ကိုယ်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ ပါတီတစ်ခု ဆင်နွှဲရတာ တကယ်ကို ပျော်ရွှင်စရာကောင်းလှပါတယ်။ သို့သော်လည်း ပြီးပြည့်စုံတဲ့ ပါတီ တစ်ခု ဖြစ်ဖို့ဆိုရင် ပြင်ဆင်ရမဲ့ အပိုင်းတွေထဲမှာ အဖျော်ယမကာများ ထည့်သွင်းခြင်း ကလည်း အရေးပါပါတယ်။ ပါတီတွေရဲ့ အဖျော်ယမကာထဲမှာ ဝိုင် ကတော့အဓိက မပါမဖြစ်ပါပဲ။ ဝိုင်တွေကို ထည့်သွင်း ဧည့်ခံရာမှာ ဘယ်လိုမျိုး စဉ်းစားရွေးချယ်မလဲ ဆိုတာလည်း အရေးပါပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ပါတီမှာ ဝိုင် ကို ထည့်သွင်း ဧည့်ခံမယ်ဆိုရင် ဘယ်လိုဝိုင်မျိုးကို ရွေးချယ်ရမလဲ ဆိုတာ ကြည့်လိုက်ရအောင်။
(၁) ဝိုင်နီ

Photo : Delish
ကွီးတို့ရဲ့ ပါတီမှာ ဝိုင် ထည့်သွင်းမယ်ဆို မဖြစ်မနေ ထည့်သွင်းရမှာကတော့ ဝိုင်နီပဲ ဖြစ်ပါတယ်။ ဝိုင်နီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက နှလုံးကျန်းမာစေသည်ဟု ရှေးယခင်ကတည်းက ယူဆခဲ့ကြပါတယ်။ ဝိုင်နီမှာပါတဲ့ အယ်လ်ကိုဟောနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါကို ဖြစ်စေတဲ့ သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လူကြီး လူငယ်မရွးအတွက် သောက်သုံးဖို့ အဆင်ပြေတဲ့အပြင် အစားအစာမျိုးစုံနဲ့ လိုက်ဖက်တာကြောင့် ဝိုင်နီက ရွေးချယ်လို့ အကောင်းဆုံးပါပဲ။
(၂) ဝိုင်ဖြူ

Photo : Eat This, Not That
ဝိုင်ဖြူကလည်း ဘယ်လိုပါတီမျိုးနဲ့မဆို လိုက်ဖက်ပြီး ထည့်သွင်းသင့်တဲ့ ဝိုင်အမျိုးအစားပဲ ဖြစ်ပါတယ်။ လူတော်တော်များများက ၎င်းတို့နဲ့ ရင်းနှီးပြီးသား ဝိုင်ကိုသဘောကျတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ ပါတီမှာ ထည့်သွင်းဖို့ ဝိုင်ဖြူကို ထည့်သွင်းတဲ့နေရာမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်တာဟာ လုံးဝကိုမမှားစေပါဘူး။ ပါတီအတွက် ဝိုင်ကိုထည့်သွင်းမယ်ဆိုရင် ဝိုင်နီနဲ့ ဝိုင်ဖြူနှစ်မျိုးကိုတော့ မဖြစ်မနေထည့်သွင်းသင့်ပါတယ်။
(၃) Sparkling ဝိုင်

Photo : Dien msy XANH
အချို့သော ဧည့်သည်များက Sparkling ဝိုင် ကိုနှစ်သက်ကြပါတယ်။ မွေးနေ့ ဒါမှမဟုတ် နှစ်ပတ်လည်ပါတီတွေမှာ Sparkling ဝိုင် က ထည့်သွင်းဧည့်ခံလို့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ပါတီအတွက် ရှန်ပိန် အစား ဒီ Sparkling ဝိုင် ကိုထည့်သွင်း ဧည့်ခံလို့လည်း အဆင်ပြေပါတယ်။
(၄) Rose ဝိုင်

Photo : HuffPost
ကွီးတို့အနေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ညစာစားပွဲလေးတွေ၊ နွေးထွေးတဲ့ ညနေခင်းမှာ ကျင်းပမဲ့ ပါတီပွဲလေးတွေ ဆိုရင်တော့ ပန်းနုရောင် ရှိတဲ့ Rose ဝိုင်လေးက တကယ်ကို ရွေးချယ်လို့ကောင်းပါတယ်။ ဒီဝိုင် အမျိုးအစားကိုလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။
ဝိုင်ဘယ်လောက် ဝယ်ယူရမလဲ

Photo : Better Home & Gardens
ဝိုင်ပုလင်း ဘယ်လောက်ဝယ်ရမလဲဆိုတာတော့ ကွီးတို့ ဖိတ်ကြားမဲ့ လူဦးရေနဲ့ တွက်ချက် ရပါမယ်။ ဝိုင်အမျိုးအစားတစ်ခုကို အနည်းဆုံး လူကြိုက်များတဲ့ အမှတ်တံဆိပ် နှစ်မျိုး ဝယ်ယူပါ။ လူတစ်ယောက်ကို အနည်းဆုံး ဝိုင်နှစ်ခွက်နှုန်း ခန့်မှန်းကာ ဝိုင်ပုလင်းများကို ဝယ်ယူထားပါ။ လုံလောက်သည်ထက် အနည်းငယ်ပိုပြီး ပြင်ဆင်ထားတာတော့ မမှားပါဘူး။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ပါတီမှာ ထည့်သွင်းဖို့ ဝိုင် ကို ရွေးချယ်ရမှာ အထောက်အကူ ပြုပါလိမ့်မယ်။
Source : WTSO
Featured Photo : Wine
