စပိန် လာလီဂါရဲ့ နာမည်ရ ကလပ်အသင်း ရီးယဲလ် ဘက်တစ်က စပိန် လက်ရွေးစင်ဟောင်းလည်းဖြစ် လာလီဂါ ဂိုးသမားဟောင်းဖြစ်သူ ဒေးဗစ် ဒီဂီယာ ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ စပိန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

dave

Photo Credit : TEAMtalk

လက်ရှိမှာ အသက် (၃၂)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဂီယာ ဟာ လာလီဂါ ကလပ် အသက်လက်တီကို မက်ဒရစ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း အဲ့ဒီကနေတစ်ဆင့် မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ မန်ယူနိုက်တက်မှာတော့ ကစားသမားဘဝရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတွက် ဆယ်စုနှစ်ကျော်လောက် ပါဝင်ခဲ့ပြီး ဒီနွေမှသာ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

david degea

Photo Credit : Goal

အသင်းလက်မဲ့ ဖြစ်သွားတဲ့ နာမည်ကျော် ဂိုးသမား ဒီဂီယာ ကို ကလပ်အသင်း တော်တော်များများက ချိတ်ဆက်ခဲ့ပါသေးတယ်။ ဒီအသင်းတွေထဲမှာ အင်တာမီလန် ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေအပြင် ဆော်ဒီလိဂ်က ကလပ်အသင်းတွေလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရီးယဲလ် မက်ဒရစ်ရဲ့ အဓိက ဂိုးသမားဖြစ်သူ ကော်တွိုက်စ် ဒဏ်ရာရသွားချိန်မှာ ဒီဂီယာက ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ အတော်လေး ထွက်ပေါ်လိုက်ပါသေးတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ဒီဂီယာက ဘယ်အသင်းကိုမှ ပြောင်းရွှေ့ရခြင်း မရှိသေးပဲ free agent player အဖြစ်နဲ့သာ ဆက်ရှိနေရပါတယ်။

de gea

Photo Credit : ESPN

ဒီလို အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ဒီဂီယာကို လာလီဂါ ကလပ် ဘက်တစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ စတင် လုပ်ဆောင်လာခဲ့ပြီး ဘက်တစ်ကလည်း လက်ရှိမှာ လာလီဂါ (၅)ပွဲကစား (၁၀)ဂိုးအထိတောင် ပေးထားရဖြစ်လို့ ဒီဂီယာလို အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးကို ခေါ်ယူအားဖြည့်ချင်လာခဲ့ပါတယ်။ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်လာပေမယ့်လည်း ဘက်တစ်အနေနဲ့ ဒီဂီယာရဲ့ မြင့်မားလှတဲ့ တစ်ပတ်လုပ်ခကို ပေးချေဖို့က အခက်အခဲ ရှိနိုင်ပြီး ဒီဂီယာ ဘက်က သူရဲ့ လုပ်ခကို လျော့ယူမှသာ ဘက်တစ်အသင်းနဲ့ အပြောင်းအရွှေ့ အဆင်ပြေဖွယ် ရှိန်ိုင်ပါတယ်။

Featured Photo : Fichajes