့ပါတယ်။

china tour

Photo Credit : Inter Miami CF

ဒီလို ဖျက်သိမ်းမှုကြောင့် တရုတ်နိုင်ငံက ဘောလုံးပရိသတ်တွေဟာ ဘာလွန်းဒေါဆု (၈)ကြိမ်အထိ ပိုင်ဆိုင်ထားတဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ အပါအဝင် ဆာဂျီယို ဘူးစကွက်စ် ၊ ယော်ဒီ အယ်လ်ဘာတို့ကိုပါ ကြည့်ရှု အားပေးရတော့မှာ မဟုတ်ပဲ မိုင်ယာမီဘက်ကလည်း တခြားနိုင်ငံတစ်ခုခုဆီသာ ခြေစမ်းပွဲ ခရီးစဉ်အဖြစ် ပြောင်းလဲ ရွေးချယ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Lionel Messi Inspires Inter Miami

Photo Credit : Sports Brief

မက်ဆီကလည်း တနင်းလာနေ့က ပြင်သစ်နိုင်ငံကို သွားရောက်ပြီး သူရဲ့ (၈)ကြိမ်မြောက် ဘာလွန်းဒေါဆုကို လက်ခံသွားယူပြီးချိန် နောက်တစ်နေ့မှာပဲ အမေရိကန်နိုင်ငံကို ပြန်လည် ရောက်ရှိနေပြီဖြစ်ကာ သူ့ကို မိုင်ယာမီအသင်းဖော်တွေကလည်း ဝိုင်းဝန်း ထောပနာပြုခဲ့ကြပါတယ်။ အခု တရုတ် ခရီးစဉ် ဖျက်သိမ်းလိုက်မှုကြောင့် မက်ဆီ နဲ့ မိုင်ယာမီအသင်းသားတွေဟာ အမေရိကန်မှာ ဆက်လက် ရှိနေတော့မှာ ဖြစ်ပြီး ဘယ်နိုင်ငံဆီ ခရီးနှင်ရမလဲ ဆိုတာကိုသာ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Featured Photo : Marca