ချယ်လ်ဆီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းတို့ရဲ့ ပစ်မှတ် ကစားသမားဖြစ်သူ မိုနာကို နောက်ခံလူ အဲလက် ဒီဆာဆီကို ကြားဖြတ် ခေါ်ယူသွားဖို့အတွက် သဘောတူညီမှုပါ ရရှိသွားခဲ့ပြီလို့ ဗြိတိန် နာမည်ကြီး ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြထားခဲ့ပါတယ်။

disasi

Photo Credit : Transfermarket

ပြင်သစ် လက်ရွေးစင် ဗဟို ခံစစ်မှူး ဒီဆာဆီကို ပထမဆုံး စိတ်ဝင်စားခဲ့တာက မန်ယူနိုက်တက်ပါ။ ကင်မင်ဂျေးကို ခေါ်ယူဖို့ မလွယ်တော့ရင် ဒါမှမဟုတ် မက်ဂွိုင်းယားကို အသင်းကနေ ရောင်းထုတ်ပြီးရင် ဒီဆာဆီနဲ့ အစားထိုးဖို့ ချိန်ရွယ်ထားရာကနေ နယူးကာဆယ်ပါ ဒီဆာဆီကို ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားလာခဲ့ပါတော့တယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ မပြုလုပ်သေးတဲ့အတွက် နောက်ဆုံးမှာတော့ ချယ်လ်ဆီး အသင်းရဲ့ ကြားဖြတ် ခေါ်ယူမှုနဲ့သာ ကြုံတွေ့လိုက်ရပါတော့တယ်။

disasi france

Photo Credit : Get French Football News

ချယ်လ်ဆီးက တကယ်ဆို ခံစစ် အားဖြည့်ဖို့ထက် ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်မှာ အငှားချထားရင်း ခြေစွမ်းတွေ ပြသနေတဲ့ ခံစစ်မှူးလေး ကော့ဝဲလ်ကိုသာ အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်ထားရာကနေ မမျှော်လင့်ပဲ injury prone player ဝက်စလေ ဖိုဖာနာက ACL injury ကြောင့် ကာလရှည် အနားယူဖို့ အကြောင်းဖန်လာခဲ့တဲ့အတွက် အခုလို ခံစစ် ကစားသမား တစ်ဦးကို အလျင်အမြန် ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ မကြာခင် ချယ်လ်ဆီး အသင်းဆီ ရောက်ရှိလာတော့မယ့် ဒီဆာဆီကတော့ ချယ်လ်ဆီးရဲ့ခံစစ်ပိုင်းမှာ သူရဲ့မိုနာကို အသင်းဖော်ဟောင်း ဘာဒီအက်ရှီလီနဲ့လည်း ပြန်လည် ဆုံတွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

disasi monaco

Photo Credit : Goal

ချယ်လ်ဆီး အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် တိုက်စစ် နဲ့ တောင်ပံနေရာအတွက်သာ ဖြည့်တင်းထားခဲ့ရပြီး ကွင်းလယ် နဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း အားဖြည့်ဖို့ လိုအပ်နေသေးသလို ဂိုးသမား မန်ဒီကို အယ်လ် အာလီအသင်းဆီ လက်လွတ်ထားရလို့ ဂိုးသမားတစ်ဦးခန့်ပါ ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။ လောလောဆယ်မှာတော့ ချယ်လ်ဆီးက ခံစစ်နေရာအတွက် ဒီဆာဒီကို ပြောင်းရွှေ့ကြေး ယူရို (၄၅)သန်းအထိ အသုံးပြုသွားမှာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။

Featured Photo : Twitter