ခရီးသွားရတာကို ကွီးတို့တော်တော်များ ကြိုက်နှစ်သက်ကြမှာပါ။ ဘော်ဒါတွေနဲ့ Chill ရင်း ခရီးထွက်ရရင်တော့ အမိုက်ဆုံးပဲပေါ့။ ကွီးတို့ဘော်ဒါတွေနဲ့ အတူတူ ခရီးသွားခြင်းက ပျော်ရွှင်ဖွယ်ကောင်းပြီး ကွီးတို့တစ်သက်လုံး အမှတ်ရနေမယ့် အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်ရုံသာမက ကွီးတို့ရဲ့ ခင်မင်မှုကို ပိုမို ခိုင်မာလာစေပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုများလည်း ပိုမိုရရှိ လာစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ဘော်ဒါတွေနဲ့ Chill ဖို့ အမိုက်စား ခရီးသွားနေရာလေးတွေ ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ငွေဆောင်

ဘော်ဒါတွေနဲ့ Chill

Photo : Discovery DMC

ကွီးတို့ရေ ကျွန်တော်တို့ နိုင်ငံမှာလည်း ခရီးသွားဖို့ လှပတဲ့နေရာ အများအပြားရှိပါတယ်။ ဘော်ဒါတွေနဲ့ မြန်မာပြည်အနှံ့ ကြိုက်တဲ့နေရာကို ခြေဆန့်နိုင်သော်လည်း Chill  ရင်းလွင့်ချင်တယ်ဆိုရင် ကမ်းခြေတွေကို ရွေးချယ်ခြင်းက စိတ်ကူးကောင်းပါပဲ။ ကျွန်တော်တို့ဆီမှာ လှပတဲ့ကမ်းခြေ တော်တော်များများ ရှိတာကြောင့် ကွီးတို့ မရောက်ဖူးသေးတဲ့ ကမ်းခြေကို သွားရောက်လည်ပတ်လို့ ရပါတယ်။ စာရေးသူက ငွေဆောင် ကမ်းခြေကို ညွှန်းချင်ပါတယ်။ ကမ်းခြေမှာ ကွီးတို့ အုပ်စုလိုက် ရေပဲကစားကြမလား ၊ သဲသောင်ပြင်မှာ စနောက်ပြေးလွှားရင်း ပင်လယ်စာတွေပဲ မြည်းစမ်းကြမလား ၊ ညနေဘက် နေဝင်ဆည်းဆာအောက်က အဖျော်ယမကာလေး သောက်ရင်း စကားစမြည် ပြောကြမလား တကယ်ကို ပျော်စရာကောင်းစေမှာ အမှန်ပါပဲ။

ဒေလီ

Photo : Treebo Hotel

အိန္ဒိယနိုင်ငံ ဒေလီမြို့ကလည်း ကွီးတို့ ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး Nightlife မှာ Chill ဖို့ နေ‌ရာ‌ကောင်းပါပဲ။ ဒေလီမှာ လေ့လာစရာ ထင်ရှားကျော်ကြားတဲ့ နေရာများအပြင် ခမ်းနားတဲ့  အဆောက်အဦး များစွာလည်း ရှိပါတယ်။ ဒ့ါအပြင် ဒေလီမှာ မရေမတွက်နိုင်တဲ့ ဘား အမိုက်စားတွေ ၊ ကလပ်တွေ ၊ ကော်ဖီဆိုင်တွေနဲ့ ပြည့်နှက်နေပြီး ပေါ့ပေါ့ပါးပါး လည်ပတ်လို့ ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါ့အပြင် အိန္ဒိယ Street Foods တွေကလည်း မြည်းစမ်းကြည့်ချင်စရာ များပြားစုံလင် လှပါတယ်။ လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဒေလီမြို့က ခရီးသွားများအတွက် မတူညီတဲ့ ရသနဲ့ ခံစားမှု အသစ်ကို ပေးစွမ်းနိုင်တယ်ဆိုလည်း မမှားပါဘူး။

