မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာလိုက်ရတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ဇူလိုင်လကနေ စတင်ပြီး အခု နိုဝင်ဘာလ တတိယပတ်လောက်အထိ အချိန်အတိုင်းအတာအတွင်း သူ့အတွက် ကလပ်အသင်းသစ် ရှာမတွေ့နိုင်သော အသင်း တော်တော်များများနဲ့သာ အပြောင်းအရွှေ့ ကောလဟာလတွေ သို့လောသို့လော ထွက်ပေါ်နေရပါတယ်။

dave

Photo Credit : Reuters

ဒီဂီယာ ရီးယဲလ် မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် အင်တာမီလန်တို့လို ထိပ်သီး ကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပြင် အသင်းဟောင်း ယူနိုက်တက်ကလည်း အိုနာနာ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲ ဆင်နွဲချိန် ဒီဂီယာကို ကာလတို စာချုပ်နဲ့ ပြန်လည် ခေါ်ယူဖွယ် ရှိနိုင်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ စပိန် ဒုတိယတန်းက ကလပ်အသင်း တစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာတာပါပဲ။

dave manutd

Photo Credit : Forbes

ဒီလို သတင်းတွေအပြီးမှာတော့ ဒီဂီယာနဲ့ ပတ်သက်ပြီး ထပ်မံ ထွက်ပေါ်လာခဲ့တဲ့ သတင်းအကြောင်းအရာတွေက စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ သူ့ကို သူရဲ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒို ပါဝင်နေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာက တစ်ပတ် ပေါင်(၅၀၀၀၀၀)နဲ့ ကမ်းလှမ်းထားတာကို ဒီဂီယာက ပယ်ချလိုက်တယ်ဆိုတဲ့ သတင်းပါ။ ဒီဂီယာ ယူနိုက်တက်အသင်းမှာ တစ်သင်းလုံးရဲ့ အမြင့်မားဆုံး လုပ်ခမျိုးကို ရရှိခဲ့စဉ်ကတောင် သူရဲ့တစ်ပတ်လုပ်ခက ပေါင် (၃၇၅၀၀၀)သာ ရှိခဲ့လို့ ပေါင်(၅၀၀၀၀၀)တန် ကမ်းလှမ်းမှုကို လက်မခံခဲ့တာက အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

leo dave

Photo Credit : Stretty News

တကယ်တော့ ဒီဂီယာအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာက ဆော်ဒီမှာ မနေထိုင်ချင်တဲ့ သူ့ဇနီးသည်ကြောင့်ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဆော်ဒီကို ငြင်းပယ်ထားချိန်မှာ ဒေးဗစ် ဘက်ခမ်းက သူရဲ့ အင်တာ မိုင်ယာမီအသင်းဆီ ဒီဂီယာ ရောက်ရှိလာဖို့ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အင်တာ မိုင်ယာမီက မက်ဆီ ဘူးစကွက် အယ်လ်ဘာတို့လို ထိပ်တန်း ကစားသမားကြီးတွေ ပိုင်ဆိုင်ထားပြီးနောက် လာမယ့်နှစ်မှာ ဆွာရက်ဇ်ကိုပါ ခေါ်ယူထားပြီးချိန် ဒီဂီယာလို အတွေ့အကြုံရင့် နာမည်ကျော် ဂိုးသမားတစ်ဦးကိုပါ ထပ်မံ ဖြည့်တင်းချင်နေတာပဲ ဖြစ်ပါတယ်။

Featured Photo : Goal