လက်မောင်းလှဲတဲ့ Arm Wrestling အားကစားနည်းမှာ အဓိကအကျဆုံး အချက် ၂ ခုက Technique ပိုင်းနဲ့ Strength လို့ ပြောရမှာပါပဲ။ နည်းစနစ်ပိုင်းကို သေချာလေး နားလည်တက်ကျွမ်းထားမယ် ၊ Strength တက်အောင် ကောင်းကောင်း ထရိန်းထားမယ်ဆိုရင် ကွီးတို့ သေချာပေါက် လက်မောင်းလှဲအားကစားမှာ ဆရာတစ်ဆူ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အားကောင်းမောင်းသန် ပြိုင်ဘက်ကင်းတဲ့ လက်မောင်းလှဲ ချန်ပီယံ ဖြစ်လာဖို့ ကြံ့ခိုင်မှုနဲ့ ခွန်အားတိုးစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေ ကို ဖော်ပြပေးပါမယ်။

(၁) Single-Arm Hammer Curl

Source : OPEX Fitness

Arm Wrestling လေ့ကျင့်ခန်းတွေထဲမှာတော့ အထိရောက်ဆုံးနဲ့ အကောင်းဆုံး တစ်ခုကို ပြောပါဆိုရင် Single-Arm Hammer Curl က ထိပ်ဆုံးက ပြောရမှာပါ။ ဒီလေ့ကျင့်ခန်းက Biceps ကြွက်သားတွေကို ပိုမိုကျစ်လစ်သန်မာစေပြီး လက်ကောက်ဝတ်ရဲ့ တည်ငြိမ်မှုကို တိုးစေသလို Grip တွေ အားကောင်းလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ လက်တစ်ဖက်စီကို ၁၅ ကြိမ် , ၄ ကျော့ ကစားပေးရပါမယ်။

(၂) Behind The Back Barbell Wrist Curls

Source : Allmax Nutrition

Behind The Back Barbell Wrist Curls လေ့ကျင့်ခန်းကတော့ လက်ဖျံကြွက်သားတွေကို သန်မာစေမယ့် အကောင်းဆုံး Arm Wrestling Exercise တစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Grip တွေကို သန်မာလာစေမယ့်အပြင် လက်ချောင်းတွေကိုလည်း ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။ ၁၅ ကြိမ် , ၄ ကျော့ ကစားပေးပါ။

(၃) Towel Wringing

Source : Old School Strength

ရိုးရှင်းပြီး လူတိုင်းအလွယ်တကူ အိမ်မှာပဲ ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်တော့ ရေစိုနေတဲ့ တဘက်ကို ရေညှစ်ရမယ့် လေ့ကျင့်ခန်းပုံစံ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက လက်ဖျံကြွက်သားနဲ့ Grip တွေရဲ့ Strength ကို တိုးလာစေဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ကြား ပြုလုပ်နိုင်ပါတယ်။

(၄) Dumbbell Upright Row

Source : PureGym

လက်မောင်းလှဲ ရာမှာ အဓိက အားသုံးရတဲ့ ကြွက်သား အစိတ်အပိုင်းတွေထဲက တစ်ခုကတော့ ပခုံးပါ။ Dumbbell Upright Row လေ့ကျင့်ခန်းက ပခုံးကြွက်သားတွေရဲ့ Stability နဲ့ Strength ကိုတိုးစေပြီး လက်ကောက်ဝတ်တွေကို ပိုမိုကျစ်လစ် သန်မာလာစေဖို့ ကူညီပေးပါတယ်။ ၁၅ ကြိမ် , ၄ ကျော့ ကစားပေးနိုင်ပါတယ်။

Source : Burnlab.co

Featured Photo : GQ