နတ်သား တစ်ပါးလို့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပပြီး ပြီးပြည့်စုံ တဲ့ ခန္ဓာကိုယ် မျိုး မလိုချင်ဘူးလား။ ဒါဆိုရင်တော့ လိုနေတာ တစ်ခုတည်းပါပဲ။ ထိုအရာကတော့ ကွီးတို့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း ပြုလုပ်ရမယ့် စိတ်တစ်ခုတည်းပဲဖြစ်ပါတယ်။ ပြီးတော့ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကလည်း အခက်စားကြီးမဟုတ်ပါဘူး။ (၅) မျိုးတည်းပါ။
ဒီလေ့ကျင့်ခန်း (၅) မျိုးကတော့ ကွီးတို့ ခန္ဓာကိုယ်ကို နတ်သား တစ်ပါးလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် တစ်ခု ရရှိပိုင်ဆိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။
လေ့ကျင့်ခန်း (၁)
ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Deadlift လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ Deadlift လေ့ကျင့်ခန်းက ကွီးတို့ ခန္ဓာကိုယ်ကို သန်မာစေပြီး ခန္ဓာကိုယ် အနေအထားကိုလည်း မှန်ကန်စေပါတယ်။ နှလုံး သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါသေးတယ်။
လေ့ကျင့်ခန်း (၂)
ဒုတိယ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Incline Bench Press လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ ခန္ဓာကိုယ် အပေါ်ပိုင်းရှိ ကြွက်သားများကို သိသိသာသာ ကျစ်လျစ်သွားစေမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
တတိယမြောက် လေ့ကျင့်ခန်းကတော့ Pull-Ups လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားနှင့် ပုခုံးကြွက်သားများအတွက် မဖြစ်မနေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Bobby Maximus
နောက်ထပ် လေ့ကျင့်ခန်းကတော့ Standing Dumbbell Overhead Press လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ မတ်တပ်အနေအထားဖြင့် အလေးတုံး နှစ်တုံးကို ကိုင်ကာ အပေါ်သို့ ပင့်တင်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပုခုံးကြွက်သားများနှင့် ရင်အုပ်ကြွက်သားများအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
နောက်ဆုံးလေ့ကျင့်ခန်းတစ်မျိုးကတော့ Dips လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ရင်အုပ်ကြွက်သားတစ်ခုလုံးထက်စာရင် ရင်အုပ်ကြွက်သားအောက်ပိုင်းကို အားပြုကာ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကွီးတို့ ရင်အုပ်ကြွက်သားက တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းနေမှာပါ။
ဒီလေ့ကျင့်ခန်း (၅) မျိုးကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်က မာဆယ်တွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပကာ ကြည့်ကောင်းသွားမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော နတ်သား တစ်ပါးလို ပြီးပြည့်စုံ တဲ့ ခန္ဓာကိုယ် ရရှိဖို့ ဘာတွေ လုပ်ဆောင်နေပါသလဲ။
Source: Boxrox
Featured Image: Freepik