ပါတီနဲ့ ပျော်ရွှင်စရာ ပွဲအခမ်းအနားတွေ ကျင်းပတဲ့အခါ သောက်စရာ အဖျော်ယမကာတွေကတော့ မပါမဖြစ်ပါပဲ။ အဓိက အားဖြင့် ပါတီမှာ ယောကျာ်းလေးတွေရော ၊ အမျိုးသမီးတွေပါ သောက်လို့ အဆင်ပြေမယ့် Drink တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ဘီယာ ၊ ဝီစကီ ၊ ဝိုင်နဲ့ ရှန်ပိန်တွေအပြင် အခုပြောပြမယ့် သောက်စရာ Drink တွေကိုလည်း ပါတီ တွေ မှာ တည်ခင်းဧည့်ခံလို့ အဆက်ပြေပါတယ်။

(၁) Party Mojito Pitcher

Photo : A Couple Cooks

ပေါ့ပေါ့ပါးပါးနဲ့ လူတိုင်းသောက်လို့ အဆင်ပြေမယ့် ပါတီ Drink တစ်မျိုးကတော့ Party Mojito Pitcher ပဲ ဖြစ်ပါတယ်။ ချိုချဉ်လန်းဆန်းစေတဲ့ အရသာရှိပြီး နွေရာသီနဲ့ ညနေခင်းပါတီတွေမှာ တည်ခင်းဖို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ သံပုရာရည် ၊ သကြား ၊ ရမ်ဖြူ ၊ ဆိုဒါနဲ့ ပူစီနံရွက် စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ လွယ်လွယ်ကူကူ ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။

(၂) Easy Party Punch

Photo : A Couple Cooks

အချိန် ၅ မိနစ်လောက်အတွင်းမှာ အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်နိုင်မယ့် အရသာရှိတဲ့ ပါတီ Drink ကတော့ Easy Party Punch ဖြစ်ပါတယ်။ Easy Party Punch ဖျော်စပ်ဖို့ Cranberry Juices ၊ Pineapple Juice ၊ Ginger Ale ၊ Rum တစ်ပုလင်းနဲ့ လိမ္မော် ၊ သံပုရာသီး ၊ သံပုယိုခြမ်း ၊ လတ်ဆတ်တဲ့ ပူစီနံအရွက် အနည်းငယ် စတဲ့ ပါဝင်ပစ္စည်းတွေ အဓိက လိုအပ်ပါတယ်။ အသီးတွေနဲ့ ပေါင်းစပ်ဖျော်ထားတဲ့အတွက် အရသာအရမ်းမပြင်းပဲ ချိုမြိန်လန်းဆန်းမှုကို ပေးစွမ်းပါတယ်။

(၃) Strawberry Vodka Lemonade

Photo : A Couple Cooks

Strawberry Vodka Lemonade ကော့လ်တေး ကတော့ ဘယ်ပါတီမဆို တည့်ခင်းဧည့်ခံလို့ အဆင်ပြေတဲ့ Drink တစ်မျိုး ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးရဲ့ ချိုမြိန်လတ်ဆတ်တဲ့ အရသာနဲ့ Vodka ရဲ့ ခပ်ရှရှအရသာကို ဟန်ချက်ညီညီ ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ Strawberry Vodka Lemonade ကော့လ်တေးကို သံပုရာရည် ၊ သကြား ၊ စတော်ဘယ်ရီ ၊ ရေ ၊ Vodka တို့နဲ့ အရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်ရတာ ဖြစ်ပါတယ်။

(၄) White Sangria

Photo : A Couple Cooks

White Sangria ကတော့ အရသာအရမ်းရှိပြီး သောက်လို့လည်းကောင်းတဲ့ ပါတီ Drink တစ်မျိုး ဖြစ်ပါတယ်။ White Sangria Drink ကို ဝိုင်ဖြူ ၊ ဘရန်ဒီ ၊ မက်မွန်သီး ၊ ပန်းသီးစိမ်း ၊ သံပုရာသီး စတဲ့ Ingredients တွေနဲ့ အဓိက ဖျော်စပ်ပါတယ်။ ချိုမြမြ ခပ်ရှရှ အရသာနဲ့ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေတဲ့ Drink တစ်မျိုးဖြစ်ပါတယ်။

Featured Photo : MyRecipes