ဝက်စ်ဟမ်း ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဟယ်ရီ မက်ဂွိုင်းယား နဲ့ တွမ်မီနေးတို့ နှစ်ဦးကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ရာ တွမ်မီနေးအတွက် ကမ်းလှမ်းမှုက ပယ်ချခဲ့ပေမယ့်လည်း မက်ဂွိုင်းယားအတွက် ပေါင် သန်း(၃၀)တန် ကမ်းလှမ်းမှုကိုတော့ မန်ယူနိုက်တက်ဘက်က လက်ခံသွားခဲ့ပြီး သဘောတူညီမှုလည်း ရရှိသွားခဲ့ပါတယ်။

maguire manutd

Photo Credit : CNN

အသက် (၃၀)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဗဟို ခံစစ် ကစားသမား မက်ဂွိုင်းယား က ၂၀၁၉ခုနှစ်ကမှ လက်စတာကနေ မန်ယူနိုက်တက်အသင်းဆီ ခံစစ် ကစားသမားတွေထဲ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဂွိုင်းယားက ယူနိုက်တက်ကို မရောက်ခင် လက်စတာမှာ ကစားခဲ့စဉ် သူရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတိုင်း အပြိုင် စိတ်ဝင်စားနေရာကနေ နောက်ဆုံးမှာ ယူနိုက်တက်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လက်ဦးမှု ရသွားခဲ့ပါတယ်။

maguire

Photo Credit : Goal

ဒါပေမယ့် မက်ဂွိုင်းယားက ယူနိုက်တက်မှာ အများ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်တဲ့အပြင် ယူနိုက်တက် ဂျင်းမိသွားတဲ့ ကစားသမားတစ်ဦးလိုပါ ဖြစ်လာခဲ့ရပြီး နည်းပြ တန်ဟက်ဂ် လက်ထက်မှာလည်း အရန်ခုံ ပို့ခံခဲ့ရသလို အသင်းခေါင်းဆောင် ရာထူးကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။ မက်ဂွိုင်းယား အနေနဲ့က ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မဟုတ်တော့ရင်တောင်မှ အသင်းမှာသာ ဆက်ရှိသွားချင်ပေမယ့် ပွဲကစားခွင့်တွေက ဆက်ပြီး ပျောက်ဆုံးနေဦးမှာဖြစ်လို့ နောက်ဆုံးမှာတော့ အသင်းနဲ့ လမ်းခွဲဖို့ကို ရွေးချယ်လိုက်ပါတယ်။

harry westham

Photo Credit : The Sun

ဒီလို အခြေအနေမျိုးမှာ မက်ဂွိုင်းယားကို ဝက်စ်ဟမ်း အသင်းက တောက်လျှောက် လိုက်နေခဲ့ပြီး ကနဦး ကမ်းလှမ်းချက် ပေါင် သန်း(၂၀)နဲ့ စတင် ကမ်းလှမ်းခဲ့တာကိုတော့ ယူနိုက်တက်ဘက်က ချက်ချင်း ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းက (၁၀)သန်း တိုးမြှင့်ပြီး ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းလာချိန်မှာတော့ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်းတို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ကာ နောက်ဆုံးမှာတော့ ယူနိုက်တက်က သန်း(၃၀)တန် ကမ်းလှမ်းမှုကို လက်ခံသွားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဘောလုံးရာသီမှာတော့ ဂေါင်းကြီးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မက်ဂွိုင်းယား ကို သရဲနီ တပ်သားကနေ ဟမ်းမား တပ်သားအဖြစ် ပြောင်းလဲ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun