နိုင်ငံရပ်ခြား ကို ခရီးထွက်တဲ့အခါ ပြည်တွင်းမှာ ခရီးသွားတာထက် ပိုပြီးစနစ်တကျနဲ့ သေချာစွာ ပြင်ဆင်ဖို့ လိုပါတယ်။ လူတော်တော်များများကတော့ ပြည်ပခရီးသွားမယ်ဆိုရင် အခြေခံပြင်ဆင်မှုများကို သေချာလုပ်ကြပါတယ်။ သို့သော်လည်း အချို့သော သတိထားရမဲ့ အချက်လေးတွေကို သတိမမူမိတာမျိူး ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အလုပ်ကိစ္စဖြစ်စေ ၊ အလည်အပတ်ပဲဖြစ်စေ ၊ ပြည်ပ ခရီး ထွက်မယ်ဆိုရင် သတိထားပြင်ဆင်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
ခရီးသွား စာရွက်စာတမ်းများ

Photo :Exciting Vacation
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ ပြည်ပ ခရီး ထွက်မယ်ဆိုရင် အရေးကြီးဆုံးတစ်ခုကတော့ ခရီးသွားစာရွက်စာတမ်းများနဲ့၊ ထိုနိုင်ငံအတွင်း ဝင်ရောက်ဖို့ ဗီဇာ အစရှိတဲ့ စာရွက်စာတမ်းများ ပြည့်ပြည့်စုံစုံ ဖြစ်စေဖို့ အစောကတည်းက ပြင်ဆင်ဖို့လိုပါတယ်။ လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ဖို့ စာရင်းပြုစုထားခြင်းက ကွီးတို့အတွက် အထောက်အကူပြုပါလိမ့်မယ်။ လေဆိပ်မဆင်းခင် ရက်အနည်းငယ် အလိုလောက်ကတည်းက ကွီးတို့မှာ စာရွက်စာတမ်းများ ပြည့်စုံနေပါစေ။
နောက်တစ်ချက် အနေနဲ့ ကတော့ သွားရောက်မဲ့ နိုင်ငံခြားတိုင်းပြည်ရှိ COVID-19 ရောဂါနဲ့ လုပ်ထုံးလုပ်နည်းများကို လေ့လာထားပါ။ COVID-19 အတွက် လိုအပ်ချက်များက အမြဲပြောင်းလဲနေတာကြောင့် ကွီးတို့ မသွားရောက်ခင် အချိန်ထိ အကန့်အသတ်ရှိမရှိ စစ်ဆေးပါ။ ထို့နောက် လိုအပ်သော စာရွက်စာတမ်းများလည်း တစ်ပါတည်း ယူဆောင်သွားပါ။
Carry On Bag

Photo : Reviewed
ကွီးတို့ရေ နိုင်ငံရပ်ခြားကို ခရီးထွက်ဖို့ ခရီးဆောင်အိတ်ကို ထုတ်ပိုးရာမှာ ကွီးတို့ရဲ့ အရေးကြီး ပစ္စည်းများ၊ စာရွက်စာတမ်းများကို ခရီးဆောင်အိတ်ထဲ မထည့်ပါနဲ့။ ကွီးတို့နဲ့ တစ်ပါးတည်း လေယာဉ်ပေါ် ယူဆောင်သွားလို့ရတဲ့ Carry On Bag သို့မဟုတ် လက်ဆွဲအိတ်ထဲကို ထည့်ပါ။ ထိုလက်ဆွဲအိတ်ထဲမှာ ခရီးသွားစာရွက်စာတမ်းများ၊ အီလက်ထရွန်နစ်ပစ္စည်း၊ အားသွင်းကိရိယာများ၊ ခရီးသွားအရွယ်အစား ရေချိုးခန်းသုံးပစ္စည်းများ၊ လဲလှယ်ရန် အဝတ်အစားတစ်စုံခန့် စတဲ့ ကွီးတို့လိုအပ်တာများကို ထည့်သွင်း ထုတ်ပိုးထားပါ။ ဒါမှသာ ကွီးတို့ရဲ့ ခရီးဆောင်အိတ် ပျောက်ဆုံးခြင်း သို့မဟုတ် လေယာဉ်ခရီးစဉ်နှောင့်နှေးခြင်း စတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ပါက ကွီးတို့မှာ လိုအပ်တဲ့အရာအားလုံး ရှိထားခြင်းက အမှန်တကယ်ပင် အထောက်အကူ ပြုပါလိမ့်မယ်။
Translation Apps များ

Photo : One Travel
ကွီးတို့သွားရောက်မဲ့ ပြည်ပ ခရီး စဉ်က အလုပ်အတွက်ဖြစ်စေ၊ အလည်အပတ်အတွက်ပဲ ဖြစ်စေ ၎င်းတို့ ဘာသာစကားကို အနည်းငယ် တတ်ကျွမ်းသော်လည်း ဘာသာပြန် Translation Apps များကို ဒေါင်းလုဒ် လုပ်ထားပါ။ ထိုသို့လုပ်ထားခြင်းက ကွီးတို့ကို အခြေအနေ အားလုံးအတွက် ဆက်သွယ်ပြောဆိုဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။
ဆေးဝါးများ

Photo : NPS Medicine Wise
ကွီးတို့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး လိုအပ်သော ဆေးဝါးများကို သေချာပြင်ဆင်သွားပါ။ ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာမှာ ဆေးဆိုင်၊ ဆေးခန်း ရှာဖို့ဆိုတာ ခက်ခဲပါတယ်။ အကယ်၍ ကွီးတို့ခရီးစဉ်က အချိန်ကြာမည်ဆိုပါက ခရီးစဉ်တစ်ခုလုံးအတွက် လုံလောက်သောဆေးဝါးများကို ဆရာဝန်ထံမှ ညွှန်ကြားချက် ရယူပါ။
အခုဖော်ပြပေးလိုက်တာကတော့ ပြည်ပ ခရီး ထွက်ဖို့ ပြင်ဆင်နေတဲ့ ကွီးတို့အတွက် သတိထားပြင်ဆင်သင့်တဲ့ အချက်များ ပဲဖြစ်ပါတယ်။
Source : World Trip
Featured Photo : Times of India
