ကွီးတို့ရေ ကွီးတို့က နေ့တိုင်း ဒါမှမဟုတ် ညတိုင်း တစ်ယောက်တည်း တစ်ကိုယ်ရည် အာသာဖြေတာ သိုင်းကျင့်နေတာမျိုး လုပ်ဖြစ်နေတယ်ဆိုရင် အခု အကြောင်းအရာလေးကို သေချာဖတ်ကြည့်ဖို့ လိုအပ်ပါမယ်။ ကွီးတို့အတွက် အသိပညာလေး တစ်ခုခု ရရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
Photo : New York Post
အမျိုးသားတစ်ဦးအတွက် နေ့တိုင်း တစ်ကိုယ်တည်း သိုင်းကျင့်နေမယ်ဆိုရင် ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါ့မလား။ ဒီမေးခွန်းအတွက် တိကျ သေချာတဲ့ အဖြေကတော့ မရှိပါဘူး။ နေ့စဉ် အာသာဖြေခြင်းက အမျိုးသား အချို့အတွက် ပုံမှန်ဖြစ်နိုင်ပေမယ့်လည်း အခြားသူများအတွက်ကတော့ အလွန်အကျွံ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက ကွီးတို့ရဲ့ အလုံးစုံ စွမ်းအင်အဆင့်ကို မထိခိုက်စေဘဲ ကွီးတို့ရဲ နေ့စဉ်ဘဝ လှုပ်ရှားမှုများကို မထိပါးသရွေ့ ကွီးတို့အတွက် အဆင်ပြေနေမှာပါ။
Photo : Therapist Pages
ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကတော့ နေ့စဉ် တစ်ကိုယ်တော် သိုင်းကျင့်နေခြင်းကို အလွန်အကျွံ လုပ်ဆောင်တယ်လို့သာ သတ်မှတ်ထားကြပါတယ်။ နေ့စဉ် ဒီလို အာသာဖြေခြင်းကြောင့် အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စောစီးစွာ သုတ်လွှတ်မှုကို ဖြစ်ပေါ်စေခြင်းနဲ့ ကွီးတိုရဲ့ ပါတနာနဲ့ ချစ်တင်းနှောမှုပိုင်းဆိုင်ရာမှာ အတားအဆီးတွေ ရှိလာနိုင်ခြင်းတို့ ဖြစ်တက်တယ်ဆိုပြီး ယူဆထားပါတယ်။
Photo : Audacy
ဒါဆိုရင် တစ်ပတ်ကို ဘယ်နှကြိမ်လောက် အာသာဖြေမယ်ဆိုရင် ကွီးတို့အတွက် ပုံမှန်လို့ သတ်မှတ်နိုင်မလဲဆိုတဲ့ မေးခွန်းအတွက်ကလည်း အဖြေမရှိပါဘူး။ ဒါက ကွီးတို့ရဲ့ အထွေထွေ ကျန်းမာရေးအပေါ်မှ မူတည်ပြီး တစ်ပတ်ကို ဘယ်နှကြိမ်အထိ လုပ်နိုင်သလဲဆိုတာ ကွဲပြားသွားပါလိမ့်မယ်။ ပုံမှန်ထက် ပိုများသွားမယ်ဆိုရင်တော့ ဘယ်အရာမှာမှ မကောင်းတက်တာကိုတော့ သတိထားရပါမယ်။ နောက်ပြီး ကိုယ်က အလွန်ကို အာသာဖြေတက်တဲ့သူ ဖြစ်နေမယ်ဆိုရင်တော့ ဒီအကျင့်အစား အားကစားလုပ်တာတွေ တခြား ကိုယ်ဝါသနာပါတဲ့ အရာတွေ လုပ်တာမျိုးတွေ ပြောင်းလဲ လုပ်ကိုင်ကြည့်သင့်ပါတယ်။ ဒါမှ ကွီးတို့က ဟန်ချက်ညီပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Promescent