လူတော်တော်များများက အကာအကွယ် (ကွန်ဒုံး) မပါဘဲ လိင်ဆက်ဆံခြင်းက သာယာမှုကို ပိုမိုပေးစွမ်းနိုင်ပြီး ပိုပြီးစိတ်လှုပ်ရှား ပျော်ရွှင်စေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့ဒီချိန်ထိ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများမှာ ကွန်ဒုံးမသုံးတဲ့သူတွေ ဒါမှမဟုတ် မသုံးချင်တဲ့သူတွေ အများအပြားရှိနေဆဲပါပဲ။ အမှန်တကယ်တော့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းက တကယ်ကို အန္တရာယ်များပါတယ်။ ကွီးတို့အနေနဲ့ တစ်ခါတည်းပဲဖြစ်ပါစေဦး အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းက မတွေးရဲစရာ အကျိုးဆက်များ ကို ခံစားရနိုင်ပါတယ်။

ဆက်လက်ပြီးတော့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းမပြုမီ ထည့်သွင်းစဉ်းစားသင့်သည့် အန္တရာယ်များကို ကြည့်လိုက်ကြရအောင်။

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်း

မတွေးရဲစရာ အကျိုးဆက်များ

Photo : Femmes

အကာအကွယ် (ကွန်ဒုံး) မပါဘဲ လိင်ဆက်ဆံမိတယ်ဆိုရင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ဖို့ အလွန်ဖြစ်နိုင်ခြေ များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများက ကွန်ဒုံးမပါဘဲ လိင်အင်္ဂါနဲ့ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ စအိုနဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက ရောဂါအားလုံးကို ကာကွယ်နိုင်တယ်လို့ မဆိုနိုင်သော်လည်းပဲ အများဆုံး ဖြစ်ပွားလေ့ရှိတဲ့  ကာလသားရောဂါ၊ HIV နဲ့ အခြားသော လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ကိုယ်ဝန် ရရှိနိုင်ခြင်း

မတွေးရဲစရာ အကျိုးဆက်များ

Photo :  Unplanned Regency

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းက မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနိုင်ခြေ မြင့်မားတယ်ဆိုတာ ကွီးတို့အားလုံး သိပြီးသားဖြစ်မှာပါ။ အရေးပေါ် သန္ဓေတားဆေးများက အရေးပေါ်အတွက်သာဖြစ်ပြီး မကြာခဏ မသောက်သုံးသင့်ပါဘူး။ ဒါ့အပြင် သန္ဓေတားဆေးကို နှစ်ရက်ဆက်တိုက်သောက်ဖို့ လွတ်သွားပါက ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးအသုံးပြုဖို့ အလေးထားပါ။

ခံစားရနိုင်တဲ့ အကျိုးဆက်တွေက ကွီးတို့ဘဝအတွက် အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိသွားနိုင်ပါတယ်။

စစ်ဆေးပါ

Photo : Daniel

ကွီးတို့အနေနဲ့ တစ်ခါလောက်ပဲ ဖြစ်ဖြစ် မတော်တဆ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပါက ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ အဖော်နှစ်ဦးစလုံး STD စမ်းသပ်မှုကို ဦးစွာပြုလုပ်သင့်ပါတယ်။ ထိုသို့ စမ်းသပ်ခြင်းက ကွီးတို့နှစ်ယောက်လုံး တစ်ဦးကိုတစ်ဦး ကူးစက်နိုင်သော STDs မရှိကြောင်း သေချာစွာသိရန် တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစောကတည်းက တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရိုးသားသော ဆက်ဆံရေးရှိသင့်ပြီး ကွန်ဒုံးအသုံးပြုဖို့ အတွက်လည်း အလေးပေးသင့်ပါတယ်။

ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုပါ

Photo : Morulaivf

ကွီးတို့ရေ ကွန်ဒုံးအသုံးမပြုဘဲ လိင်ဆက်ဆံရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိရှိပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်ဒုံး အသုံးပြုဖို့ မတွန့်ဆုတ်ပါနဲ့။ ကွန်ဒုံးအသုံးပြုရမှာလည်း နည်းစနစ်မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ သက်တမ်းကုန်ဆုံးနေခြင်း၊ ကွန်ဒုံးများ ပေါက်ပြဲနေခြင်း ရှိမရှိ သေချာ စစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။ ကွန်ဒုံး အသုံးပြုနည်း မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံး အသုံးပြုခြင်းက ဘေးထွက်ဆိုးကျိုး မရှိပါဘူးလို့ ပညာရှင်များက ဆိုပါတယ်။

ကွီးတို့ရေ မတွေးရဲစရာ အကျိုးဆက်များ မခံစားရလေအောင် တစ်ခါတည်းပါဆိုပြီးတော့ မပေါ့ဆလိုက်ပါနဲ့နော်။

Source : Your Sexual Health

Featured Photo : The Sun