ဈေးနှုန်း အသင့်အတင့်နဲ့ ရုံးသုံးကျောင်းသုံး တက်ဘလက် ကောင်းကောင်းတစ်လုံး ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်စရာများစွာထဲက သင့်တော်တဲ့ အချို့ကို ပြောပြပေးချင်ပါတယ်။ အခုပြောပြမယ့် အလုံးတွေက ဈေးသက်သာပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ လျှော့တွက်လို့ မရတဲ့ ခပ်မိုက်မိုက် တက်လဘက်လေးတွေပါ။ ဘယ်အမျိုးအစာ‌တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Samsung Galaxy Tab A9+

Samsung Galaxy Tab A9+

Photo : Android Police

Samsung Galaxy Tab A9+ တက်ဘလက် ကတော့ ဒီနှစ် အစောပိုင်းတုန်းက ထွက်ရှိခဲ့တာပါ။ Performance ပိုင်း တော်တော်လေးမိုက်ပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းသလို Tab A9+ ပါတဲ့ Speakers တွေကလည်း လုံးဝ အမိုက်စားပါပဲ။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ ဝန်းကျင်ခန့်ပဲ ရှိပေမယ့် ဈေးပေါပေါ တက်ဘလက်တစ်လုံးလို ဖီလင်မျိုး လုံးဝမရမယ့် အမိုက်စား တက်ဘလက်ပဲ ဖြစ်ပါတယ်။

(၂) Xiaomi Pad 6

Xiaomi Pad 6

Photo : Android Police

ဒေါ်လာ ၃၅၀ ဝန်းကျင် ထဲကဆိုရင် Xiaomi Pad 6 ရှိပါတယ်။ ပေးရတဲ့ ဈေးထက်ပိုတန်တဲ့ Powerful ဖြစ်တဲ့ Hardware တွေကို ပေးထားပြီး Snapdragon 870 Chipset မောင်းနှင်ထားပါတယ်။ တက်ဘလက် ရဲ့ အထူ ၆.၅ မီလီမီတာသာ ရှိတာဆိုတော့ ပါးပါးကျစ်ကျစ်နဲ့ ဘယ်နေရာသွားသွား အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ ဒီဇိုင်းမျိုး ရှာနေတယ်ဆိုရင် Xiaomi Pad 6 က သေချာပေါက် စဉ်းစားစရာပါပဲ။

(၃) Lenovo Tab P11 Pro Gen 2

Lenovo Tab P11 Pro Gen 2

Photo : Android Police

Budget-Friendly ဖြစ်တဲ့ တက်ဘလက် တွေအကြောင်း ပြောတဲ့အခါ Lenovo Tab P11 Pro Gen 2 ကတော့ သေချာပေါက် ထည့်ပြောရမှာ ဖြစ်ပါတယ်။ အမိုက်စား OLED Display ကို သုံးပေးထားပြီး Color Coverage ကလည်း တော်တော်လေး Impressive ဖြစ်စရာပါ။ HDR10+ Support ပေးထားပြီး Refresh Rate 120Hz အထိ ထောက်ပံ့ပေးထားပါတယ်။ စွမ်းဆောင်ရည်မိုက် ၊ Speakers တွေကလည်း ရှယ်လန်းပါ။ ဒေါ်လာ ၄၀၀ ဝန်းကျင်မှာတော့ Lenovo Tab P11 Pro Gen 2 က ပေးရတဲ့ဈေးနဲ့ အတန်ဆုံး အမိုက်စား အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

(၄) Redmi Pad SE

Redmi Pad SE

Photo : Android Police

Snapdragon 680 SoC နဲ့ 8GB RAM ပါတဲ့ Xiaomi ရဲ့ Redmi Pad SE ကတော့ ဘတ်ဂျတ် တက်ဘလက် စာရင်းထဲမှာ လုံးဝကို ထည့်စဉ်းစားရမယ့် တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ရှိပေမယ့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်ပြီး ဈေးတန်းတူ အခြားတက်ဘလက် မော်ဒယ်တွေနဲ့ ကောင်းကောင်းကြီး ယှဉ်ဖိုက်နိုင်တဲ့ တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ အမိုက်စား စွမ်းဆောင်ရည် ၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းမှာရှိတဲ့ Redmi Pad SE ကတော့ ဘတ်ဂျတ်အများကြီး မသုံးပဲ တက်ဘလက်ကောင်းကောင်း ရှာနေတဲ့ ကွီးတို့ လုံးဝအကြိုက်တွေ့ စေမှာ သေချာပါတယ်။

Source : Android Police

Featured Photo : Mint Lounge