ဘဝမှာ ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်မိလို့ နောင်တရနေပြီလား။ လူသားတိုင်းသည် သူတို့ရဲ့ဘဝမှာ မှန်ကန် တဲ့ ဆုံးဖြတ်ချက် များ ချမှတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာလည်း အမှားအယွင်းများနှင့် ကြုံတွေ့ရတတ်ပါတယ်။ အမှားကြုံတွေ့ရမှာကြောက်လို့ တစ်ခါတစ်ရံမှာလည်း ချီတုံချတုံဖြစ်ကာ ဆုံးဖြတ်ချက်များ ချမှတ်ဖို့ နှောင့်နှေးတတ်ပြန်ပါတယ်။

တစ်ခါတစ်ရံမှာ ဆုံးဖြတ်ချက်အမှားများသည် လူတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးနိုင်သည်အထိ အဆိပ်ပြင်းပါတယ်။ ဒါ့ကြောင့် မှန်ကန် ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် များ ချမှတ်နိုင်ဖို့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာကျင့်သုံးလိုက်ပါ။

စိတ်လိုက်မာန်ပါ မပြုလုပ်ပါနဲ့

စိတ်လိုက်မာန်ပါ မပြုလုပ်ပါနဲ့

လက်ရှိအခြေအနေမှာ အရာအားလုံးသည် ကောင်းမွန်နေပုံပေါက်လို့ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်နဲ့ စိတ်လိုက်မာန်ပါ မချမှတ်လိုက်ပါနဲ့။ အခြေအနေကို ကောင်းစွာနားမလည်သေးဘဲနဲ့ ဆုံးဖြတ်ချက်တစ်ခုကို စိတ်လိုက်မာန်ပါနဲ့ မချမှတ်သင့်ပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ ပြဿနာက ဘယ်လိုမျိုးလဲဆိုတာကို သေသေချာချာနားလည်အောင် လေ့လာသုံးသပ်ပါ ပြီးမှ တိကျကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမှာ ဖြစ်ပါတယ်။

ကောင်းကျိုးနှင့် ဆိုးကျိုးများကို လေ့လာဆန်းစစ်ပါ

လေ့လာ

ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်ခင်မှာ ဒီဆုံးဖြတ်ချက် ချလိုက်တဲ့နောက်မှာ ကောင်းကျိုးတွေက ဘာတွေရှိမလဲ။ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာကို ချရေးထားလိုက်ပါ။ ရှိသမျှ ကောင်းကျိုး၊ ဆိုးကျိုး မှန်သမျှကို ရေးမှတ်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ကောင်းကျိုးနဲ့ ဆိုးကျိုးမှာ ဘယ်အချက်က ပိုများနေသလဲဆိုတာကို ပြန်လည် သုံးသပ်ကြည့်ပါ။ တကယ်လို့ ဆိုးကျိုးက ပိုများနေတယ်ဆိုရင်တော့ ထိုဆုံးဖြတ်ချက်ကို မပြုလုပ်ပါနဲ့။ ဒီလိုမှမဟုတ်ဘဲ ကောင်းကျိုးက ပိုများနေတယ်ဆိုရင်တော့ ထိုဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပါတယ်။

ထိုဆုံးဖြတ်ချက်များ ချမှတ်ပြီးတဲ့နောက်မှာ ဘယ်လိုအခြေအနေမျိုး ဖြစ်သွားမလဲဆိုတာ စိတ်ကူးယဉ်ကြည့်လိုက်ပါ

မှန်ကန် ဆုံးဖြတ်ချက်

မိမိက လက်ရှိအခြေအနေကို သေသေချာချာ မသုံးသပ်တဲ့အခါ ခေါင်းထဲမှာပေါ်လာတဲ့အတွေးတစ်ခုကိုသာ ဆုံးဖြတ်ချက်ကောင်းတစ်ခုဖြစ်တယ်လို့ တရားသေ ယူဆမိတတ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ထိုဆုံးဖြတ်ချက်ကြောင့် အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုး ကြုံတွေ့နိုင်သလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ အနာဂတ်မှာရော ထိုဆုံးဖြတ်ချက်ကြောင့် ပျော်ရွှင်ရပါ့မလား။