ချင်းမိုင်

ဘော်ဒါတွေနဲ့ Chill

Photo : Urlaybsguru

ကွီးတို့က ဘော်ဒါတွေနဲ့ ပြည်ပလည်း ခရီးထွက်ချင်တယ် ၊ ဒါပေမယ့် နီးနီးနားနားပဲ သွားချင်တယ်ဆိုရင် ထိုင်းနိုင်ငံက ချင်းမိုင်ကိုသာ ရွေးချယ်လိုက်ပါ။ ချင်းမိုင်က တောင်ခြေမှာ ရှိတဲ့ မြို့ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် တတ်ကြွတဲ့ ပွဲတော်များ ၊ ဘုရားစေတီများ ၊ လှပတဲ့ Night Markets နဲ့ အရသာရှိတဲ့ ရှူးရှူးရှဲရှဲ ထိုင်းအစားအစာများကို မြည်းစမ်းကြည့်လို့ ရပါတယ်။

မော်ဒိုက်

ဘော်ဒါတွေနဲ့ Chill

Photo : The CEO Magazines

ဘော်ဒါတွေနဲ့အတူ မျက်စိတစ်ဆုံးမြင်နေရတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးနဲ့ မိုးကုတ်စက်ဝိုင်းကို ရှုစားရင်း ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးချင်ပါသလား။ ဒါဆိုရင်တော့ တစ်ကယ်ကို လှပတဲ့ မော်ဒိုက် ရှိပါတယ်။ မော်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာတွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံ ဖြစ်ပါတယ်။ သီရိအင်္လကာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပါတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့အတူ မော်ဒိုက်မှာ  စိမ်းလန်းစိုပြေသော အပူပိုင်းဒေသ ရှုခင်းများ ၊ အဖြူရောင် သဲကမ်းခြေများ ၊ ကြည်လင်ပြတ်သားသော ပင်လယ်ရေများနှင့် သန္တာကျောက်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာနိုင်ပြီး အပန်းလည်း‌ ဖြေနိုင်ပါတယ်။ မော်ဒိုက်မှာ တည်းခိုဖို အမိုက်စား Resort ရှိတာကြောင့် ဘော်ဒါတွေနဲ့ အေးဆေး Chill ဖို့ နေရာကောင်း တစ်ခုပါပဲ။

လန်ဒန်

Photo : Planetohotels

ကွီးတို့ ဘော်ဒါတွေနဲ့ ခရီးသွားဖို့ အားလပ်ရက်ပိုရတယ် ၊ ဘတ်ဂျက်ပိုသုံးဖို့ စဉ်းစားထားရင် လန်ဒန်မြို့က ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးမြို့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသော လန်ဒန်မြို့က ဆွဲဆောင်မှုရှိသော နေရာများ ၊ ခရီးသွားများကြားတွင် ကျော်ကြားနဲ့ နေရာများစွာဖြင့် ပြည့်နှက်နေပြီး သူငယ်ချင်းများနှင့် ခရီးသွားဖို့ ထိပ်တန်းနေရာများထဲမှ တစ်ခုဆိုလည်း မမှားပါဘူး။ လန်ဒန်ကဲ့သို့ အဓိက စီးပွားရေး ၊ ယဉ်ကျေးမှုနှင့် သမိုင်းဝင် အချက်အချာကျသော မြို့တစ်မြို့က ကွီးတို့ကို တစ်သက်လုံး အမှတ်ရစေမည့် လှုပ်ရှားမှုများ၊ အတွေ့အကြုံများစွာနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကွီးတို့ရေ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး Chill ရင်း အမိုက်စား အခိုက်အတန့်လေးတွေ ဖန်တီးဖို့ဆိုရင် အတူတကွ ခရီးတစ်ခေါက်လောက်တော့ အတူတူထွက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

Source : Travel Triangle

Featured Photo : Home To Go