တစ်နှစ်တစ်နှစ် ကုန်ဆုံးသွားတိုင်းမှာ ဘောလုံးချစ်ပရိသတ်တွေဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖွဲ့စည်းမှုကို စိတ်ဝင်တစားစောင့် ကြည့်လေ့ရှိပါတယ်။ တစ်နှစ်တာအကောင်းဆုံး ဘောလုံးအသင်းဆိုတာ ပရီးမီးယားလိဂ်အသင်းတွေထဲက အကောင်းဆုံးဘောလုံးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ကူးယဉ်အသင်း ဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးလောကရဲ့ အကောင်းဆုံး ထိပ်ထိပ်ကြဲကစားသမားတွေနဲ့ဖွဲ့ထားတဲ့ အသင်းဖြစ်ပြီး ဒီထဲမှာ ပါတဲ့ ကစားသမားတွေကလည်း သူ့နေရာနဲ့သူ အကောင်းဆုံးတန်းဝင်တွေလို့ ဆိုနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ် အသင်းအဖြစ် 90Min ကနေ ရွေးချယ်လိုက်တဲ့ ကစားသမား ၁၁ ဦးနာမည်ကို ဖော်ပြလိုက်ပါတယ်။

(၁) ဂိုးသမားနဲ့ နောက်တန်း

Joao Cancelo

Photo: 90Min

၂၀၂၁ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်းအတွက် ဂိုးသမားအဖြစ် စာရင်းသွင်းခံရသူက လက်ရှိ ချယ်လ်ဆီးအသင်းဂိုးသမား အီဒူအာ မန်ဒီပဲ ဖြစ်ပါတယ်။ ၂၀၂၀ နွေရာသီမှာ ချဲလ်ဆီးအသင်းကို ရောက်လာပြီး ၂၀၂၁ အတွက် အကောင်းဆုံး ဂိုးသမားအဖြစ် မန်စီးတီးက အီဒါဆင် ၊ လီဗာပူးအသင်းဂိုးသမား အယ်လီဆင် ဘက်ကားတို့ထက် ပိုနေရာပေးခံရတာပါ။

နောက်တန်းတွေအနေနဲ့ ညာနောက်ခံလူ လီဗာပူးအသင်းက ထရန့်အလက်ဇန္ဒား အာနိုး ၊ အလယ်နောက်ခံလူ ရူဘန် ဒီယား့စ် (မန်စီးတီး) ၊ အန်တိုနီယို ရူဒီဂါ (ချဲလ်ဆီး) နဲ့ ဘယ်နောက်ခံလူ ပေါ်တူဂီကစားသမား ဂျိုအန်အို ကန်ဆယ်လို (မန်စီးတီး) တို့ကို 90Min က ရွေးချယ်ထားပါတယ်။ နောက်တန်းပီသတဲ့ ကာကွယ်မှု ၊ ကြံ့ခိုင်လျင်မြန်ခြင်းနဲ့ တန်ပြန်တိုက်စစ်အကွက်ဖော်မှုတွေနဲ့ ထူးချွန်သူတွေလို့ ဆိုပါတယ်။

(၂) ကွင်းလယ်လူများ

Declan Rice

Photo: 90Min

ကွင်းလယ် ၃ ဦးအဖြစ် ရွေးချယ်ရာမှာ ဝက်စ်ဟမ်းအသင်း ဗဟိုအလယ်တန်းလူ ဒီကလန် ရိုက်စ် ၊ မန်စီးတီးအသင်း ခံစစ်ကွင်းလယ်သမား ရိုဒရီ နဲ့ မန်စီးတီးအသင်းက အီကေး ဂန်ဒိုဂန်တို့ကို ရွေးထားပါတယ်။ ဒီကွင်းလယ်ခံစားသမားတွေက ကာကွယ်မှုနဲ့ ဂိုးဖန်တီးမှုအပြင် တစ်သင်းလုံးရဲ့ လိုအပ်တဲ့ နေရာ ဖြန့်ဝေမှုတွေ အဓိက လုပ်သလို ကိုယ်တိုင်လည်း ဂိုးတွေ သွင်းယူထားတဲ့ အဓိကကစားသမားတွေ ဖြစ်ပါတယ်။

(၃) ရှေ့တန်းများ

Mohamed Salah

Photo: 90Min

၂၀၂၁ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးအသင်းအတွက် အဓိကကျတဲ့ ရှေ့တန်းတိုက်စစ်မှူးတွေအဖြစ် လီဗာပူးညာဝင်းတိုက်စစ်မှူး မိုဟာမက် ဆာလား ၊ အထောင်တိုက်စစ်မှူး မန်စီးတီးအသင်းက ဖီလ် ဖိုဒန် နဲ့ တော့တင်ဟမ် ဟော့စပါးအသင်း ဘယ်တောင်ပံ တိုက်စစ်မှူး ဆွန်ဟောင်မင်တို့ကို 90Min က ရွေးချယ်ထားပါတယ်။

Featured Photo : football365