တချိန်က ပရီးမီးယားလိဂ် မှာ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အာဆင်နယ်အသင်းတို့ တွေ့ဆုံကြပြီဟေ့ဆိုတာနဲ့ ပရီးမီးယာလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးတဲ့ ပွဲစဉ်အလား ယှဉ်ပြိုင်မှု ပြင်းထန်းလွန်းလှသလို ကြည့်ရတာလည်း အရမ်းမြိုင်ဆိုင်လွန်းပါတယ်။ လက်ရှိမှာတော့ နှစ်သင်းလုံးက ပရီးမီးယားလိဂ်မှာ နန်းကျဘုရင်တွေလို ဖြစ်သွားခဲ့ရပြီ ဆိုပေမယ့် သူတို့နှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုကတော့ ဆက်လက် ကြည့်ကောင်းနေဦးမှာ သေချာနေပါတယ်။

us friendly match

Photo Credit : Goal

ပြီးခဲ့တဲ့ ရာသီ တွေ့ဆုံမှုမှာတော့ နှစ်သင်းလုံးက အိမ်ကွင်းပွဲတွေမှာ အနိုင်ရခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်က ရပ်တည်မှု ပိုကောင်းခဲ့ပြီး ခြေစွမ်းပိုင်းလည်း ပိုကောင်းမွန်ခဲ့တယ်။ လက်ရှိမှာတော့ နှစ်သင်းလုံးဟာ ဖိအားကိုယ်စီ ရှိနေရပါတယ်။ အာဆင်နယ်ကလည်း နည်းပြ အာတီတာရဲ့ ကစားသမား အသုံးပြုပုံ နဲ့ ပွဲကို ချဉ်းကပ်ပုံတွေက အသင်းပရိသတ်တွေကိုယ်တိုင် မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင် ဖြစ်နေသလို ယူနိုက်တက်ကလည်း နော်တင်ဟမ် ဝုလ်ဗ်တို့လို အသင်းတွေကိုတောင် အနိုင်ကစားဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

ars vs man

Photo Credit : The Analyst

လက်ရှိမှာ အာဆင်နယ်က (၃)ပွဲကစား (၇)မှတ် ရထားတယ်ဆိုပေမယ့် အထက်မှာ ဖော်ပြခဲ့သလို အာတီတာရဲ့ ကစားကွက် စမ်းသပ်နေမှုက ဘာဖြစ်ချင်နေမှန်း မသိရလောက်အောင် ဖြစ်နေပြီး ယူနိုက်တက်ဆိုရင်လည်း လန်ဒန် အခြေစိုက်ကလပ် စပါးကို ဘယ်လိုမှ မယှဉ်နိုင်ပဲ အရှုံးပေးထားခဲ့ရပါသေးတယ်။ ဆိုတော့ အခုပွဲက နှစ်သင်းလုံးအတွက် အရေးကြီးနေပါတယ်။ အာဆင်နယ်အနေနဲ့ ဒီရာသီ ချန်ပီယံ မျှော်လင့်ချက် ရှင်သန်နိုင်ဖို့ (၂)ပွဲဆက်တိုက် အမှတ်လျော့လို့ မဖြစ်တော့သလို ယူနိုက်တက်ကလည်း အဝေးကွင်းမှာ top 6 အသင်းတွေနဲ့ ကစားရတိုင်း ရလဒ်ဆိုးတက်တယ်ဆိုတဲ့ အစဉ်အလာကို ချိုးဖျက်ပြရပါလိမ့်မယ်။

arsenal vs manutd

Photo Credit : Sky Sports

စိတ်ဝင်စားဖို့ကောင်းတာက ဒီပွဲမှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟွိုင်လန်းက ယူနိုက်တက် တိုက်စစ်ကို စတင် ဦးဆောင်လာတော့မှာမို့ ပွဲတိုင်းနီးပါး ဂိုးပေးနေရတဲ့ အာဆင်နယ် ခံစစ်ကို ဟွိုင်လန်း ဦးဆောင်လာမယ့် ယူနိုက်တက် တိုက်စစ် ဘယ်လို ဒုက္ခပေးနိုင်မလဲ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ကွင်းလယ်ချင်း အားပြိုင်ပြီဆိုရင်တော့ ရိုက်စ် ပါတေးတို့ရဲ့ ကွင်းလယ်ကို ယူနိုက်တက် ကွင်းလယ်က ယှဉ်ကစားဖို့ ခက်ခဲနိုင်ပါတယ်။ အိမ်ရှင် အာဆင်နယ်တို့ အသာရသွားဖို့ ပိုများနိုင်ပေမယ့် သရေလည်း ကျသွားနိုင်တယ်လို့ ယူဆမိပါတယ်။

Featured Photo : The Sun