ကော့တေးချစ်သူများအတွက် ဒီတစ်ခါမှာတော့ ထူးခြားတဲ့ မီနူးအသစ်ဖြစ်တဲ့ ပုစွန် ကော့တေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီကော့တေးက အခြားသောကော့တေးများနှင့် ပုံစံကွဲပြားသွားတာတော့ အမှန်ပါပဲ။ ကော့တေးအရည်ချည်းပဲ သောက်ရတာ ငြီးငွေ့နေကြတဲ့ ကော့တေးချစ်သူများအတွက် မီနူးအသစ် ဆန်းကြည့်လို့ရအောင် အခုပဲ လေ့လာကြည့်လိုက်ရအောင်။ ပင်လယ်စာချစ်သူများလည်း အကြိုက်တွေ့မယ် ကော့တေးတစ်ခွက်ပဲဖြစ်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းများ

ပုစွန် ကော့တေး

Photo: Cookidoo.thermomix

  • ရေ ဖန်ခွက် ၆ ခွက်စာ (စားပွဲတင်ဇွန်း ၉၆ ဇွန်းစာခန့်)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပုစွန် (မကြီးမသေး အရွယ်အစားခန့်) ၁ ပေါင်ခန့်
  • ငရုတ်သီးဆော့ စားပွဲတင်ဇွန်း ၂၁ ဇွန်းခန့်
  • ခရမ်းချဥ်သီးဆော့ စားပွဲတင်ဇွန်း ၂၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

ပုစွန် ကော့တေး

၁။ ဒယ်အိုးအကြီးတစ်လုံးထဲတွင် ရေနှင့် ဆားတို့ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို လျော့ချလိုက်ကာ ပုစွန်များထည့်ပါ။ ပုစွန်များ ကွေးသွားပြီး ပန်းရောင် သမ်းသွားသည်အထိ ပြုတ်ပေးလိုက်ပါ။ ခန့်မှန်းခြေ ၃ မိနစ်ခန့် ကြာပါလိမ့်မယ်။

၂။ ပုစွန်များ ပန်းရောင်သမ်းပြီး ကွေးသွားတဲ့အခါမှာတော့ ပုစွန်များကို ဆယ်ယူပြီး ခြောက်အောင် သုတ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားလိုက်ပါ။

ပုစွန် ကော့တေး

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်သီးဆော့၊ ခရမ်းချဥ်သီးဆော့နှင့် သံပုယိုရည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ထိုပန်းကန်လုံးကို အဖုံး အုပ်ထားပြီးနောက် ရေခဲသတ္တောထဲတွင် အအေးခံထားလိုက်ပါ။

shrimp cocktailshrimp cocktail

၄။ ပုစွန် ကော့တေး ပြုလုပ်ဖို့ရန်အတွက် ကော့တေးဖန်ခွက်တစ်ခွက် လိုအပ်ပါလိမ့်မယ်။ ထိုဖန်ခွက်ထဲသို့ စောစောက ရောမွှေထားသော အချဥ်များကို စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပါ။ ထို့နောက် ပုစွန် များကို ကော့တေး ဖန်ခွက် နှုတ်ခမ်းဝပေါ်မှာ ချိတ်ထားလိုက်ပါ။ ထို့နောက် နံနံပင်များ၊ သံပုယိုသီးအခွံများဖြင့် အလှဆင်ပေးလိုက်ပါ။

shrimp cocktail

ဒါဆိုရင်တော့ ပင်လယ်စာ ချစ်သူတွေရော ကော့တေးချစ်သူများပါ အကြိုက်တွေ့သွားစေမယ့် ပုစွန်ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Amandascookin

Featured Image: Thekitchenmagpie