မြန်မာပြည် ကြီးသည် လှပသော တောတောင်ရှု့ခင်းများ၊ ထူးခြားဆန်းပြားပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ နေရာဒေသများနှင့် ပြည့်နှက်နေတဲ့အတွက်ကြောင့် ခရီးထွက် လို့ကောင်းတဲ့ နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

မြန်မာပြည် ရှိ ကမ်းခြေတွေဆီပဲ ခရီးထွက် ချင်သလား။ ဒါမှမဟုတ် တောင်တန်းတွေဆီပဲ ခြေဆန့်ချင်သလား။ သင့် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ ပွဲတော်ရာသီများသည်လည်း များပြားတဲ့အပြင် ပါတီပွဲ နှစ်သက်သူများအတွက် ပါတီပွဲမျိုးစုံကိုလည်း အချိန်နဲ့တပြေးညီ ကျင်းပနေကြတာဖြစ်ပါတယ်။

သင့်အနေနဲ့ မြန်မာပြည် အနှံ့ ခရီးထွက် ဖြစ်တဲ့အခါ ပျော်ရွှင်ရင်ခုန်ဖွယ်ကောင်းဖို့ရန်အတွက် ပြုလုပ်သင့်တဲ့အရာတွေရှိပါတယ်။ ထိုအရာများကတော့ …

မိုးပျံပူဖောင်း စီးနင်းကာ တစ်မြို့လုံးရဲ့ အလှအပကို ခံစားခြင်း

မြန်မာပြည် ခရီးထွက်

Photo: Worldnomads

မိုးပျံပူဖောင်းလို့ ပြောလိုက်တာနဲ့ ပုဂံမြို့ကြီးကို မြင်ယောင်မိကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ပုဂံမြို့သို့ သွားရောက်ဖြစ်တဲ့အခါ ထိုမိုးပျံပူဖောင်းကို စီးနင်းကြဖို့ အကြံပြုချင်ပါတယ်။ ပုဂံတစ်မြို့လုံးရဲ့ လှပတဲ့ ရှု့မျှော်ခင်းများကို မိုးပျံပူဖောင်းပေါ်ကနေ ကြည့်ရှုခံစားနိုင်ပြီး တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်အသစ်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ဘုရားများထံ သွားရောက်ဖူးမျှော်ခြင်း

မြန်မာပြည် ခရီးထွက်

Photo: Viator

ဘုရားများကတော့ မြန်မာပြည်တွင် ပေါများလှပါတယ်။ ဘုရားများရဲ့ ရွှေရောင်တဝင်းဝင်းကြောင့် မြန်မာနိုင်ငံကို ရွှေမြန်မာလို့ တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ပုဂံရှိဘုရားများကတော့ နှစ်ပေါင်းထောင်ချီ တည်ရှိနေကြပြီး နောက်ထပ် နာမည်ကြီးဘုရားတစ်ခုကတော့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရွှေတိဂုံဘုရားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောမြို့များတွင်လည်း တန်ခိုးကြီး စေတီပုထိုးများ၊ ဘုရားများ တည်ရှိတဲ့အတွက်ကြောင့် သွားရောက်ဖူးမျှော်နိုင်ပါသေးတယ်။

Watersports များ ပြုလုပ်ခြင်း

မြန်မာပြည် ခရီးထွက်

Photo: Spectrumresorts

စွန့်စားခရီးများ နှစ်သက်သူတွေအတွက် မြန်မာပြည် ရှိ ပင်လယ်ကမ်းခြေများသည်လည်း ခရီးထွက် လာသူများအတွက် အဆင်သင့်စောင့်ကြိုနေပါသေးတယ်။ မြန်မာပြည်ရှိ ပင်လယ်ကမ်းခြေများသည် ဖြူလွှလွှသဲသောင်ပြင်များ၊ ပြာလဲ့လဲ့ရေပြင်များဖြင့် လှပနေတာဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေများဆီသို့ ခရီးသွားဖြစ်တဲ့အခါ Watersports များကိုလည်း မမေ့မလျော့ ပြုလုပ်သင့်ပါတယ်။ ရေအောက်ငုပ်ပြီး ငါးများ၊ သန္တာကျောက်တန်းများ ကြည့်ရှုရင်း ပျော်ရွှင်ကြည်နူးမှုများကို ခံစားနိုင်ပါတယ်။

