ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဖြစ်စေ၊ ချစ်ခင်ရင်းနှီးရတဲ့သူတွေနဲ့ ဖြစ်စေ အေးအေးဆေးဆေး နဲ့ ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေ ဖြတ်သန်းဖို့ဆိုရင်တော့ ဝိုင် ပါတီလေး ဖန်တီးခြင်းက စိတ်ကူးကောင်းပါပဲ။ ချစ်ခင်ရသူတွေနဲ့ အတူ အရသာရှိတဲ့ ဝိုင်ချိုချိုလေးတွေကို မြည်းစမ်းရင်း၊ ငြင်းခုန်ရင်းနဲ့ ကွီးတို့ရဲ့ ခင်မင်မှုကို ပိုမိုခိုင်မာလာစေမှာပါ။ ပိတ်ရက်လေးမှာ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ ဝိုင်ပါတီလေး ဖန်တီးရတာလည်း ကကယ်ကို ကြည်နူးပျော်ရွှင်စရာ ကောင်းပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ဝိုင် ပါတီလေး ကျင်းပချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်တွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်ပါတယ်။

ဝိုင်ကိုရွေးချယ်ပါ

ဝိုင် ပါတီလေး

Photo : The New York Time

ကွီးတို့ရေ ပြီးပြည့်စုံတဲ့ ဝိုင် ပါတီလေး ကျင်းပဖို့ဆိုရင် ပထမဆုံး စဉ်းစားရမှာကတော့ ဘယ်လိုဝိုင်များကို ထည့်သွင်းမလဲဆိုတာပါပဲ။ ဝိုင်အမျိုးအစားအနေနဲ့ကတော့ ဝိုင်ပါတီအတွက် ဝိုင် (၅) မျိုးနဲ့ စတင်နိုင်ပါတယ်။ ဝိုင်ပုလင်း ဘယ်လောက်ဝယ်ရမလဲဆိုတာတော့ ကွီးတို့ ဖိတ်ကြားမဲ့ လူဦးရေနဲ့ တွက်ချက်ရပါမယ်။ ဝိုင်ပါတီကို လူနည်းနည်းနဲ့ဖြစ်စေ၊ လူအများနဲ့ ဖြစ်စေ ပြုလုပ်လို့ရတာကြောင့် ကွီးတို့စိတ်ကြိုက် ဖိတ်ကြားနိုင်ပါတယ်။ လူတစ်ယောက်ကို အနည်းဆုံး ဝိုင်နှစ်ခွက်နှုန်း ခန့်မှန်းကာ ဝိုင်ပုလင်းများကို ဝယ်ယူထားပါ။ လုံလောက်သာည်ထက် အနည်းငယ်ပိုပြီး ပြင်ဆင်ထားတာတော့ မမှားပါဘူး။

Theme တစ်ခု ဖန်တီးပါ

ဝိုင် ပါတီလေး

Photo : Northern Virginia Magazine

ဝိုင်ပါတီလေး ဖန်တီးဖို့နောက်ထပ် ပြင်ဆင်ရမဲ့ အချက်ကတော့ Theme တစ်ခု ဖန်တီးဖို့ပါပဲ။ ပါတီတစ်ခု ကျင်းပရာမှာ ပါတီကျင်းပမဲ့နေရာကလည်း တကယ်ကို အရေးပါပါတယ်။ ကွီးတို့အနေနဲ့ ဝိုင်ပါတီလေးကို ကွီးတို့အိမ်ရဲ့ ခြံထဲမှာပဲ ကျင်းပမလား၊ ဧည့်ခန်းကိုပဲ အလှဆင်ပြီး ကျင်ပမလား ဒါမှမဟုတ် ရေကူးကန်ဘေးမှာပဲ ကျင်းပမလား ဆိုတာ သေချာစဉ်းစားပြီး ရွေးချယ်ပါ။ ထို့နောက် ကွီးတို့လိုချင်တဲ့ ပုံစံအတိုင်း နေရာထိုင်ခင်းကအစ Decoration လုပ်ပါ။ ဟိုတယ် ဒါမှမဟုတ် နေရာတစ်ခုခုကို ငှားရမ်းပြီး လုပ်မယ်ဆိုရင်လည်း ကြိုတင်ငှားရမ်းထားဖို့ အရေးကြီးပါတယ်။ အလှဆင်တဲ့နေရာမှာ မီးလုံးလေးတွေ၊ ဖယောင်းတိုင်လေးတွေကိုလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။

ဝိုင်နဲ့ လိုက်ဖက်မဲ့ အစားအသောက်များကို ပြင်ဆင်ပါ

Wine party

Photo : The Kitchen Community

ပြီးပြည့်စုံတဲ့ ဝိုင် ပါတီလေး ဖြစ်ဖို့အတွက် ဝိုင်နဲ့ တွဲဖက်စားသုံးမဲ့ အစားအစာတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဝိုင်ပါတီမှာ ဝိုင်အမျိုးအစားများစွာ ပါဝင်တာကြောင့် ၎င်းတို့နဲ့ လိုက်ဖက်တဲ့ အစားအစာများကိုလည်း စီစဉ်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ရာသီဥတုနဲ့ ကိုက်ညီတဲ့ အစား အစာများလည်း ဖြစ်ပါစေ။ ကွီးတို့ရွေးချယ်ထားတဲ့ ဝိုင်အမျိုးအစားတစ်မျိုးစီနဲ့ လိုက်ဖက်တဲ့ အစားအသောက်တစ်မျိုးစီ အနည်းဆုံးပါဝင်ပါစေ။ ဒါ့အပြင် ဝိုင်ပါတီ ဖြစ်တဲ့ အတွက် ဝိုင်နဲ့တွဲဖက်စားသောက်မဲ့ အစားအစာများက ဝိုင်ရဲ့အရသာကို ပိုမို ပံ့ပိုးနိုင်အောင်လည်း စီစဉ်ထားဖို့ လိုပါတယ်။

နောက်ကွီးတို့ရဲ့ ဝိုင်ပါတီလေးကို ပိုမိုအသက်ဝင်အောင် ပြုလုပ်ပေးနိုင်တာကတော့ တေးဂီတပဲ ဖြစ်ပါတယ်။ ဘယ်လိုပါတီမျိုးမဆို တေးဂီတဟာ အမှန်ပင်အရေးပါပါတယ်။ ထို့ကြောင့် ဝိုင်တွေကို မြည်းစမ်းရင်း တေးဂီတတွေ နားဆင်ပြီး ကြည်နူးပျော်ရွှင်စရာ အချိန်ကောင်းလေးပိုင်ဆိုင်ဖို့ လိုက်ဖက်တဲ့ သီချင်းတွေကို ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ပျော်ရွှင်စရာကောင်းတဲ့ ဝိုင် ပါတီလေး ဖန်တီးချင်တဲ့ ကွီးတို့အတွက် အမှန်ပင် အထောက်အကူပြုမှာပါ။

Featured Photo : Aveine