ပိတ်ရက်လေးမှာ အနားယူအပန်းဖြေရင်း မိုဘိုင်းလ်ဂိမ်းလေးတွေ ကစားဖို့ စဉ်းစားနေပါသလား။ တတ်တတ်ကြွကြွနဲ့ ပြိုင်ဆိုင်ပြီး စိတ်လှုပ်ရှားဖွယ် ကစားချင်တယ်ဆိုရင်တော့ ပြေးလမ်းပေါ်မှာ မိုင်ကုန်နင်း နိုင်နင်းနိုင်တဲ့ Racing ဂိမ်း တွေသာ ရွေးလိုက်ပါ။ ဒီနေ့မှာတော့ ကွီးတို့အတွက် iOS ရော Android မှာပါ ကစားလို့ရတဲ့ အလန်းစား Racing ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။

Asphalt 9: Legends

Source : Asphalt

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ Racing ဂိမ်းလေးကတော့ Asphalt 9: Legends ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Ferrari မှ W Motors အထိ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်သော ကားမျိုးစုံရှိပါတယ်။ ဒါ့အပြင် Online Multiplayer နှင့် Career Mode စတဲ့ မတူညီသောမုဒ် နှစ်ခုဖြင့် ကစားနိုင်ပါတယ်။ ပြိုင်ပွဲများက တိုတောင်းပြီး လျင်မြန်သော ပြိုင်ပွဲများဖြစ်ပြီး စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်မှာတော့ အမှန်ပါပဲ။ ဒါ့အပြင် Asphalt 9: Legends ရဲ့ Graphics များကလည်း တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။

F1 Mobile Racing

Source : EA SPORTS F1

ဒီဂိမ်းကတော့ ပြေးလမ်းပေါ်မှာ မိုင်ကုန်နင်း ပြီး Formula 1 ကားပြိုင်ပွဲကို ကိုယ်တိုင်ဝင်ပြိုင်နေသလို ခံစားရစေမဲ့ Racing ဂိမ်းတစ်ခုပါ။ ဒီဂိမ်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် F1 ကားကို တီထွင်ပြီး စိတ်ကြိုက်ပြင်ဆင် ကစားနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းကို ထိန်းချုပ်ရာမှာ ချောမွေ့ပြီး အထူး Graphics များကလည်း ပိုပြီးကစားလို့ကောင်းအောင် ပံ့ပိုးပေးထားပါတယ်။ ဒီဂိမ်းကလည်း ကွီးတို့ကို စိတ်လှုပ်ရှားမှု အပြည့်အဝပေးနိုင်မှာပါ။

Traffic Rider

Source : Touch Gameplay

ဒီဂိမ်းကတော့ ဆိုင်ကယ်ကိုမှ မောင်းချင်ပါတယ်ဆိုတဲ့ ကွီးတို့ အကြိုက်တွေ့စေမဲ့ ဂိမ်းလေး ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး အချိန်မကုန်မီ ပြိုင်ပွဲကို အပြီးသတ်ရန်နှင့် အခြားကားများနဲ့ မတိုက်မိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် ၂၉ စီးမှ ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အသံပိုင်းဆိုင်ရာမှာလည်း တကယ့်ဆိုင်ကယ် အသံများဖြစ်တာကြောင့် ဂိမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ နေ့နဲ့ည ပြောင်းလဲမှုများပါ ပါဝင်တဲ့ Graphics အမိုက်စားတွေနဲ့ ဒီဂိမ်းကလည်း ကွီးတို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။

Need for Speed : No Limits

Source : Need For Speed

Need For Speed ခေါင်းစဉ်ကတော့ ဂိမ်းကစားသူများကြားတွင် အကောင်းဆုံး Racing ဂိမ်းများရဲ့ ရေစီးကြောင်းကို စတင်ခဲ့သော ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခု မိုဘိုင်းလ်ဖုန်းများမှာလည်း ကစားလို့ရတဲ့ ဒီဂိမ်းမှာ စုစုပေါင်း ကား အစီး ၃၀ ပါရှိပြီး စိတ်ကြိုက် အဆင့်မြှင့်ပြီး ကစားနိုင်ပါတယ်။ ဂိမ်းရဲ့ ထိန်းချုပ်မှုများကလည်း ရိုးရှင်းပြီး မတူညီသော ပြိုင်ပွဲအမျိုးအစားများ ပါဝင်ပါတယ်။ ပြိုင်ပွဲများက အချိန်တိုတောင်းပြီး မိနစ်အနည်းငယ်အတွင်း ပြီးဆုံးမှာ ဖြစ်ပါတယ်။

CSR Racing 2

Source : CSR Racing

ဒီ CSR Racing 2 ဂိမ်းကိုတော့ ကွီးတို့က Drag Racing သဘောတရားကို ကြိုက်နှစ်သက်ပါက ပေါ့ပေါ့ပါးပါးနှင့် ပြိုင်ဆိုင်ပြီး ကစားချင်သူများအတွက် စိတ်လှုပ်ရှားဖွယ် ကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာပါဝင်တဲ့ ပန်းတိုင်တွေ အကုန်လုံး ပြီးမြောက်ဖို့ အတွက်တော့ နည်းနည်းခက်ခဲပါတယ်။ ဒါ့အပြင် ဒီဂိမ်းကို Graphics အမိုက်စားတွေနဲ့ ဖန်တီးထားတာကြောင့် တော်တော်များများ အကြိုက်တွေ့စေမှာတော့ သေချာပါတယ်။

စိတ်ဖိစီးမှုတွေ ဖြေဖျောက်ရင်း တစ်ပတ်တာ အမောတွေပြေဖို့ ပြေးလမ်းပေါ်မှာ ဒီဂိမ်းလေးတွေနဲ့ မိုင်ကုန်နင်း လိုက်ရအောင်ဗျာ။

Source : Cashify

Featured Photo : YouTube