ဝမ်းဗိုက်ဟာ အဆီစုလွယ်သလောက် အဆီပိုတွေကို ဖယ်ရှားရာမှာ အခက်အခဲဆုံး ဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုလာရင် ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းပြီး လှုပ်ရှားသွားလာရ ခက်ခဲလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ဝမ်းဗိုက်က အဆီပိုတွေကို ဖြုတ်ချပြီး ဗိုက်ကြွက်သား တွေ ထွက်လာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) Plank
Photo : Men’s Health
ဗိုက်ကြွက်သား ထွက်လာဖို့ Plank လေ့ကျင့်ခန်းတွေကိုလည်း မေ့မထားသင့်ပါဘူး။ Plank ထောက်တဲ့အခါ ဝမ်းဗိုက်ကို တင်းကြပ်စွာ ထိန်းထားရတာ ဖြစ်တဲ့အတွက် Abs ကြွက်သားတွေကို တော်တော်လေး ထိရောက်မှု ရှိစေပါတယ်။
(၂) Mountain Climbers
Photo : BarBend
အမိုက်စား Six Pack ဗိုက်ကြွက်သား ထွက်ချင်တဲ့ ကွီးတွေ သေချာပေါက် လုပ်ရမယ့် လေ့ကျင့်ခန်း တစ်ခုပါပဲ။ Pushup Position အတိုင်း ဒူးတွေကို ဆန့်ကျင်ဘက် လက်ဆီသို့ တလှည့်စီ ဆွဲကပ်ပေးရပါမယ်။ လေ့ကျင့်ခန်း လုပ်နေစဉ် တစ်လျှောက်လုံးမှာ ခါးကုန်းနေတာမျိုး မဖြစ်စေပဲ တင်ပါးကို နှိမ့်ထားရပါမယ်။
(၃) Side Plank
Photo : Verywell Fit
Side Plank ကတော့ ဗိုက်ကြွက်သားတွေ အတွက်အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ဘေးတိုက်အနေအထား သက်တောင့်သက်သာ လှဲလျောင်းပြီး လက်ဖျံနဲ့ ခြေထောက်တွေကို အားပြုကာ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိထားပေးပါ။ ခန္ဓာကိုယ်ကို မျဉ်းဖြောင့်အတိုင်း ရှိနေစေဖို့ ထိန်းထားရပါမယ်။
(၄) Flutter Kick
Photo : Endomondo
ဝမ်းဗိုက်အောက်ပိုင်းက အဆီပိုတွေကို ဖြုတ်ချဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းက Flutter Kick ပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားအပြင် တင်ပါးဆုံကြွက်သားတွေကိုလည်း သန်မာစေမှာ ဖြစ်ပါတယ်။
(၅) Bicycle Crunch
Photo : Endomondo
Bicycle Crunch လေ့ကျင့်ခန်းက ဗိုက်က အဆီပိုတွေကို ကျစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါပဲ။ ပေါင်နဲ့ တင်ပါးဆုံ ကြွက်သားတွေကိုလည်း ထိရောက်မှုရှိပြီး ဗိုက်ကြွက်သားပြင် တစ်ခုလုံးကို ကြံ့ခိုင်သန်မာစေဖို့ ကူညီပေးပါတယ်။
Source : Men’s Health
Featured Photo : Muscle & Fitness