တရုတ်အီလက်ထရွန်းနစ် ကုမ္ပဏီ TCL ရဲ့ ပထမဆုံး Built-In Stylus ပါ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ TCL Stylus 5G ဟာ အမေရိကန်ဈေးကွက်ထဲ ဝင်လာတဲ့ stylus ပါ ဈေးအသက်သာဆုံးဖုန်းလည်း ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Motorola ရဲ့ Moto G Stylus ဖုန်းနဲ့ ဆင်ပြီး စိတ်ဝင်စားစရာတွေ အများကြီး ပါလာတဲ့ ဖုန်းလို့ ဆိုရမှာပါ။ TCL Stylus 5G ဟာ ၆.၈၁ လက်မ 1080p LCD Display သုံးထားပြီး Processor အနေနဲ့ MediTek Dimensity 700 5G Chipset နဲ့ လာပါတယ်။

TCL

Photo : GSMArena

Dimensity 700 5G SoC ဟာ Mid-Range တန်းအတွက် Powerful ဖြစ်တဲ့ Chipset လို့ ပြောနိုင်ပါတယ်။ ဒီ Processor နဲ့အတူ RAM 4GB/Internal Storage 128GB သုံးထားပြီး microSD Card လည်း ထပ်စိုက်နိုင်မှာပါ။ microSD card Slot ကနေ တစ်ဆင့် Storage ကို 2TB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးတဲ့ ဖုန်းဖြစ်လို့ Stylus သုံးဖို့ အဆင်ပြေပါတယ်။

ဒီဖုန်းရဲ့ အားသာချက်ကလည်း Stylus လုပ်ဆောင်ချက် သုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ TCL ကတော့ Stylus 5G ဖုန်းဟာ AI နည်းပညာနဲ့ မောင်းနှင်ထားတဲ့ ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး လက်ရေးမှတ်သိစနစ် သုံးထားတယ်လို့ ကြေညာပါတယ်။ Nebo ဆော့ဖ်ဝဲလ်ကြောင့် သုံးစွဲသူတွေဟာ Stylus နဲ့ မှတ်စုရေးနိုင်သလို လက်ရေး Notes တွေကို ပရော်ဖက်ရှင်နယ် ကွန်ပျူတာမှတ်တမ်းလိုမျိုး Write-To-Text ပြောင်းနိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။

TCL-Stylus-5G

Photo: The Verge

ဖုန်း Screen အပေါ်အလယ်တည့်တည့် Punch-Hole ကင်မရာပေါက်ထဲမှာ 13MP Selfie ကင်မရာ သုံးထားပြီး ကျောဘက်ထောင်လိုက် စတုဂံပုံစံ ခပ်ရှည်ရှည်ကင်မရာအိမ်ထဲမှာ 50MP Main Sensor ၊ 5MP Ultrawide Lens ၊ 2MP Macro Lens နဲ့ 2MP Depth Lens ကင်မရာ လေးလုံး ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါ 4000mAh ဟာ 18W Charging ပံ့ပိုးမှု ပေးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေဖတ်စနစ် နဲ့ သီချင်းနားထောင်ဖို့ 3.5mm Headphone Jack တစ်ခု သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 စနစ်နဲ့ ထွက်ထားပါတယ်။ TCL Stylus 5Gကို T-Mobile မှာ ၂၅၈ ဒေါ်လာ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Photo : 9to5 Google