ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကွီးဆိုတာ Workout တွေ ပုံမှန်ပြုလုပ်တဲ့ ဗလတောင့်တောင့် ကွီးတွေကို ဆိုလိုတာပါ။ လေတိုက်ရင် လွှင့်သွားမယ့် ကွီးတို့နဲ့ ဗိုက်ရွှဲရွှဲကွီးတို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဖြစ် ကြိုးစားယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Workout လေ့ကျင့်ခန်းများကို ဇွဲရှိရှိနဲ့ မပျက်မကွက် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ဒါမှသာလျှင် စကီလေးတွေ မှီခိုအားထားချင်စရာ ဘီးကျဲတစ်ယောက်ဖြစ်မှာပါ။
အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်မယ်ဆိုရင် တစ်ရက်ခြားစီ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ တနင်္လာနေ့ လေ့ကျင့်ခန်းလုပ်၊ အင်္ဂါနား၊ ဗုဒ္ဓဟူးဆော့၊ ကြာသပတေးနား၊ သောကြာ ဆော့၊ စနေ၊ တနင်္ဂနွေ နား တဲ့ ပုံစံအတိုင်း စနစ်ကျကျ ဆော့ကစားရပါမယ်။
လေ့ကျင့်ခန်း (၁)
ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Spider Crawl ပဲဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ခန္ဓာကိုယ်ကို ပင့်ကူလူသားတစ်ကောင်လိုမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်။ ညာခြေကို ဘေးဘက်သို့ ကားထုတ်ကာ ညာတံတောင်နှင့် ထိကပ်လိုက်၊ ဘယ်ခြေကို ဘေးဘက်သို့ ကားထုတ်ကာ ဘယ်တံတောင်နှင့် ထိကပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၄ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၂)
နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကတော့ Triceps Workout Push Ups ပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ယှက်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းများကိုတော့ ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
ဒီလေ့ကျင့်ခန်းလေးကတော့ Mountain Climber လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ ကိရိယာ လွတ်နဲ့ အပီအပြင် ဆော့ကစားနိုင်မယ့် လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၄ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၄)
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကို တင်းတင်းရင်းရင်းနဲ့ သန်မာတောင့်တင်းလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အနေအထားကို ပုံမှာပြထားတဲ့အတိုင်း ပြုလုပ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Cable Curl လို့ ခေါ်ပါတယ်။
လေ့ကျင့်ခန်း (၅)
နောက်ဆုံး ပြုလုပ်ရ၎ယ့် လေ့ကျင့်ခန်းကတော့ Standing Calf Raise လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ သူကတော့ ကွီးတို့ရဲ့ ခြေသလုံး ကြွက်သားများကို တောင့်တင်းသန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
ဘယ်လိုလဲ…စာဖတ်နေတဲ့ ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို မပျက်မကွက်နဲ့ ပုံမှန်ပြုလုပ်နိုင်ပါ့မလား။
Source: Menshealth
Featured Image: Freepik