စပိန် လက်ရွေးစင် နောက်ခံ ကစားသမား ပါအူ တောရက်စ် ဆိုတာ ဥရောပ ထိပ်သီး ကလပ်အသင်းတွေရဲ့ ရေဒါထဲမှာ အမြဲ ပါဝင်နေတတ်သော အထူးသဖြင့် ပရီးမီးယားလိဂ် ကြီး (၆)ကြီး အသင်းတွေ စိတ်ဝင်စားနေရသော ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ဒီကစားသမားကို အရ ခေါ်ယူသွားခဲ့တဲ့ အသင်းကတော့ အက်စတွန် ဗီလာ

torres

Photo Credit : Aston Villa FC

ဗီလာရီးယဲလ်လို အသင်းမျိုးကနေ ဒီထက်မက အမြင့်ပျံဖို့ အခွင့်အရေးတွေ များစွာ ရှိပေမယ့်လည်း ဗီလာရီးယဲလ်လောက် ဥရောပ အတွေ့အကြုံတောင် မရှိတဲ့ ဗီလာလို အသင်းမျိုးဆီ တောရက်စ် ရောက်လာခဲ့တာက သူရဲ့ ဆရာဟောင်း အူနိုင်း အမ်မရီကြောင့်ဆိုတာ သေချာပါတယ်။ နည်းပြ အမ်မရီ နဲ့ တောရက်စ်တို့က ဗီလာရီးယဲလ်မှာ အတူ လက်တွဲခဲ့တဲ့ ဆရာတပည့်တွေ ဖြစ်ပြီး ၂၀၂၀-၂၁ ဘောလုံးရာသီမှာလည်း ဗီလာရီးယဲလ်နဲ့အတူ ယူရိုပါလိဂ်ဖလားကို အတူတကွ ဆွတ်ခူးခဲ့ပါသေးတယ်။

unai emery

Photo Credit : Aston Villa FC

အမ်မရီက ဗီလာရီးယဲလ်ကနေ အက်စတွန် ဗီလာအသင်းဆီကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နှောင်းပိုင်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗီလာကို အကောင်းဆုံး ပုံစံ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ရာသီအကုန်မှာ အဆင့် (၇)နေရာ ရပ်တည်ခဲ့ရလို့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်ကိုပါ ဝင်ခွင့် ရရှိခဲ့ပါသေးတယ်။ အာဆင်နယ် ပီအက်စ်ဂျီ ဆီဗီလာ နည်းပြဟောင်း အမ်မရီကသူရဲ့ နည်းပြ အတွေ့အကြုံကောင်းတွေနဲ့ ဗီလာကို အသင်းကောင်း တစ်သင်း ပုံစံဖြစ်လာအောင် တဖြည်းဖြည်း ပုံသွင်းလာနိုင်ခဲ့ပါတယ်။

pau torres

Photo Credit : Suara

အခုလည်း သူရဲ့ တပည့်ဟောင်း တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို (၃၂.၅)သန်း + အပိုုဆုကြေး ယူရို (၅)သန်းဆိုတဲ့ တန်ကြေးလေးနဲ့ အရ ခေါ်ယူလိုက်နိုင်ပြီး တောရက်စ် မတိုင်ခင်မှာလည်း ပရီးမီးယားလိဂ်က အသင်းကြီးတိုင်း ခေါ်ယူချင်နေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ကိုပါ လက်စတာကနေ အလွတ်နဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ ဒါကြောင့် လာမယ့် ရာသီမှာ ဥရောပ ဘောလုံးနယ်ပယ်ထိ ယှဉ်ပြိုင်ရတော့မယ့် ဗီလာက ဝက်စ်ဟမ်းလို ကွန်းဖရန့်စ်လိဂ်မှာလည်း အောင်မြင်နိုင်မလား ပရီးမီးယားလိဂ်မှာရော အသင်းကြီးတွေကို ဆက်လက် ဒုက္ခပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : Sky Sports