ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက သူတို့အသင်းအနေနဲ့ မနေ့ညက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကို (4-1) (5-1) ဆိုတဲ့ ရလဒ်မျိူးလောက်နဲ့ အပြတ်အသတ်ကို နိုင်ခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sot
မနေ့ညက ဘိုင်ယန်မြူးနစ် နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် မြူးနစ်မြို့က အလိုင်းရန့် အရီနာကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းပေါင်း သွင်းဂိုး (၇)ဂိုးအထိ ရှိခဲ့ပြီး အိမ်ရှင် ဘိုင်ယန်က ဆာနေး ဂနာဘရီ ဟယ်ရီကိန်း တယ်လ်တို့ရဲ့ ဂိုးတွေနဲ့ (4-3) နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဘိုင်ယန်အတွက် တတိယမြောက် သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းက သူရဲ့ သွင်းဂိုး ရပြီးချိန် နောက်ပိုင်းမှာ သူတို့အသင်းအနေနဲ့ နောက်ထပ် ပြတ်သားလှတဲ့ ရလဒ်မျိုးတွေနဲ့ ပွဲကို ဦးဆောင်ထားနိုင်သင့်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။
Photo Credit : Twitter X
“ပွဲပြီးခါနီးမှာ အနည်းငယ် စိတ်လှုပ်ရှားစရာတွေ သိသိသာသာ ရှိခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့က ball possession ပိုင်းမှာတော့ လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ တတိယဂိုး ရပြီးတဲ့နောက်မှာ (၄)ဂိုး (၁)ဂိုး ၊ (၅)ဂိုး (၁)ဂိုးလောက်အထိ ဂိုးပြတ်သွားခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ရဲ့ ကစားအားကို credit ပေးပါတယ်။ သူတို့က ကြိုးစား အားထုတ်ပြီး ကစားသွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ (၃)မှတ်အပြည့် ရရှိခဲ့ပါတယ်။ ဒါက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကောင်းမွန်တဲ့ အစ ခြေလှမ်းတစ်ရပ်ပါပဲ။” လို့ ဟယ်ရီကိန်းက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Twitter X
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အထောင်တိုက်စစ် ကစားသမား အသည်းအသန် အလိုရှိနေခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ယူနိုက်တက်က အတ္တလန်တာ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကိုပဲ ခေါ်ယူခဲ့သလို ဟယ်ရီကိန်းကလည်း စပါးကနေ ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
Featured Photo : Goal