နွေရောက်ပြီဆိုတော့ ပေါ့ပါးလွတ်လပ်တဲ့ ဘောင်းဘီအတို ဖက်ရှင်တွေနဲ့ ထုတ်ဝတ်ဖို့ အချိန်ကျပါပြီ။ ဘောင်းဘီအတို ဖက်ရှင် တွေက ဝတ်ရတာ သက်တောင့်သက်သာနဲ့ လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေး တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် အချိုးအစားချင်း မတူညီတာကြောင့် ကိုယ့်ရဲ့ ဘော်ဒီအချိုးအစား ပေါ်မူတည်ပြီး အံ့ဝင်ခွင်ကျ ဖြစ်မဖြစ် သိနိုင်ဖို့ ဘောင်းဘီအတို ဖက်ရှင် တွေ မဝယ်ခင်မှာ အစမ်းဝတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ကွီးတို့အနေနဲ့ ဒီနွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်အကျ ဆုံး ရှိုးထုတ်နိုင်ဖို့ ဘောင်းဘီအတို ဖက်ရှင် ဝတ်ဆင်နည်း ၃ မျိုးကို မျှဝေပေးချင်ပါတယ်။
(၁) Causal စတိုင်
Photo : The Trend Spotter
ဘောင်းဘီအတို ဖက်ရှင်တွေကို ပေါ့ပေါ့ပါးပါးရှိတဲ့ Causal စတိုင် ဝတ်မယ်ဆိုရင် Chambray Shirt နဲ့ အောက်ခံအင်္ကျီကို ရိုးရိုးပြောင် T-shirt တွေနဲ့ တွဲဝတ်လို့ ရပါတယ်။ Espadrilles ဒါမှမဟုတ် Boat Shoes တွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်း အားဖြင့် ကွီးတို့ကို ပုံမှန်ထက်ပိုပြီး ဆွဲ ဆောင်မှု ရှိနေစေမှာ ဖြစ်ပါတယ်။
(၂) Smart Casual စတိုင်
Photo : The Trend Spotter
ပေါ့ပေါ့ပါးပါး ပွဲတက် ဖက်ရှင် အတွက် Smart Casual စတိုင် ဝတ်မယ်ဆိုရင် Chino ဘောင်းဘီ အတို နဲ့ ရိုးရှင်းတဲ့ Dress Shirts တွေ တွဲဖက်ဝတ်ဆင်နိုင်ပြီး အပေါ်ထပ်အနေနဲ့ Blazer ဒါမှမဟုတ် ဆွယ်တာအပါး ကုတ်တွေ ထပ်ဝတ်နိုင်ပါတယ်။ Loafers နဲ့ Sneakers တွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ စမတ်ကျကျနဲ့ စတိုင်အမိဆုံး Smart Casual စတိုင် ကိုရရှိစေမှာ ဖြစ်ပါတယ်။
(၃) Sporty စတိုင်
Photo : The Trend Spotter
Sporty Luxe ဆိုတာကတော့ သဘာဝဆန်ဆန်နဲ့ စတိုင်ကျမှုကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်စတိုင် တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်မျိုး ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ အားကစား လုပ်ရာမှာသာမက ထသွားထလာ Daily ဖက်ရှင်တစ်ခုအနေနဲ့ပါ ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ အားကစား ဘောင်းဘီအတို တွေကို Bomber Jackets ၊ White Trainers ဖိနပ် ၊ ဘေ့စ်ဘောဦးထုပ်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး နွေရာသီမှာ စတိုင်အကျဆုံး ဝတ်ဆင်နိုင်မယ့် ဘောင်းဘီအတို ဖက်ရှင် စတိုင်တစ်ခု ဖြစ်ပါတယ်။
Featured Photo : HiConsumption