ကွီးတို့ ဖုန်း ကို လက် ကနေ မချချင်အောင် ဆွဲဆောင်နေတဲ့ ဂိမ်း တွေက ဘာဂိမ်းတွေဖြစ်မလဲ။ ကွီးတို့ စိတ်ညစ်စရာတွေကို အဝေးသို့ လွှင့်စင်သွားအောင် ကူညီပေးနိုင်တဲ့ ဂိမ်းတွေကရော ဘယ်လို ဂိမ်းအမျိုးအစားတွေ ဖြစ်မလဲ။
အခုဖော်ပြပေးမယ့် ဂိမ်းတွေကတော့ ဂိမ်းချစ်သူများက အဆင့် သတ်မှတ်ပေးထားကြတဲ့ ဂိမ်းများပဲဖြစ်ပါတယ်။ ဒီဂိမ်းတွေက ဖုန်း ကို လက် ကနေ မချချင်အောင် ဆွဲဆောင်နေတဲ့ ဂိမ်း တွေဆိုတာ ကွီးတို့ ဆော့ဖူးရင် သိပါလိမ့်မယ်။
ဘယ်လို ဂိမ်းတွေက ဘယ်အဆင့်မှာ ရှိနေကြသလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဆက်ကြည့်လိုက်ပါ။
(၁) Roblox

သိပ္ပံ စိတ်ကူးယဥ် ဂိမ်းတစ်မျိုးဖြစ်ပြီး နင်ဂျာများအပြင် အခြားသော ကာရိုက်တာ ပေါင်းစုံ ပါဝင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ လူကြီးတွေတင် မကပါဘူး။ ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့အတွက်ကြောင့် နံပါတ် (၁) နေရာမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။
(၂) Monopoly Go!

နောက်ထပ် လူကြိုက်များတဲ့ ဂိမ်းကတော့ Monopoly Go! ဂိမ်းပဲဖြစ်ပါတယ်။ ကွီးတို့ ငယ်ငယ်တုန်းက အန်စာတုံး လှိမ့်ပြီး ဆော့ရတဲ့ မိုနိုပိုလီ ဂိမ်းတွေနဲ့ အလားတူပါပဲ။ ဆော့တာ ပျော်ရွှင်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါးလေး ဆော့ကစားနိုင်တဲ့အတွက်ကြောင့် လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။
(၃) Pokémon Go

လူကြိုက်များတဲ့ မိုဘိုင်းလ်ဂိမ်းတွေထဲမှာ Pokémon Go ကလည်း တစ်ခုအပါအဝင်ပါပဲ။ တကယ့် ကမ္ဘာ အစစ်အမှန်ထဲမှာ လျှောက်သွားရင် ပိုကီမွန် အကောင်လေးတွေကို ဖမ်းယူရတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဂိမ်းလည်း ဆော့ဖြစ် လေ့ကျင့်ခန်းလည်း လုပ်ဖြစ်တာပေါ့။
(၄) Candy Crush Saga

၂၀၁၂ ကတည်းက နာမည်ကြီးလာလိုက်တာ အခုထက်ထိ နာမည်ကြီးတဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ နံပါတ် (၄) နေရာမှာ ရပ်တည်နေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
(၅) Clash of Clans

Supercell က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ကိုယ့် လူမျိုးစုကို ကြီးမားလာအောင် ဖန်တီး ဆော့ကစားကာ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး အတူတူ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
(၆) Clash Royale

နံပါတ် (၆) နေရာမှာ ရပ်တည်နေတဲ့ ဂိမ်းကတော့ Clash Royale ပဲဖြစ်ပါတယ်။ သူ့ကိုလည်း Supercell ကပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကတ်ဂိမ်း ဆော့ကစားချင်တဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။
(၇) Candy Crush Soda Saga

နောက်ထပ် လူကြိုက်များတဲ့ ဂိမ်းကတော့ Candy Crush Soda Saga လို့ခေါ်တဲ့ ဂိမ်းပါပဲ။ Candy Crush ဆော့ရတာ ကြိုက်တယ်ဆိုရင်တော့ ဒီဂိမ်းကိုလည်း ကွီးတို့ ကြိုက်ပါလိမ့်မယ်။
(၈) Coin Master

Adventure Game အမျိုးအစားတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် ရွာငယ်တစ်ခုကို တည်ထောင်ကာ အခြားရွာက အခြားသော ကစားသမားများနဲ့ အပြိုင် တိုက်ခိုက်ရမှာဖြစ်ပါတယ်။
ကွီးတို့ကတော့ ဒီ List ကို ကြည့်ပြီး အံ့အားသင့်သွားကြမှာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ လူကြိုက်များတဲ့ ဂိမ်းတွေထဲမှာ အက်ရှင် ဂိမ်းတွေက နည်းနည်းလေးပဲ ပါလို့ပါ။ ဒါပေမဲ့ အခုဖော်ပြသွားတဲ့ ဂိမ်းတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ကွီးတို့လည်း တစ်ခါ ဆော့ဖူးတာ စွဲသွားလွန်းလို့ မနည်း ပြန်ဖျက်လိုက်ရတယ် မဟုတ်လား။ မညာချင်စမ်းပါနဲ့ဗျာ။
Source: Similarweb
Featured Image: 5ca.com
