ဒီလိုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ် တော်တော်များများက ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို လွမ်းဆွတ်နေကြမှာ အသေအချာပါပဲ။ လက်ရှိမှာလည်း ဒီဂီယာက free agent player တစ်ဦး ဖြစ်နေတာမို့ ပရိသတ်တချို့ဆိုရင် ယူနိုက်တက်ကို ပြန်လာခဲ့ဖို့တောင် တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ယူနိုက်တက် နဲ့ ဒီဂီယာတို့ ပြန်ပေါင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
Photo Credit : Sky Sports
နည်းပြ တန်ဟက်ဂ်က sweeper keeper ဂိုးသမားတစ်ဦး အေဂျက်စ်မှာ သူနဲ့လက်တွဲဖူးတဲ့ တပည့်ကျော် အန်ဒရေ အိုနာနာကို ယူနိုက်တက်ရဲ့ ပင်တိုင် ဂိုးသမားအဖြစ် ခေါ်ယူချင်တာနဲ့ လစာ ပမာဏ မြင့်မားတဲ့ ဒီဂီယာကို စာချုပ်သက်တမ်း မတိုးတော့ပဲ အလွတ်နဲ့ လက်လွတ်လိုက်တယ်။ အိုနာနာဆိုတာကလည်း ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ လက်ဖျားခါလောက်စရာ အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ကင်မရွန်း ဂိုးသမားမို့ ယူနိုက်တက်ဖန်တွေ ဒီဂီယာကို လက်လွတ်ရတာ စိတ်မကောင်းပေမယ့်လည်း သူ့နေရာမှာ အစားဝင်လာမယ့်သူက အိုနာနာ ဖြစ်နေလို့ စိတ်သက်သာရာရခဲ့ပါတယ်။
Photo Credit : Fan Page
ဒါပေမယ့် လက်တွေ့မှာတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုသလို ဒီဂီယာနေရာ ရောက်လာတဲ့ အိုနာနာက ဒီဂီယာထက် အကြောင်းဆိုးနေပါတယ်။ ချန်ပီယံလိဂ်မှာ လက်စွမ်းကောင်းတွေ ပြသခဲ့ရင်း ဘာလွန်းဒေါရဲ့ အကောင်းဆုံး ဂိုးသမား ဆန်ခါတင်စာရင်းထဲထိတောင် ပါဝင်ခဲ့တဲ့ အိုနာနာကို ဂ်ိုးဖမ်းတက်ရဲ့လားလို့ မေးခွန်းထုတ်ရတဲ့အထိ အိုနာနာရဲ့ လက်စွမ်းပိုင်းတွေက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ မနေ့က ပွဲမှာဆိုရင်လည်း ဘုန်းတစ်ဂိုးရှင် အိုနာနာရဲ့ အမှားကနေ အသင်းဖော် ကက်စီမဲရိုးပါ အနီကတ်ထိ အသင်းက တစ်ယောက်လျော့ အနေအထားနဲ့ ဂါလာတာစာရေးကို အရှုံးပါပေးခဲ့ရပါတယ်။
Photo Credit : Eurosport
တကယ်တော့ ယူနိုက်တက်က ဒီရာသီမှာ ခံစစ်ပိုင်းလည်း ရေလည် weak နေပါတယ်။ ဘယ်ခြမ်း ကစားသမား (၃)ဦးလုံးရော ဗဟိုခံစစ်က မာမာထန်ထန် ကစားနိုင်သူ Licha ပါ ဒဏ်ရာရနေချိန် အမ်မရာဘတ်လို ကွင်းလယ်လူ ဘယ်ခြမ်းခံစစ်ထိ ထားသုံးနေရတာလည်း သိပ်မဟန်လှပါဘူး။ ခံစစ် ကစားသမားတွေနဲ့အပြိုင် အိုနာနာကလည်း အမှားများနေလို့ ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ (၂)ပွဲဆက်တိုက်အထိ ပလိုင်းပေါက်နဲ့ ဖားကောက်နေရပြီး ပြိုင်ဘက်အသင်းရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှု သိပ်မပါလှတဲ့ ဂိုးတွေကို အလွယ်တကူတွေ ခွင့်ပြုနေရပါတယ်။ ဒါကြောင့် ဒီလို အချိန်မှာ ယူနိုက်တက် ပရိသတ်တွေက ဒီခံစစ်နဲ့ပဲ ဖြစ်သလို ကစားခဲ့ရဖူးတဲ့ ဒီဂီယာကို လွမ်းဆွတ် တမ်းတနေမယ်လို့ ထင်မိပါတယ်။
Featured Photo : talkSPORT