တစ်ချိန်က လီဗာပူးလ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ဒန်နီ မာဖီက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဒီရာသီမှာ အာဆင်နယ်အသင်းကို ရောက်လာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်လို ကစားသမားမျိုးကို လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

4 lfc midfielders

Photo Credit : 433

လီဗာပူးလ်အသင်းက ဒီနွေမှာ အသင်း ကွင်းလယ်ပိုင်းကို အပြောင်းအလဲကြီးတွေ လုပ်ဆောင်ခဲ့ပြီး အသင်းမှာ အချိန်တစ်ခုအထိ ပါဝင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန် အပါအဝင် ဖာဘင်ဟို ကီတာ မီနာ ချိန်ဘာလိန်တို့ အားလုံးကို အသင်းကနေ ရှင်းထုတ်ခဲ့ပြီး ဘရိုက်တန်က မက်အယ်လစ္စတာ လိုက်ပ်ဇစ်က ဆိုဘိုဆလိုင်း စတုဂတ်က အန်ဒို နဲ့ ဘိုင်ယန်မြူးနစ်က ဂရာဗန်ဘာ့ချ်တို့ကို ပြန်လည် အားဖြည့်ခဲ့ပါတယ်။

konate vs rice

Photo Credit : talkSPORT

လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် ပြန်လည် ဖြည့်တင်းမှုက အားရစရာ ရှိခဲ့ပေမယ့်လည်း တကယ်လို့ အသင်းဆီကို holding midfielder တစ်ဦးလောက် ထပ်မံ ရောက်ရှိလာဦးမယ်ဆိုရင် အသင်းက ပိုကောင်းတဲ့ အနေအထားတစ်ခုကို ရောက်သွားစေမှာ သေချာနေပါတယ်။ Holding ဒါမှမဟုတ် Deep-lying midfielder ဆိုတာက ကွင်းလယ်ခံစစ်ပိုင်း ကစားသမားမျိုးဖြစ်ပြီး လက်ရှိ လီဗာပူးလ်မှာ အန်ဒို ဂရာဗန်ဘာ့ချ် နဲ့ သီယာဂိုတို့က ဒီနေရာမှာ ကစားနိုင်တယ် ဆိုပေမယ့်လည်း အဲ့ဒီနေရာအတွက် တကယ့်ကို world-class ကစားသမားမျိုးသာ ရှိနေမယ်ဆိုရင်တော့ လီဗာပူးလ်အတွက် ပိုပြီးတော့ကို အခြေအနေကောင်းသွားနိုင်တယ်လို့ မာဖီက သုံးသပ်ခဲ့ပါတယ်။

murphy rice

Photo Credit : talkSPORT

“လီဗာပူးလ်အသင်းကလည်း ဒက်ကလန်ရိုက်စ့်လို ကစားသမားမျိုးကို လိုအပ်နေပါတယ်။ ဒက်ကလန်ရိုက်စ်သာ လီဗာပူးလ် ကစားသမား ဖြစ်နေမယ်ဆိုရင်တော့ သူတို့အသင်းလည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အဲ့ဒီလောက်ကို ကောင်းတာ။ သူက အဲ့ဒီပွဲမှာလည်း နေရာပေါင်းစုံမှာ ခြေစွမ်းပြခဲ့တာ။ သူက ပွဲကို ကောင်းကောင်းဖတ်နိုင်တယ်။ ဘောလုံးကိုလည်း ရယူနိုင်တယ်။ ဖိအားတွေအောက်မှာ ဘောလုံးကို ထိန်းကစားနိုင်တယ်။ သူရဲ့ positional play ကစားနိုင်တာတွေ အားလုံးက ဘက်ပေါင်းစုံမှာ တောက်ပမှုကို ပြသနိုင်ခဲ့တာတွေချည်းပါပဲ။”လို့ မာဖီက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Featured Photo : The Independent