အချိန်နည်းနည်းပဲ ပေးပြီး ထိရောက် မှု အရှိဆုံး လေ့ကျင့်ခန်း တွေ ပြုလုပ်ကာ ခန္ဓာကိုယ်ကို အမိုက်စား ခန္ဓာကိုယ်တစ်ခုအဖြစ် အသွင်ပြောင်းချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို လိုက်လုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းများကို ပုံမှန်သာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်က ဟောလိဝုဒ်မင်းသားတောင် အရှုံးပေးသွားရပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

man workout

ဒီလေ့ကျင့်ခန်းကတော့ Plank With Leg Lift ပဲဖြစ်ပါတယ်။

အဆင့် (၁) လက်နှစ်ဖက်က ထောက်ထားပြီးနောက် ညာခြေကို ပုံပါအတိုင်း မြှောက်ထားလိုက်ပါ။

အဆင့် (၂) စက္ကန့် ၃၀ မှ ၆၀ အထိ ပြည့်တဲ့အခါ ခြေထောက်နှစ်ဖက်ကို ပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ မှ ၆၀ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man workout

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Swiss Ball Leg Curl ဖြစ်ပါတယ်။

ပုံပါအတိုင်း ဘောလုံးကို အရှေ့သို့ ဆွဲယူရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

ထိရောက် လေ့ကျင့်ခန်း

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။

အဆင့် (၂) အလေးတုံးကို ခြေထောက်နှစ်ဖက်ကြားကနေ အရှေ့လွှဲလိုက် အနောက်လွှဲလိုက် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ထိရောက် လေ့ကျင့်ခန်း

အဆင့် (၁) အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ ပုံပါအတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ထိရောက် လေ့ကျင့်ခန်း

အဆင့် (၁) အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။

အဆင့် (၂) လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားလိုက်ပါ။

အဆင့် (၃) ပြီးသွားတဲ့အခါ ဟိုဘက်ထောက်လိုက် ဒီဘက်ထောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Baboon Jump ပဲဖြစ်ပါတယ်။

ကွီးတို့ရော အချိန်တိုအတွင်း ကိုယ့်ရဲ့ ကြွက်သားတွေကို ထိရောက် မှု အရှိဆုံးနဲ့ အကျိုးအရှိဆုံး ဖြစ်အောင်လို့ ဘယ်လို လေ့ကျင့်ခန်း မျိုးတွေနဲ့ လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိပါသလဲ။

Source : Menshealth

Featured Photo : Luxe Digital