ချယ်လ်ဆီး အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယို မာနေး ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Liverpool Echo
မာနေးက ဆောက်သမ်တန် လီဗာပူးလ်အသင်းတွေ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဆီနီဂေါ စူပါစတား ကစားသမားတစ်ဦးဖြစ်ပြီး အဓိကတော့ လီဗာပူးလ်မှာ ပိုမို အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ အာဖရိက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ မာနေးဟာ လီဗာပူးလ်မှာ (၆)ရာသီအထိ ဖြတ်သန်းပြီး ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း အောင်မြင်မှုတွေ အမြောက်အများ ရယူခဲ့တဲ့ မာနေး ဟာ ၂၀၂၂ နွေစျေးကွက်မှာတော့ လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။
Photo Credit : This is Anfield
ဘိုင်ယန်မှာတော့ မာနေးက လီဗာပူးလ်တွင် ကစားခဲ့တုန်းကလိုမျိုး ခြေစွမ်းတွေ မပြနိုင်ခဲ့တဲ့အပြင် အသင်းဖော် ဆာနေးကိုပါ ထိုးကြိတ်တဲ့အထိ ဖြစ်ထားခဲ့တဲ့အတွက် သူ့ကို ဘိုင်ယန် တာဝန်ရှိသူများက အမြင်မကြည် ဖြစ်နေရပါတယ်။ ဒါကြောင့်လည်း မာနေးကို လာမယ့်နွေမှာပဲ အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့ စီစဥ်လာခဲ့ပြီး Football Insider ရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးအသင်းက မာနေးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။ မာနေးက တောင်ပံတိုက်စစ် နေရာမှာရော အထောင်တိုက်စစ် နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူဖြစ်လို့ no(9)role striker စစ်စစ် လိုအပ်နေတဲ့ ချယ်လ်ဆီး အတွက် မာနေး က အကောင်းဆုံး option ဖြစ်လာနိုင်ပါတယ်။
Photo Credit : Sport Planet
ချယ်လ်ဆီး အနေနဲ့ လာမယ့်ရာသီမှာ အသင်းနည်းပြအဖြစ် ပိုချက်တီနိုကို ခန့်အပ်သွားဖို့ ရှိနေပြီး တိုက်စစ်ပိုင်းအတွက်ကိုလည်း အင်တာမီလန်ဆီ အငှားချထားတဲ့ လူကာကူကို ပိုချက်လက်အောက် ကစားပေးဖို့ အစီအစဥ် ရှိမရှိ မေးမြန်းသွားဖို့လည်း ရှိနေပါတယ်။ တကယ်လို့ လူကာကူသာ ချယ်လ်ဆီးကို ပြန်လာဖို့ စိတ်ကူးမရှိဘူးဆိုရင် ချယ်လ်ဆီးဘက်က မာနေးကို ခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းသွားဖွယ် ရှိနိုင်ပါတယ်။
Featured Photo : Daily Mail