သင်သည် Workout ပြုလုပ်ချင်ပေမယ့် Gym မသွားချင်ဘူး။ မနက်ခင်း ထပြေးရတာ၊ လမ်းလျှောက်ရတာမျိုးကိုလည်း သဘောမတွေ့ဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်ပြီး ယောဂကျင့်ရတာမျိုးကိုလည်း မနှစ်သက်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ထူးဆန်း တဲ့ Workout လေ့ကျင့်ခန်းများကို စမ်းသပ်ပြုလုပ်နိုင်ပါတယ်။

ကမ္ဘာတလွှားမှာရော အခုဖော်ပြပေးမယ့် ထူးဆန်း တဲ့ Workout တွေကို ဘယ်လိုမျိုး ပြုလုပ်လေ့ရှိကြသလဲ။

ရေထဲ စက်ဘီးစီးခြင်း

strange sports

Gym မှာ ဆော့ကစားလေ့ရှိတဲ့ စက်ဘီးများကို ရေကူးကန်ထဲ ထည့်ထားကာ ထိုရေထဲတွင် စက်ဘီးနင်းရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ရေထဲမှာ နင်းရတာဆိုတော့ ပုံမှန်ထက်ပိုပြီး အားစိုက်နင်းရမှာဖြစ်ပါတယ်။

ရေပေါ်မှာ ယောဂကျင့်ခြင်း

strange sports

ရေပေါ်မှာ ယောဂကျင့်တဲ့ ထူးဆန်းသော Workout ကိုတော့ ၂၀၁၇ ခုနှစ်က စတင်လာခဲ့တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်ဖက် အပေါ်မြှောက်ကာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထားရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

ပုံမှန်ယောဂ လေ့ကျင့်ရတာတောင် ခက်ခဲတာ ရေပေါ်မှာ ရေလွှာလျှောစီး ဘုတ်ပြားအသုံးပြုပြီး ယောဂကျင့်ရမယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။

ဆိတ်ကလေးများနှင့်အတူ ယောဂကျင့်ခြင်း

ထူးဆန်း Workout

သင့်ရဲ့ခန္ဓာကိုယ် ဟန်ချက်ညီနေတဲ့အချိန်မှာ ဆိတ်ကလေး တစ်ကောင်က သင့်ခန္ဓာကိုယ်ပေါ် တက်လာမှာဖြစ်ပါတယ်။ ထိုဆိတ်များသည် မလေ့ကျင့်ထားတဲ့ ဆိတ်ကလေးတွေဖြစ်ပါတယ်။ ကံကောင်းမယ်ဆိုရင်တော့ ဆိတ်ကလေးတွေက သင့်ကို ပွေ့ဖက်ပါလိမ့်မယ်။

ဒရမ်တီးသကဲ့သို့ ထူးဆန်း သော Workout

ထူးဆန်း Workout

ဘဝမှာ တစ်ခါလောက် ဒရမ် တီးတတ်ချင်လိုက်တာလို့ စိတ်ကူးယဉ်ဖူးပါသလား။ ဒါဆိုရင်တော့ ဒီလေ့ကျင့်ခန်းအဖွဲ့နဲ့ ဝင် Join နိုင်ပါတယ်။ သူတို့လေ့ကျင့်ခန်းကလည်း ယောဂလေ့ကျင့်ခန်းလိုဖြစ်ပြီး ဒရမ်တီးသကဲ့သို့ ပြုလုပ်ရတာဖြစ်ပါတယ်။

Forza

ထူးဆန်း Workout

Forza ဆိုတာကတော့ ဓားသိုင်းလေ့ကျင့်သင်တန်းတစ်ခု ဖြစ်ပါတယ်။ တစ်နာရီကြာ ဆော့ကစားရတာဖြစ်ပြီ ထိုတစ်နာရီအတွင်းမှာ လုံးဝ မနားရဘဲ ဓားသိုင်းကျင့်ရတာဖြစ်ပါတယ်။ များသောအားဖြင့် ဂျပန်ရိုးရာဓားသိုင်းများကို လေ့ကျင့်ကြပါတယ်။

Source: Oddee

Featured Image: Endless Pools