လှပသော ကမ်းခြေများပေါ်တွင် အရသာစွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးများ သုံးဆောင်ခြင်း

မြန်မာပြည် ခရီးထွက်

Photo: Flawlessfood

သဲသောင်ပြင်ပေါ်မှာ ပင်လယ်စာလေးတွေပဲ မှာစားချင်သလား။ ဒါမှမဟုတ် အရသာ စွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးများပဲ သောက်သုံးချင်သလား။ သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ဟိုတယ်က ရေကူးကန်ထဲတွင် ရေကူးရင်း ကိုယ့်ရဲ့ အားလပ်ရက်လေးကို ပျော်ပျော်ကြီး ကုန်ဆုံးနိုင်ပါသေးတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေလေးကို တစ်ဝကြီး ရှူရှိုက်ရင်း အားလပ်ရက်ကုန်ဆုံးသွားတဲ့အခါ အားအင်အပြည့်နဲ့ ပြန်လည်ရွှင်လန်းတက်ကြွလာနိုင်ပါတယ်။

ခြေလျင်တောင်တက်ခြင်း

မြန်မာပြည် ခရီးထွက်

Photo: Bustlingabroad

ခြေလျင်တောင်တက်ခရီးသည်လည်း ခရီးသွားများအကြား ရေပန်းစားတဲ့ Activity တစ်ခုဖြစ်ပါတယ်။ ခြေလျင်တောင်တက်ခရီးသည် အနည်းငယ်ပင်ပန်းနိုင်တဲ့အတွက်ကြောင့် စိတ်တူကိုယ်တူရှိတဲ့ သူငယ်ချင်းများနှင့်အတူ အဖွဲ့လိုက် သွားမယ်ဆိုရင်တော့ ပိုမိုပျော်ရွှင်ဖွယ်ကောင်းမှာဖြစ်ပါတယ်။

ထူးခြားဆန်းပြားသော ဂူများထဲသို့ သွားရောက်လည်ပတ်ခြင်း

caves in myanmar

ရေတံခွန်များ၊ ဂူများ ပေါများတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ သဘာဝရေပူစမ်းအချို့လည်း ရှိတဲ့အတွက်ကြောင့် ထိုနေရာများဆီသို့ သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ မန္တလေး၊ သီပေါ၊ ကလော စတဲ့ မန္တလေးကနေ ရှမ်းပြည်အထိ ခရီးဆက်နိုင်ပါတယ်။

မီးရထားစီးကာ မြန်မာပြည် အနှံ့ ခရီးထွက် ခြင်း

travel in myanmar

မီးရထားစီးပြီး ခရီးထွက်ခြင်းသည်လည်း ခံစားမှုရသတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ မီးရထားသံလမ်းများသည် မြန်မာပြည်အနှံ့ဆက်သွယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် မီးရထားနှင့် ခရီးသွားမယ်ဆိုလည်း သွားလာနိုင်ပါတယ်။ မီးရထားဈေးနှုန်းကလည်း တစ်သောင်းကျော်ကျော်ဝန်းကျင်လောက်ပဲဖြစ်တဲ့အတွက်ကြောင့် တောတောင်ရှုခင်းများကို အားပါးတရ ခံစားချင်တယ်ဆိုရင်တော့ မီးရထားဖြင့် ခရီးသွားဖို့ အကြံပေးလိုက်ချင်ပါတယ်။

