အာဆင်နယ်တိုက်စစ်မှူး မာတီနယ်လီ ဟာ ယခုအပတ် ဘရာဇီးလ် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း နောက်ထပ်အဆင့်တစ်ခုကို တက်ရောက်ပြီး အသင်းဖော် တွေနဲ့ နည်းပြကို အထင်ကြီးစေခဲ့ပါတယ်။

Martinelli in Brazil's training session

Photo: Metro

အသက် ၂၀ အရွယ်တိုက်စစ်မှူးဟာ ဘရာဇီးလ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လူစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့က ချီလီကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင် ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့် ရရှိထားပြီးဖြစ်တာကြောင့် မာတီနယ်လီအနေနဲ့ ဗုဒ္ဓဟူးနေ့ ဘိုလစ်ဗီးယားနဲ့ ကစားရမယ့် နောက်ဆုံးခြေစစ်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေထဲက တစ်ခုမှာ အံ့မခန်းစွမ်းဆောင်ရည် ပြသခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်နည်းပြ တီထီကို လူစာရင်းရွေးချယ်ရာမှာ ခေါင်းခြောက်စေခဲ့ပြန်တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ မာတီနယ်လီဟာ အလွန်ကောင်းမွန်တဲ့ အနီးကပ် အဆုံးသတ်မှုနဲ့ ၂ ဂိုး သွင်းယူပေးခဲ့ပြီး ၎င်းကို ကပ်ထားတဲ့ ကစားသမားတွေဆီကနေ လွတ်မြောက်ဖို့အတွက်လည်း အံ့မခန်းစွမ်းရည် ၂ ကြိမ်အထိ ပြသသွားခဲ့တာဖြစ်ပါတယ်။

Brazil team celebrated

Photo: Twitter

မာတီနယ်လီဟာ ချီလီနဲ့ပွဲတုန်းက ပွဲဦးထွက် ကစားခဲ့ရာမှာ တောက်ပနေခဲ့ပုံပေါ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အခွင့်အရေးမရှိတော့တဲ့ ဘိုလစ်ဗီးယားနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပွဲကစားချိန် ပိုမို ရရှိလိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

Featured Photo: Metro