ကိုယ့်ရဲ့ စမတ်ဖုန်းက အသစ်လဲမှရတော့မယ့် အခြေအနေမျိုးဖြစ်နေပြီး ဘက်ဂျက်အခြေအနေကလည်း အများကြီး မသုံးချင်ဘူးဆိုတဲ့ ကွီးတို့အတွက် ဘက်ဂျက် နည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့်တဲ့ Android ဖုန်းအချို့ ရှိပါတယ်။ ကွီးတို့အနေနဲ့ ဘက္ထရီ ကြာရှည်ခံမှုပိုင်းကိုပဲ ဦးစားပေးချင်သလား (သို့) ဖုန်းရဲ့ သွက်လက်မြန်ဆန်မှုပိုင်းကိုပဲ ဦးစားပေးချင်သလား၊ ဒါမှမဟုတ် ဒီဇိုင်းပိုင်းကို အသားပေးချင်သလား။ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး ရွေးချယ်စရာ အမျိုးမျိုးရှိပါတယ်။

OnePlus Nord N20

OnePlus Nord N20

Photo: OnePlus

သူ့ရဲ့ ဒီဇီုင်းပိုင်းကဆိုရင် Classic ဆန်တဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ သူ့ရဲ့ စခရင်မ်က 1080p OLED စခရင်မ်လေးဖြစ်ပြီး In-Display Fingerprint Reader လေး ပါဝင်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ ဒီဖုန်း မော်ဒယ်အမျိုးအစားသည် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၅ အထိ သုံးနှစ်တာ Security Update များကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ROM ပိုင်းအနေနဲ့ကတော့ 6GB RAM နှင့် 128 GB Storage ရှိပါတယ်။ ဘက္ထရီကတော့ 4500mAh ဖြစ်တာကြောင့် ပြောစရာမလိုအောင် ကောင်းပါတယ်။

Samsung Galaxy A13

Samsung Galaxy A13

Photo: Shop.com.mm

ကွီးတို့အနေနဲ့ Samsung ထဲက ရွေးချယ်ချင်တယ်ဆိုရင်တော့ Samsung Galaxy A13 ကို ရွေးချယ်နိုင်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ Software Update ပိုင်းကိုလည်း လေးနှစ်တာ Update ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ Samsung က အာမခံထားပါသေးတယ်။ သူ့အရောင်တွေကတော့ အနက်ရောင်၊ အပြာရောင်၊ အစိမ်းရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ လာပါတယ်။

ကင်မရာကလည်း အမိုက်စား မှန်ဘီလူးများကို အသုံးပြုထားတာဖြစ်တဲ့ အတွက်ကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူတွေအတွက် ဒီဖုန်းလေးက ဘက်ဂျက် နည်းနည်းနဲ့ ရွေးချယ်သင့်တဲ့ Android ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့လည်း ပြောစရာမလိုတဲ့အပြင် ဘက္ထရီကလည်း ကြာရှည်ခံတဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Google Pixel 6a

ဘက်ဂျက် Android

Photo: Bestproducts

Flagship ဖုန်းတွေရဲ့ Features မျိုးပါပြီး ဘက်ဂျက် လည်း မမြှောက်လွန်းတဲ့ Android ဖုန်းမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Google Pixel 6a ရှိပါတယ်။ သူ့မှာ နောက်ဆုံးပေါ် Software ကို အသုံးပြုထားပြီး စခရင်မ်ကလည်း အမိုက်စားပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ဖုန်းရဲ့ ကင်မရာကလည်း သူ့ထက် ဈေးနှစ်ဆလောက် ပေးရတဲ့ ဖုန်းကင်မရာတွေ နီးနီးကို ကောင်းပါတယ်။ Google ကလည်း သူ့ရဲ့ Software နှင့် Security Updates အတွက်ကို ၂၀၂၇ နွေဦးအထိ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ထိုမော်ဒယ် အမျိုးအစားရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၄၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Samsung Galaxy A03s

ဘက်ဂျက် Android

Photo: Shop.com.mm

ဒီအမျိုးအစားကတော့ အခုဖော်ပြသွားတဲ့ အမျိုးအစားအားလုံးထဲမှာမှ ဈေးအသက်သာဆုံး မော်ဒယ် အမျိုးအစားလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့ တန်ဖိုးက ဒေါ်လာ ၁၇၃ နှင့် ၂၀၀ ကြားဖြစ်ပါတယ်။ စောစောက ဖော်ပြခဲ့တဲ့ Galaxy A13 နဲ့ နှိုင်းယှဥ်ရမယ်ဆိုရင်တော့ ကင်မရာပိုင်းက A13 လောက် မကောင်းတာကတော့ သူ့ရဲ့ အားနည်းချက်ပါပဲ။ ဒါ့အပြင် Galaxy A13 လိုမျိုး 5G ကို Support မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဘက္ထရီ ကြာရှည်ခံချိန်ကတော့ အကောင်းတကာ့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒီလို ဈေးနှုန်းမျိုးနဲ့ဆိုရင်တော့ ဝယ်ရတာ တန်တယ်လို့ ပြောရမှာပါပဲ။ ဒါ့အပြင် Software Updates ပိုင်းကိုလည်း ၂၀၂၆ အထိ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ Samsung က ကြေညာထားပါတယ်။

Source: Nytimes

Featured Image: Nytimes