ကွီးတို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ ပြောနေတာက အကြောင်းပြချက် သပ်သပ်ပဲ မဟုတ်လား ? တကယ်တော့ ရေချိုးခါနီး ဒါမှမဟုတ် ချက်ပြုတ်နေရင်း ၁၅ – ၂၀ မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်ပဲ ကွီးတို့ ကျန်းမာကြံ့ခိုင်တဲ့ Lifestyle တစ်ခုကို တည်ဆောက်လို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ မီးဖိုချောင်ထဲမှာ ဟင်းချက်ရင်း ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်း အချို့ကို Bodyweight လေ့ကျင့်ခန်း တချို့ကို ပြောပြပေးပါမယ်။

(၁) Bodyweight Squats

bodyweight squats

Photo : Men’s Health

Bodyweight ကိုပဲ အသုံးပြုပြီး ကစားရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Weight Lose ကစားချင်သူတွေနဲ့ အောက်ပိုင်းကြွက်သားတွေ ကျစ်လစ်သန်မာချင်သူတွေအတွက် အလွန်ထိရောက်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဓိက ကြွက်သားအုပ်စုတော်တော်များများကို ပစ်မှတ်ထားပြီး Flexibility ကို တိုးစေပါတယ်။ ၁၀ ကြိမ် , ၅ ကျော့ကစားပေးပါ။

(၂) Push Up

Push Up

Photo : BodySpec

Push Up ကတော့ စွယ်စုံရ Strength-Building Exercise ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ရင်အုပ်နဲ့ လက်မောင်းကြွက်သားတွေကို ထိရောက်မှု ရှိစေပါတယ်။ လက်တွေကို ပခုံးအကျယ်အတိုင်းချဲ့ကားထားပြီး ရင်ဘတ်ကို ဖြည်းဖြည်းချင်း နိမ့်ချကာ တဖန်ပြန်တွန်းတင်ရမှာ ဖြစ်ပါတယ်။ ဟင်းချက်ရင်း ဖြစ်စေ ၊ ရေချိုးခါနီး ဖြစ်စေ အလွယ်တကူ နေရာမရွေးကစားလို့ရတဲ့ Bodyweight လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ၁၀ ကြိမ် , ၅ ကျော့ ကစားပေးပါ။

(၃) Calf Raises

calf raises

Photo : Steel Supplements

ခြေသလုံး ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Calf Raises လေ့ကျင့်ခန်းကို အိမ်က မီးဖိုးချောင်ထဲမှာပဲ ဟင်းချက်ရင်း လွယ်လွယ်ကူကူ ကစားလို့ ရပါတယ်။ အဓိကအားဖြင့် ခြေသလုံးကြွက်သားတွေကို အားပြုကစားပေးရမှာဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ညီမျှမှုကို တိုးစေပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၅ ကျော့ ကစားပေးပါ။

(၄) Tricep Dips

tricep dips

Photo : Men’s Health

လက်မောင်းအနောက်ဘက် Tricep ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေဖို့ Tricep Dips လေ့ကျင့်ခန်းကို မီးဖိုချောင်ထဲက ထိုင်ခုံတစ်လုံးရှိရုံနဲ့ ကစားလို့ ရပါတယ်။ ခန္ဓာကိုယ်ကို ထိုင်ခုံပေါ်မှာ နောက်ပြန်ထောက်ထားပြီး လက်ကိုကွေးညွှတ်ကာ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ နှိမ့်ချပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် တဖန် လက်နှစ်ဖက်ကို ဖြောင့်တန်းသွားသည်အထိ ပြန်ထပေးပါ။ ဒီအတိုင်း ၁၀ ကြိမ် , ၅ ကြော့ ကစားပေးရပါမယ်။

Source : Mensxp

Featured Photo : T3