ကွီးတို့အနေနဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို နံရံပေါ်မှာ Heart Art ပုံစံ ဖန်တီးဖို့ တွေးနေသလား။ ကိုယ်တိုင် လုပ်ကိုင်ဖို့အတွက် DIY နည်းလမ်းကို ပြောပြပေးပါမယ်။ ကိုယ်တိုင်လုပ်မှာဖြစ်တဲ့အတွက် ဓါတ်ပုံ၊ ခဲတံ၊ ပေတံ၊ အတိုင်းအတာ၊ ဓါတ်ပုံတိပ်တွေ လိုအပ်တဲ့အတွက် ကြိုတင်စီစဉ်ထားရပါမယ်။ ဓါတ်ပုံတွေဟာ ၄”x  ၆” အရွယ်အစားဟာ Heart Art အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ဓာတ်ပုံတွေကို စိတ်ကြိုက် ရွေးချယ် ပရင့်ထုတ်ပါ

နံရံပေါ်မှာ Heart

Photo : Unplash

ပထမဆုံး နံရံပေါ်မှာ Heart Art ပုံစံ ဖန်တီးပြုလုပ်ဖို့အတွက် ကိုယ်စိတ်ကြိုက်ဓါတ်ပုံတွေကို ရွေးချယ်ပရင့်ထုတ်ပါ။ ဓါတ်ပုံတွေဟာ ကွီးတို့ရဲ့ နှလုံးသားကို အထိဆုံးပုံတွေ ဖြစ်ဖို့အတွက် အလင်းအမှောင်၊ နောက်ခံအရောင်ကို သေချာဆုံးဖြတ်ရပါမယ်။ ကွီးတို့ ကိုယ်တိုင် အတွက်သာမက အခြားသူတွေကိုပါ ဆွဲဆောင်နိုင်အောင် စီစဉ်ရပါမယ်။

ဓါတ်ပုံတွေကို နေရာချဖို့အတွက် သင့်တော်မဲ့ ပုံစံ Template ကို အသုံးပြုပါ

exercise

Photo : FigrCollage

ကွီးတို့ရဲ့ ကိုယ်ပိုင် နံရံပေါ်မှာ Heart Art ကို အကောင်းဆုံးဖန်တီးမှု အတွက် Collage က ၄၄”X ၅၄”အကျယ် ရှိသင့်ပါတယ်။ ကွီးတို့ ဧည်ခန်း ထဲမှာ ဖြစ်စေ၊ အိပ်ခန်းထဲမှာ ဖြစ်စေ၊ ကြိုက်နှစ်သက်တဲ့ နေရာမှာ အလှဆင်လို့ ရပါတယ်။ အရေးကြီးတာတစ်ခုက အလုပ်မစခင် နေရာအလုံအလောက် ရှိဖို့ သေချာပါစေ။ ဓါတ်ပုံ တစ်ပုံချင်းစီကြား ထားမည့် နေရာလွတ်ကို တိကျအောင်လုပ်ရပါမယ်။ အောက်ဆုံးတန်းမှ အတန်းလိုက် အကွာအဝေးကို ကြည့်ပါ။ ဓါတ်ပုံများကို ခင်းကျင်းပြီးနောက် နောက်ခံ Collage အ‌ရောင်နဲ့ ဓါတ်ပုံဖွဲ့စည်းမှု ဟန်ချက်ညီပါစေ။ လိုအပ်ရင် အပြောင်းအလဲလုပ်ပါ။ ပေါ်လွင်မှုအတွက် ဒေါင်လိုက်ဓါတ်ပုံကို အောက်ခြေ သို့မဟုတ် အလယ်တွင် ထည့်ကြည့်ပါ။ အလယ်မှာ အလှဆင် မီးလုံးလေးများကိုလည်း ထည့်သွင်းနိုင်ပါတယ်။

ကွီးတို့ရဲ့ အနုပညာဖန်တီးမှု Collage ကို စတင်တည်ဆောက်ပါ

exercise

Photo : FigrCollage

တိပ်၊ ခဲတံ အသုံးပြုပြီး ဒီဇိုင်းရဲ့ အမြင့်နှင့် အကျယ်ကို မှတ်သားပါ။ ဓါတ်ပုံ အကွက်နေရာများအတွက်  နေရာများသတ်မှတ်ပါ။ မှန်ကန်သော အကွာအဝေးအတွက် အောက်‌ခြေမှ ထိပ်ဆုံးအထိ လမ်းကြောင်းသတ်မှတ်ပါ။ ဓါတ်ပုံ‌ကော်လာများကို  နေရာချပါ။ ကွီးတို့ ကိုယ်တိုင် စိတ် ကြိုက် ဖန်တီးနိုင်ပါတယ်။ ရိုးရှင်းသော ဓါတ်ပုံ Collage များကို အလွယ်တကူ လုပ်နိုင်ပါတယ်။ အခန်းအပြင်အဆင် ပြောင်းလဲချင်ရင် သို့မ ဟုတ် ပြူတင်းပေါက် နေရာ ကို အလှဆင် ပြုပြင်ချင်တဲ့အခါ ကွီးတို့ ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့ နံရံပေါ်မှာ Heart Art ပုံစံဖန်တီး နိုင်ပါတယ်။ အချိန်ကြာလာလို့ ဓါတ်ပုံအချို့ ပြောင်းချင်ရင် အလွယ်တကူ ပြောင်းနိုင်ပါတယ်။

ကွီးတို့ရဲ့ ပထမဆုံးနိုင်ငံခြား ခရီးစဉ် ဓါတ်ပုံတွေကိုဖြစ်စေ၊ ဘွဲ့နှင်းသဘင် ဓါတ်ပုံတွေကိုဖြစ်စေ၊ မင်္ဂလာဆောင်ပုံဖြစ်စေ၊ ကွီးတို့ ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့  Heart Art ပုံစံဖန်တီးပြုလုပ်နိုင်သည့် DIY နည်းလမ်းများဖြင့် ရိုးရှင်းစွာ အလှဆင်နိုင်ပါတယ်။

Source : ShutterFly

Featured Photo : Printiki