ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ယခုလာမယ့်နွေရာသီမှာ ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Paul Pogba

Photo: Manchester Evening News

ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားက အခုအချိန်အထိတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။ ဂျာနယ်လစ် ရူဒီ ဂလက်တီရဲ့ ပြောကြားချက်အရ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကိစ္စကို လာမယ့် ၆ ပတ်အတွင်းမှာ အပြီးသတ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အီတလီထိပ်သီးအသင်းကြီးဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကို အခြေခံတစ်နှစ်လုပ်ခလစာ ယူရို ၉ သန်းအပြင် အပိုဆုကြေးငွေ ယူရို ၃ သန်းနဲ့ ၄ နှစ်စာချုပ် ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၁၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဂျူဗင်တပ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တူရင်မှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲကတစ်ဦးအဖြစ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

New look Paul Pogba

Photo: Unitedinfocus

ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းကို စီးရီးအေဖလား ၄ နှစ်ဆက်နဲ့ ကိုပါအီတာလီယာဖလား ၂ ကြိမ်ရရှိအောင် ကူညီပေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့်လည်း ပေါ့ဂ်ဘာဟာ မျှော်မှန်းထားသလောက် ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ခြေစွမ်းမတည်ငြိမ်မှုနဲ့ ကွင်းပြင်ပ အမူအကျင့်တွေကြောင့် ဝေဖန်မှုတွေ အပြင်းအထန်ခံခဲ့ရသူဖြစ်ပါတယ်။

Featured Photo: