ကွီးတို့က ဗိုက်ရွှဲရွှဲကြီးဖြစ်နေတဲ့ ဘီးကျဲကြီးလား၊ ဒါမှမဟုတ် မော်ဒယ်လ်လိုမျိုး ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတာလား။ ဗိုက်ရွှဲ ရွဲကြီးနဲ့ဆိုရင်တော့ မဒီလေး တွေက လှည့်တောင် ကြည့်မှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ မဒီလေးတွေ စိတ်ဝင်စားတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source: Menshealth
ခြေထောက်နှစ်ဖက်ကို စုံလိုက် အပေါ်သို့ မြှောက်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဝမ်းဗိုက်ရှိ အဆီပိုများကို ယူပစ်သလို ပျောက်သွားစေမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
Source: Gifdb
ဝမ်းဗိုက် ညှစ်အားကို အသုံးပြုပြီး ခြေထောက်နှစ်ဖက်ကို စက်ဘီးစီးသလို တွန်းလိုက် ဆွဲလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ သူ့ကိုလည်း စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Pinterest
ဝမ်းဗိုက် ကြွက်သားကို အသုံးပြုပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်လိုက် အောက်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ ဗိုက်ရွှဲ နေတဲ့ ကွီးတို့အတွက် မဒီလေး တွေကို Six-Packs နဲ့ ဆွဲဆောင်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Pinterest
ပုံထဲကအတိုင်း ဘယ်တံတောင်နဲ့ ညာဒူးကို ထိလိုက်၊ ညာတံတောင်နဲ့ ဘယ်ဒူးကို ထိလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
Source: Flab Fix
ဒီလေ့ကျင့်ခန်းလေးကလည်း ဝမ်းဗိုက် ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ခြေမျက်စိကို ထိကပ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆)
Source: Menshealth
ခန္ဓာကိုယ်ကို ဘေးတစ်ခြမ်းစောင်းကာ ပုံပါအတိုင်း လုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ်ဘက်ကို စောင်းပြီး ၁၅ ကြိမ် ပြုလုပ်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ စောင်းကာ ၁၅ ကြိမ် ပြုလုပ်ပါ။ ဒါဆိုရင်တော့ ၁ ကျော့ ပြီးသွားပါပြီ။
ထိုနည်းအတိုင်း နောက်ထပ် ၃ ကျော့ ဆက်လက်ပြုလုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်မယ်ဆိုရင်တော့ ဗိုက်ရွှဲ ရွှဲကြီးကနေ Six-Packs တွေ ထွက်လာပြီး မဒီလေး တွေလည်း စိတ်ဝင်စားလာမှာပဲဖြစ်ပါတယ်။
Featured Image: BOXROX