ကွီးတို့ရဲ့ ဦးနှောက်သည် အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ ဦးနှောက်ရဲ့ ကျုံ့နိုင် ချဲ့နိုင်စွမ်းသည် ကွီးတို့ သင်ယူလေ့လာတဲ့ အသစ်သော အရာများ၊ အတွေ့အကြုံများ၊ ခံစားချက်တွေအပေါ်များစွာ မူတည်နေပါတယ်။ အသက်ကြီးလာလေ အတွေ့အကြုံ ပိုမိုရင့်သန်လာလေဖြစ်ပြီး ပုရိသ တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည်သည်လည်း တဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

ပုရိသ တို့ရဲ့ ဦးနှောက် ကျန်းမာရေးကို ဒီ့ထက်ပိုပြီး မြှင့်တင်ချင်ပါသလား။ ဒါဆိုရင်တော့ လိုက်နာရမယ့် နည်းလမ်းကောင်းအချို့ ရှိပါတယ်။

အသစ်သောအရာများ စမ်းသပ်လုပ်ဆောင်ကြည့်ပါ

ပုရိသ ဦးနှောက်

ကိုယ် တစ်ခါမှ မလုပ်ဖူးတဲ့အရာများကို လေ့လာသင်ယူကြည့်ပါ။ ဥပမာ – ဥာဏ်စမ်းပဟေဠိများ ဖြေရှင်းကြည့်တာမျိုး၊ ဂီတတူရိယာပစ္စည်းတစ်မျိုးမျိုး တီးခတ်သင်ယူကြည့်တာမျိုး စသည်ဖြင့် ပြုလုပ်ကြည့်လိုက်ပါ။ ထိုကဲ့သို့ အသစ်သော အရာများကို စမ်းသပ်လုပ်ဆောင်ခြင်းအားဖြင့် ပုရိသ တို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည်ကို လှုံ့ဆော်ပေးမှာပဲ ဖြစ်ပါတယ်။

ဦးနှောက်ကို အစာကျွေးပါ

ပုရိသ ဦးနှောက်

ကွီးတို့ရဲ့ ဦးနှောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝစေမယ့် အစားအစာများဖြင့် အစာကျွေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကတော့ … သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ သံလွင်ဆီကဲ့သို့ မပြည့်ဝဆီများနှင့် အပင်မှရရှိတဲ့ ပရိုတင်းဓာတ်များကို မှီဝဲစားသုံးပေးရမှာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို လှုပ်ရှားပါ

ပုရိသ ဦးနှောက်

ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ်အတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အာရုံကြောဆဲလ်များကိုလည်း ကြီးထွားစေပါတယ်။ ဒ့ါအပြင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သွေးဖိအားကို လျော့ကျစေပြီး ကိုလက်စတော ပမာဏကိုလည်း လျော့ချပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါသေးတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

ပုရိသ ဦးနှောက်

ကွီးတို့ အိပ်စက်နေချိန်မှာ ဦးနှောက်သည် အနားယူနေရတာဖြစ်ပြီး သူ့ကိုယ်သူ ပြန်လည်ပြုပြင်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ အင်မတန်အရေးကြီးပါတယ်။ သို့သော် လိုအပ်သည်ထက်ပိုပြီး အချိန်အကြာကြီး အိပ်စက်အနားယူခြင်းသည်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ချိန်များလွန်းတဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းကာ လေးပင်လာပြီး အဝလွန်ရောဂါကို ခံစားရနိုင်လို့ပါပဲ။

လူမူဆက်ဆံရေးနယ်ပယ်တွင်လည်း ဝင်ဆံ့အောင် ကြိုးစားပါ


လူမှုဆက်ဆံရေး ကောင်းရမယ်ဆိုလို့ သူငယ်ချင်း မိတ်ဆွေ ဘော်ဒါတွေ ပေါချင်း သောချင်း ရှိနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုံးက မိတ်ဆွေများ၊ ကျောင်းတုန်းက သူငယ်ချင်းများနှင့် ရန်ငြိုး ရန်စ မရှိဘဲ ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံခြင်းမျိုးကို ဆိုလိုတာပါ။ ပေါင်း သင်းဆက်ဆံရေး ကောင်းမွန်ခြင်းသည် အသက်အရွယ်ကြီးလာတဲ့အခါ သူငယ်ပြန်ခြင်း၊ မှတ်ဥာဏ်အား ကျဆင်းခြင်းတို့မှ ကာကွယ်ပေးပါတယ်။

အကောင်းမြင်စိတ်ထားပါ

smile

လူတကာကို အကောင်းမြင်စိတ်ထားပြီး ပေါင်းသင်းဆက်ဆံခြင်းသည်လည်း ကွီးတို့ရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးမြှင့်စေပါတယ်။ လူအများအပေါ်မှာ မကောင်းတဲ့ အမြင်နဲ့ လိုက်လံကြည့်ရှုပြီး ပြစ်တင်ဝေဖန်နေတဲ့သူတစ်ယောက်အဖို့ သူ့ရဲ့စိတ်ထဲမှာ ဘယ်သူမှ နေချင်မှာမဟုတ်ပါဘူး။ အမြဲတမ်း ပူလောင်နေမှာဖြစ်ပြီး သူ့ရဲ့ ပူလောင်မှုကြောင့် လူအများက သူ့အနားက စွန့်ခွာလေ သူက ပိုပြီးအထီးကျန်ဆန်ကာ ပိုပြီးပူလောင်လာလေ ဖြစ်လာမှာပါ။ တဖြည်းဖြည်းနဲ့ ပူလောင်မှုနဲ့ လောင်ကျွမ်းသွားမှာဖြစ်ပြီး ကျန်းမာရေးလည်း တဖြည်းဖြည်းကျဆင်းလာကာ လူမှုဘဝသည်လည်း အကျဘက်သို့သာ ဦးတည်နေမှာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရသော် ဦးနှောက်စွမ်းဆောင်ရည် မြင့်မားချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်စွာ နေထိုင်ပါ။ အာဟာရပြည်ဝစွာ စားသုံးပါ။ လူတိုင်းအပေါ်မှာ စိတ်ကောင်းနှလုံးကောင်းထားရပါမယ်။

Source: Tenethealth

Featured Image: Readerdigest