ချဲလ်ဆီး အသင်းဟာ မြေခွေးတွေနဲ့ အပြောင်းအရွေ့အတွက် သဘောတူညီမှုရခဲ့မယ်ဆိုရင် လက်စတာစီးတီး နောက်ခံလူ ဖိုဖာနာ ကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ တန်ကြေးရှိတဲ့ စာချုပ်တစ်ခုနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာ ခရစ္စတန်ဆန်တို့ ထွက်ခွာသွားပြီးနောက် ချယ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ဗဟို ခံစစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေတာကြောင့် အသက် ၂၁ နှစ်အရွယ် ပြင်သစ်ကစားသမားကို အဓိကပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Photo : We Ain’t Got No History
ဒါပေမယ့် လက်စတာအသင်းကတော့ ပြင်သစ်လူငယ်လက်ရွေးစင်ကို ပေါင် ၈၅ သန်းအောက်နဲ့ ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုဖာနာဟာ ယခုနှစ်မတ်လအတွင်းမှာ လက်စတာစီးတီးအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လက်စတာ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာကလည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် မရှိပဲ လူငယ်ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စိတ်မဝင်ဘူးပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်စတာက ကစားသမားကို ရောင်းချဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ချဲလ်ဆီးအသင်းဘက်က လက်စတာအသင်း သတ်မှတ်ထားတဲ့ ကြီးမာတဲ့ ပြောင်းရွေ့ကြေးကို ပေးချေနိုင်ခဲ့မယ်ဆိုရင် ဖိုဖာနာအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ ပေးဖို့ဆန္ဒရှိနေတဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျအသင်းနဲ့အတူ မြင့်မားတဲ့ လုပ်ခလစာကို ရနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှာ ယခုနှစ် နွေရာသီမှ နာပိုလီအသင်းကနေ ခေါ်ယူထားတဲ့ ကူလီဘာလေအပြင် ဆီနီဂေါလက်ရွေးစင် သီယာဂို ဆေးလ်ဗား ၊ မာလန်ဆား နဲ့ ထရီဗို ချာလိုဘာ့တို့ ရှိနေပါတယ်။ ဒါပေမယ့် နည်းပြ တူချယ်ကတော့ ၎င်းရဲ့ အကြိုက်ဆုံး ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုသွားဖွယ်ရှိနေတာကြောင့် ဟိုခံစစ်အတွက် ကစားသမားတွေ ထပ်မံဖြည်းတင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
Photo : Chelsea News
ဒါကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ ခံစစ်ပိုင်းအားဖြည့်ဖို့အတွက် ကစားသမားတွေကိုရှာဖွေနေပြီး ဒီထဲမှာ ဖိုဖာနာ က အဓိကပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။
ဖိုဖာနာ ဟာ စိန့်အက်တီယန်အသင်းနဲ့ လီဂူးဝမ်းမှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာ လက်စတာကို ပေါင် ၃၆.၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဖိုဖာနာက လက်စတာရှိုင်းယားမှာ ၎င်းရဲ့ပထမဆုံးပွဲဦးထွက်ရာသီမှာပဲ နည်းပြရော်ဂျာရဲ့ အသင်းအတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဖိုဖာနာအတွက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် လူငယ်ကစားသမားကို စိတ်ဝင်စားနေတဲ့ အသင်းတွေအပေါ် ဆွဲဆောင်နိုင်စွမ်းကတော့ လျော့သွားခဲ့ခြင်း မရှိပါဘူး။
Featured Photo : Daily Mail