လူကြားသူကြားထဲမှာ မြွေပေါက် လေးကနေ အန်နာကွန်တာကြီး ဖြစ်သွားတဲ့အခိုက်အတန့်မျိုးကို တစ်ကြိမ်လောက်တော့ ကြုံဖူးကြမှာပါ။ ဒီလိုမျိုး အရေးပေါ် အခြေအနေမျိုးမှာ ကွီးတို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။
ဖြေရှင်းနည်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့လည်း ကိုယ့်ရဲ့ ညီလေးက စကားနားမထောင်ဘဲ ရုတ်တရက်ကြီး လူကြားသူကြားထဲမှာ နိုးထလာမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အခြေအနေများကို ကျင့်သုံးနိုင်ပါတယ်။
ပစ္စည်းတစ်ခုခုနဲ့ ဖုံးထားလိုက်ပါ
လက်ပတော့ အိတ်ပဲဖြစ်ဖြစ်၊ ကျောပိုးအိတ်ပဲဖြစ်ဖြစ်၊ စာအုပ်အထူကြီးပဲဖြစ်ဖြစ် ပစ္စည်းအကြီးစားတစ်ခုခု ရှိတာနဲ့ ဖုံးထားလိုက်ပါ။ ကွီးတို့ ထိုင်နေတဲ့အချိန်မှာဆို ဖုံးရတာ ပိုအဆင်ပြေပါလိမ့်မယ်။
အင်္ကျီအရှည်နဲ့ ဖုံးလိုက်ပါ
ကွီးတို့ အင်္ကျီက ခါးထက်ရှည်တယ်ဆိုရင် အင်္ကျီကို တင်ပါး ဖုံးသွားသည်အထိ ပြုလုပ်လိုက်ပါ။ အင်္ကျီကို အထဲ ထည့်ဝတ်ထားတယ်ဆိုရင်လည်း အပြင်ထုတ်ဝတ်ပေးလိုက်ပါ။
ဆွယ်တာ (သို့) ဟူဒီလေး ပတ်ထားလိုက်ပါ
ဆွယ်တာ (သို့) ဟူဒီလေးကို ခါးနားမှာ ပတ်ထားပြီး မြွေပေါက် လေးကနေ အန်နာကွန်တာကြီး အဖြစ် ပြောင်းလဲသွားတဲ့ ညီလေးကို ဖုံးဖိထားနိုင်ပါတယ်။ ဆွယ်တာ (သို့) ဟူဒီရဲ့ လက်ကို ညီလေးတည့်တည့်မှာ ထားထားလိုက်ပါ။ ဒါဆိုရင်တော့ သဘာဝဆန်ဆန်လေးနဲ့ မသိသာတော့ပါဘူး။
မြွေကြီးကို ဦးတည်ဖက် ပြောင်းပါ
လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပါ။ ထို့နောက် မြွေကြီးကို လက်နှစ်ဖက်နဲ့ ဆက်ဖိထားလိုက်ပါ။ မြွေကြီးကနေ မြွေပေါက်လေး ပြန်ဖြစ်သွားတဲ့အထိ မသိမသာလေး ဖိထားပေးနိုင်ပါတယ်။ လက်ကိုလည်း လှုပ်ရွမနေစေဘဲ တစ်နေရာတည်းမှာပဲ ထားရပါမယ်။
ခြေထောက်ချိတ် ထိုင်ပါ
ကွီးတို့ ထိုင်နေတဲ့အချိန်က ဖုံးဖိလို့ အကောင်းဆုံးပါပဲ။ ထိုင်နေတဲ့အချိန်မှာ ခြေထောက်ချိတ်ကာ ထိုင်လိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ မြွေကြီးလည်း ပျောက်သွားမှာပဲဖြစ်ပါတယ်။
စက္ကန့် ၃၀ ခြေထောက် ဆန့်ပါ
ထိုင်ခုံပေါ်မှာ ထိုင်နေရင်းနဲ့ ခြေထောက်တစ်ဖက်ကို အရှေ့တည့်တည့်သို့ ဆန့်တန်းကာ စက္ကန့် ၃- တောင့်ထားပါ။ ဒါဆိုရင် ဖွားဖက်တော်ထဲက သွေးတွေက ပေါင်ကြွက်သားနှင့် ခြေသလုံး ကြွက်သားဆီများသို့ ပြန်လည် ရောက်ရှိသွားမှာဖြစ်ပြီး ထောင်မတ်နေတဲ့ ညီလေးကို မူလအနေအထားရောက်အောင် ပြုလုပ်နိုင်ပါတယ်။
အေးတဲ့ အရာတစ်ခုခု တင်ထားလိုက်ပါ
ရေအေးအေးလေးပဲဖြစ်ဖြစ်၊ အအေးဘူး အေးအေးလေးပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဆေးရုံတွေမှာဆိုရင် မလိုလားအပ်တဲ့ ထောင်မတ်မှုတွေကို ပြေလျော့သွားဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းကတော့ ၄ နာရီကြာသည်အထိ မူလအနေအထားအတိုင်းဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
အများသုံး အိမ်သာဆီ အမြန်သွားလိုက်ပါ
လူကြားသူကြားထဲ မြွေပေါက် လေးကနေ အန်နာကွန်တာကြီး ဖြစ်သွားတယ်ဆိုရင်တော့ အမြန်ဆုံး အိမ်သာဆီ ထသွားလိုက်ပါ။ အိမ်သာထဲမှာ မြွေကြီး သေးသွားတဲ့အထိ စောင့်နိုင်ပါတယ်။
အာရုံပြောင်းပါ
ရုတ်တရက်ကြီး အရွယ်အစား ကြီးလာရခြင်းက သူ့ကို လှုံဆော်မှုတစ်ခုခု သက်ရောက်နေလို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အာရုံ ပြန်ပြောင်းဖို့အတွက် အခြားသော အရာတစ်ခုခုဆီ အာရုံပြောင်းရမှာ ဖြစ်ပါတယ်။ သင်္ချာ အီကွေးရှင်းအကြောင်း တွေးလိုက်တာပဲဖြစ်ဖြစ်၊ အလုပ်အကြောင်း တွေးလိုက်တာမျိုးပဲဖြစ်ဖြစ်၊ ပြုလုပ်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်လိုက်ပါ
မိမိကိုယ်ကိုယ် ဆွဲဆိတ်လိုက်တဲ့အခါ နာကျင်မှုကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီလိုနာကျင်မှုကို ခံစားရတဲ့အခါ နိုးထနေတဲ့ ညီလေးလည်း အာရုံပြောင်းသွားမှာ ဖြစ်ပါတယ်။ ကွီးတို့ညီလေး အာရုံပြောင်းသွားသည်အထိ ဆွဲဆိတ်ထားနိုင်ပါတယ်။
ကွီးတို့ရော ရုတ်တရက် နိုးထလာတတ်တဲ့ ညီလေးကို ဘယ်လို ပြန်ချော့သိပ်လေ့ရှိပါသလဲ။
Source: Wikihow
Featured Image: Menshealth