မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို ရဖို့ သူမရဲ့ အကြိုက်တွေကိုပဲ ဦးစားပေးနေလို့ မရပါဘူး။ သူမ မကြိုက်တဲ့ အချက်တွေ ၊ သူမ မုန်းတဲ့အရာတွေကိုလည်း သိထားဖို့ လိုပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတ်မှတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ဖြစ် ၊ မိန်းကလေး တစ်ယောက်ရဲ့ အထင်ကြီးမှုကို ရလိုတာပဲဖြစ်ဖြစ် ၊ အမျိုးသမီးတွေ အကြောင်းကို ပိုနားလည်ချင်တာပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် မိန်းကလေးတွေ လုံးဝမုန်းတီးတဲ့ အချက်တွေကို သတိထားရှောင်ကျဉ်နိုင်ဖို့ ပြောပြပေးပါမယ်။

(၁) အေးတိအေးစက် စကားလုံးများ

Couple

Photo : The Gottman Institute

ကိုယ်သဘောကျတဲ့ မိန်းကလေး တစ်ယောက်နဲ့ ဆက်သွယ်ပြောဆိုတဲ့ နေရာမှာ အေးတိအေးစက် ၊ ပျင်းစရာကောင်းတဲ့ လူတစ်ယောက် မဖြစ်ဖို့ အရေးကြီးပါတယ်။ အဓိကအားဖြင့် စကားစမပြတ်အောင် စကားဝိုင်းကို ထိန်းတက်ဖို့နဲ့ တစ်ခါတစ်ရံမှာ မေးခွန်းလေးတွေ မေးတာ ၊ သူမရဲ့ တန်ပြန် မေးခွန်းတွေကို မြန်မြန်ဆန်ဆန် တုန့်ပြန်ဖြေကြားပေးတာ ၊ ရယ်စရာကောင်းတဲ့ ဟာသလေးတွေ နှောပြောတာ စတဲ့ အရာလေးတွေကို လုပ်တက်ဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ပဲ စကားဝိုင်းလေးက အေးတိအေးစက်နဲ့ ပျင်းရိစရာကောင်းပြီး Reply တွေလည်း ကြန့်ကြာနေမယ်ဆိုရင် သေချာပေါက် ကွီးတို့ကို ပျင်းစရာလူတစ်ယောက်အဖြစ် မြင်သွားနိုင်ပါတယ်။

(၂) ညံ့ဖျင်းတဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု

Couple

Photo : Men’s Health

သေချာပါတယ် တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုမစိုက်တဲ့ ယောကျာ်းတစ်ယောက်ကို ဘယ်မိန်းကလေးမှ ချစ်သူရည်းစား အဖြစ် မရွေးချယ်ချင်ကြပါဘူး။ ယောကျာ်လေးတစ်ယောက်က ချောတာ ရုပ်ဆိုးတာထက် အနံ့အသက်ဆိုး ကင်းကင်းနဲ့ ရှင်းသန့်နေခြင်းကပဲ ဆွဲဆောင်မှုတစ်ခုလို့ ဆိုရမှာပါ။ ကွီးတို့အနေနဲ့ အလှအပဆိုင်ရာအတွက် အများကြီး အချိန်ပေးမလုပ်နိုင်ရင်တောင် နေ့စဉ်ပုံမှန် အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းမှုအဆင့်လေးတွေကို အလေးထားလုပ်ဆောင်ပြီး ခေါင်းအစ ခြေအဆုံး ရှင်းသန့်နေအောင် ပြုပြင်နေထိုင်သင့်ပါတယ်။

(၃) လေလုံးထွားတဲ့ ကြွားလုံးများ

Couple

Photo : LoveToKnow

မိန်းကလေး တစ်ယောက် ကိုယ့်ကို အထင်ကြီးလာစေဖို့အတွက် ရှိတာထက်ပိုပြီး ကြွားလုံးထုတ်မယ်လို့ စိတ်ကူးမိရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ အမျိုးသမီး ရာခိုင်နှုန်း အများစုက လေလုံးထွားတဲ့ ကြွားလုံးတွေထက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို ပိုအထင်ကြီး လေးစားကြပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက် အမှန်တကယ် အထင်ကြီးတာ ခံချင်ရင် ရှိတာထက်ပိုပြီး ကြွားတာ ၊ ကြွယ်ပြတာတွေမလုပ်ပဲ နှိမ့်ချမှုနဲ့ လက်တွေ့ကျကျ ကြိုးစားပြမှုတွေကသာ ပိုထိရောက်မှုရှိတယ်ဆိုတာ နားလည်ထားရပါမယ်။

(၄) အလွန်အကျွံ သဝန်ကြောင်မှုနဲ့ ထိန်းချုပ်မှုများ

Couple

Photo : The Knot

သဝန်တိုတယ်ဆိုတာက ချစ်ခြင်းကနေ အစပြုတဲ့ ခံစားမှု တစ်ခုပါပဲ။ သို့သော်လည်း အလွန်အကျွံ သဝန်ကြောင်တာ ၊ လူတစ်ယောက်ကို ကိုယ့်ရဲ့ထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်စေချင်တာမျိုး လုပ်လို့မရပါဘူး။ မိန်းကလေး တွေက သူတို့ကို ၂၄ နာရီ / တစ်ပတ်လုံး စောင့်ကြည့်နေတာမျိုး ၊ ထိန်းချုပ်ကိုင်တွယ်ချင်တာမျိုးကို တော်တော်လေး မုန်းတီးကြပါတယ်။ ရင့်ကျက်တဲ့ ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှု ၊ ရိုးသားမှု ၊ ဆက်သွယ်မှုနဲ့ ပွင့်လင်းမှုတို့သာရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။

Featured Photo : DFWChild