စက်ဘီးစီးကာ တစ်မြို့လုံး လည်ပတ်ခြင်း

travel in myanmar

Photo: Intrepidtravel

မြို့တစ်မြို့သို့ သွားရောက်လည်ပတ်တဲ့အခါ သူ့မြို့နှင့်သူ စက်ဘီးအငှားဆိုင်များ၊ စကူတာ၊ ဆိုင်ကယ်အငှားဆိုင်များ ရှိတဲ့အတွက်ကြောင့် ဘီးကလေးစီးရင်း မြို့အနှံ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ စက်ဘီးစီးလို့ အကောင်းဆုံးရာသီတွေကတော့ မပူလွန်း မအိုက်လွန်းတဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ စက်ဘီးအားကစားကိုလည်း ကြိုက်နှစ်သက်တယ်။ မြို့အလှကိုလည်း တစ်ဝကြီး ခံစားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးက အကောင်းဆုံးပါပဲ။

ပွဲတော်ရက်များအတွင်း လည်ပတ်သွားလာခြင်း

travel in myanmar

Photo: Indochinatravel

မြန်မာပြည်တွင် ပွဲတော်ရက်များကို တစ်နှစ်ပတ်လုံး ကျင်းပနေကြတာဖြစ်ပါတယ်။ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လတစ်လချင်းစီအလိုက် ပွဲတော်တစ်မျိုးစီ ကျင်းပလေ့ရှိကြပါတယ်။ ထိုပွဲတော်ရက်များတွင် ခရီးသွားရောက်လည်ပတ်ဖြစ်တဲ့အခါ ဒေသခံများနှင့်အတူတူ ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါသေးတယ်။

ဗိုက်ပေါက်ထွက်သွားအောင် စားကြမယ်

travel in myanmar

Photo: Flickr

မြန်မာ့ရိုးရာအစားအစာများကတော့ ဘယ်အချိန်စားစား အရသာရှိနေတာပါ။ ဒါ့အပြင် ဒေသတစ်ခုနှင့်တစ်ခု အစားအစာများကလည်း သူ့ဒေသအလိုက် နာမည်ကြီးပါတယ်။ မုန့်ဟင်းခါးအစ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ၊ ဝက်သားချဉ် အဆုံး အစားအစာများသည် ဖွယ်ဖွယ်ရာရာနှင့် အရသာထူးခြားကောင်းမွန်လှပါတယ်။ ထိုအရသာရှိတဲ့အစားအစာများကို ဟန်ပြအနေနဲ့ တစ်လုပ် နှစ်လုပ်လောက်ပဲ စားမယ်ဆိုရင်တော့ နောင်တရစရာကောင်းလာပါလိမ့်မယ်။ ရောက်တုန်းရောက်ခိုက်မှာ ဗိုက်ပေါက်ထွက်သွားမတက် သုံးဆောင်လိုက်ပါ။ ပင်လယ်ကမ်းခြေများဆိုလည်း မိမိနေထိုင်တဲ့နေရာက ရရှိတဲ့ ပင်လယ်စာတွေနဲ့ မတူဘဲ ပိုမိုလတ်ဆတ်ပါတယ်။ ဒါ့ကြောင့် ဝလာမှာတို့၊ ဝိတ်တက်သွားမှာတို့ကို စိုးရိမ်မနေဘဲ အားရပါးရသာ တစ်ဝကြီး သုံးဆောင်လိုက်ပါ။

ကွီးတို့လည်း ကိုယ် ချစ်ခင်ရတဲ့သူနဲ့ အတူတူခရီးထွက်ဖြစ်တဲ့အခါ အခုဖော်ပြမယ့် နည်းလမ်းများကို အသုံးချပြီး အဆုံးစွန်ထိ ပျော်ရွှင်မှုကို ဖန်တီးယူနိုင်ပါတယ်။ စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများ အလိုလိုပြေပျောက်သွားပြီး ဘဝရဲ့အနှစ်သာရကို အမှန်အကန်ခံစားရမှာပဲဖြစ်ပါတယ်။

Source: Misstamchiak

Featured Image: Thebrokebackpacker