ယနေ့ခေတ်တွင် ဖက်ရှင်သည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ကျရောက်နေတဲ့ အားလျော်စွာ ဖက်ရှင်သည် ဦးစားပေးသင့်တဲ့အရာတစ်ခုဖြစ်လာပါတယ်။ နေရာဒေသနှင့်အညီ လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်ခြင်းသည်လည်း ကွီးတို့ကို ဆော်ကြည်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့သည် တော်ကီလည်း ကြွယ်ပြီး ဖက်ရှင် ပါ လန်းနေရင်တော့ Double Kill ပါပဲ။ မဒီလေးတွေ ဝိုင်းဝိုင်းလည်နေလို့ ခါချနေရပါလိမ့်မယ်။

ဒီလိုမျိုး တော်ကီလည်း ကြွယ် ဖက်ရှင် လည်း လန်းပြီး Double Kill ဖြစ်ဖို့ဆိုရင် ကွီးတို့က မင်းသားရှုံးအောင် ဝတ်ဆင်တတ်ဖို့ လိုအပ်ပါမယ်။

မင်းသားရှုံးအောင် ဘယ်လို ဝတ်ဆင်ရမလဲ မသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို ဆက်လက်လေ့လာကြည့်လိုက်ပါ။

အရိုးရှင်းဆုံးကသာ ဖက်ရှင်အကျဆုံးပါ

man fashion

မျက်စိနောက်လောက်အောင် အရောင်တွေ မျိုးစုံအောင် ဝတ်ဆင်ထားတာမျိုး (သို့) ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို ပြိုးပြိုးပြက်ပြက် ဝတ်ဆင်ထားတာတွေက ကွီးတို့ရဲ့ ဖက်ရှင်ကို အတော်ပဲ ကြည့်ရဆိုးစေမှာပါ။ ဒါ့ကြောင့် ဖက်ရှင်အကြောင်း စဥ်းစားတော့မယ်ဆိုတာနဲ့ အကြံအိုက်အောင် စဥ်းစားနေစရာမလိုပါဘူး။ အရိုးရှင်းဆုံးကသာ ဖက်ရှင်အကျဆုံးဆိုတာကို သတိရလိုက်ပါ။

စံနမူနာထားရတဲ့သူက ဘယ်သူဖြစ်မလဲ

man fashion

ကွီးတို့က ဘယ်မင်းသား (သို့) မော်ဒယ်ကို ကြိုက်နှစ်သက်သလဲ။ တစ်ယောက်ယောက်ကို ရွေးလိုက်ပါ။ ထို့နောက် သူ့ရဲ့ ဖက်ရှင်တွေကို လေ့လာကြည့်ပါ။ သူ ဘယ်လိုမျိုး ဝတ်ဆင်လေ့ရှိသလဲ။ သူ ဝတ်ဆင်တဲ့အတိုင်း ရွေးချယ် ဝတ်ဆင်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်က မင်းသား ရှုံးလောက်အောင်ကို ဖက်ရှင်ကျသွားမှာ အမှန်ပါပဲ။

အစစ်အမှန်တွေကို ဦးစားပေးပါ

ဖက်ရှင် Double Kill

အစစ်ဆိုလို့ သိန်းချီပြီး ဈေးက မိုးထိုးနေတဲ့ ဒီဇိုင်နာဘရန်းတွေကို ဝတ်ဆင်ခိုင်းတာ မဟုတ်ပါဘူး။ ကွီးတို့ ဝတ်ဆင်တဲ့ အဝတ်အစားသည် ကွီးတို့ရဲ့ ကွန်းဖီးဒန့်ကို မြှင့်တင်ပေးစေပါတယ်။ ကိုယ်က ဖက်ရှင်တစ်ခုကို ဝတ်ဆင်လိုက်လို့ ဒီဖက်ရှင်နဲ့ ကိုယ်က တစ်သားတည်း ဖြစ်သွားတယ်ဆိုရင် ဒါသည် ကွီးတို့အတွက် စစ်မှန်မှုပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ သိန်းချီတန်အောင် ဝတ်ထားနေပါစေ ကိုယ့်အဝတ်အစားနဲ့ ကိုယ်နဲ့က တစ်သားတည်း ဖြစ်မနေဘူးဆိုရင် ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပါနဲ့

ဖက်ရှင် Double Kill

အဝတ်အစားတွေသည် အဆင်တန်ဆာတစ်မျိုးပဲ ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကွီးတို့ကို ကွန်းဖီးဒန့် တက်လာအောင် ကူညီပေးနိုင်ပါတယ်။​ ကိုယ့်အဝတ်အစားက သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းနေမယ်ဆိုရင် လူပုံအလယ်မှာ ပေါ်လွင်နေမှာပဲဖြစ်ပါတယ်။ အင်္ကျီက ဆယ်ကမ္ဘာလောက် မလျော်ရသေးတဲ့အပြင် မီးပူမတိုက်ထားလို့ တွန့်ကြေနေတဲ့ အဝတ်အစားမျိုးကတော့ ကွီးတို့ကို ကွန်းဖီးဒန့် တက်စေမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံပါ

ဖက်ရှင် Double Kill

ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ဘယ်အမျိုးအစားထဲ​ ပါနေသလဲ။ ကိုယ့် ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်တဲ့ အဝတ်အစားများကို ဝတ်ဆင်ပေးရမှာပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ အသားမဲတယ် (သို့) အသားဖြူတယ်​ (သို့) အသားလတ်သူဆိုရင် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားများကို ရွေးချယ် ဝတ်ဆင်တတ်ဖို့ လိုပါတယ်။

အဝတ်အစားများကို Fitting ကျကျ ဝတ်ဆင်တတ်ပါစေ

ဖက်ရှင် Double Kill

အင်္ကျီပွပွကြီးတွေဝတ်ပြီး ရက်ပ်ပါကြီးလို့ ရှိုးထုတ်ရမယ့်အချိန်က ဆယ်ကျော်သက်အချိန်လောက်ပဲ ကောင်းတာပါ။ အသက်တဖြည်းဖြည်း ရလာသည်နှင့်အမျှ Gentleman ဆန်တဲ့ ဖက်ရှင်ကို ဦးစားပေးဖို့ လိုအပ်လာပါပြီ။ ဒါ့ကြောင့် အဝတ်အစား ပွပွကြီးတွေ ဝတ်မယ့်အစား ကိုယ့်ခန္ဓာကိုယ်နဲ့ Fitting ကျမယ့် အဝတ်အစားများကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

အသက်ကြီးလာလည်း ရှိုးထုတ်လို့ရပါတယ်

ဖက်ရှင် Double Kill

ငါက အဘိုးကြီးဖြစ်လာလို့ ရှိုးထုတ်လို့ မရတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ဖက်ရှင်ဆိုတာ အရွယ်သုံးပါးမရွေး ရှိုးထုတ်ရမယ့် အရာပဲဖြစ်ပါတယ်။ အသက်ရလာလည်း အသက်ရလာသည့်နီးတူ ဖက်ရှင်ကျကျ ဝတ်စားတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသက်ကြီးလည်း မပျက်စီးသေးတဲ့ ဘဲတစ်ဗွေဖြစ်မှာမဟုတ်လား။

ကွီးတို့ရော ဖက်ရှင်ကျဖို့အတွက် ဘယ်လိုမျိုး ရှိုးထုတ်လေ့ရှိပါသလဲ။

Source: Mikadopersonalstyling

Featured Image: Freepik