အခြားနည်းလမ်းတစ်ခုကို စဉ်းစားပါ

မှန်ကန် ဆုံးဖြတ်ချက်

အတွေးတစ်ခုထဲမျာပဲ ပိတ်မိနေပါသလား။ သင့်အနေနဲ့ တခြားသော နည်းလမ်းတွေ မရှိတော့ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အခြားသော ရှုထောင့်အသစ်ကနေ ပြန်ပြောင်းစဉ်းစားကြည့်လိုက်ပါ။ မတူညီတဲ့ အတွေးအမြင်သစ်များသည် အချိန်နဲ့တပြေးညီ ထွက်ပေါ်နိုင်ဖို့ရန်အတွက် မတူညီတဲ့ရှုထောင့်ကနေလည်း စဉ်းစားတတ်ရပါမယ်။ တကယ်လို့ အတွေးတစ်ခုထဲမှာပဲ ပိတ်မိနေတယ်လို့ ယူဆပါက သင့်သည် အတွေ့အကြုံနည်းနေသေးလို့လည်းဖြစ်နိုင်ပါတယ်။ အတွေ့အကြုံများများ လိုချင်ပါက စာတွေ့လည်း လေ့လာလို့ရသလို၊ လက်တွေ့ကျကျ နည်းလမ်းများနှင့်လည်း လေ့လာနိုင်ပါတယ်။ စာတွေ့လေ့လာချင်တယ်ဆိုရင်တော့ စာများများ ဖတ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ အရဲစွန့်တတ်တဲ့ စိတ်ထား၊ မကြောက်မရွံ့နှင့် ဘာမဆိုရင်ဆိုင်ရဲတဲ့စိတ်ထားလည်း လိုအပ်ပါသေးတယ်။

အတွေ့အကြုံရှိသူများ၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်တောင်းကြည့်ပါ

မှန်ကန် ဆုံးဖြတ်ချက်

နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ အတွေ့အကြုံရှိသူများထံမှ အကြံဉာဏ်တောင်းခြင်းပဲဖြစ်ပါတယ်။ အတွေ့အကြုံများတဲ့ သူတွေဖြစ်တဲ့အားလျော်စွာ ကိုယ်က တစ်နာရီလောက် ထိုင်စဉ်းစားနေရတဲ့ပြဿနာသည် သူတို့အတွက် မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်တဲ့ ပြဿနာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်သည် ပြဿနာတစ်စုံတစ်ရာကြောင့် ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိတဲ့အခါ အတွေ့အကြုံရှိတဲ့သူတွေထံ မေးမြန်းကာ အကြံဉာဏ် တောင်းကြည့်လိုက်ပါ။ သူတို့ပေးတဲ့ အကြံဉာဏ်တွေကို မှတ်စုထဲမျာ ချမှတ်ထားလိုက်ပါ။ အခြားသော ယုံကြည်ရတဲ့ မိတ်ဆွေများ၊ မိသားစုဝင်များထံမှလည်း အကြံဉာဏ်ကောင်းများ တောင်းယူနိုင်ပါသေးတယ်။

အကောင်းမြင်စိတ် ထားရှိပါ

မှန်ကန် ဆုံးဖြတ်ချက်

သင်သည် စိတ်ဆိုးဒေါသထွက်နေချိန်၊ အဆိုးမြင်စိတ်များ ဖြစ်ပေါ်နေချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် မချလိုက်ဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ဆိုးဒေါသ ထွက်နေချိန်မှာ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေသည် မှန်ကန် တဲ့ ဆုံးဖြတ်ချက် တစ်ခု ဘယ်တော့မှ မဖြစ်နိုင်လို့ပါပဲ။ သင့်အနေနဲ့ စိတ်ဆိုးဒေါသထွက်နေတယ်ဆိုရင် စိတ်တည်ငြိမ်သွားအောင် အချိန်တစ်ခု စောင့်ဆိုင်းလိုက်ပါ။ ဒါမှမဟုတ် အဆိုးမြင်စိတ်တွေ များလွန်းနေတယ်ဆိုရင်တော့ ထိုအဆိုးမြင်စိတ်များကို အရင်ဦးဆုံး ဖယ်ရှားပစ်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ အဆိုးမြင်စိတ်များ၊ ဒေါသကြောင့် ပူလောင်မှုများ မရှိတော့ဘူးဆိုရင်တော့ ထိုအချိန်ကျမှ ခေါင်းအေးအေးထားကာ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပါ။

ထိုပြဿနာထဲမှာ ပါဝင်နေသူများနှင့် စကားပြောကြည့်ပါ

မှန်ကန် ဆုံးဖြတ်ချက်

သင် ပြုလုပ်မယ့် ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မှုရှိသွားမယ့် လူတွေကို ပြန်လည်စဉ်းစားကြည့်လိုက်ပါ။ ဒါမှမဟုတ် ပြဿနာတစ်ခု ကြုံတွေ့ရတဲ့အခါ ထိုပြဿနာထဲတွင် ပါဝင်နေသူများ ရှိပါလိမ့်မယ်။ ထိုကဲ့သို့သော လူတွေနှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့လိုအပ်ပါလိမ့်မယ်။ သူတို့ရဲ့ ထင်မြင်ချက်များသည်လည်း သင့်အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

တစ်ခါတစ်လေမှာ ကျနော်တို့သည် တစ်ဖက်သားကို လွန်လွန်ကျူးကျူး အားနာတတ်တာမျိုးတွေရှိပါတယ်။ တစ်ဖက်သားကို အားနာလွန်းတော့ ရှိသမျှ ကိစ္စတွေအားလုံးကို ကိုယ်တစ်ယောက်တည်းကပဲ ခေါင်းခံကာ ပြုလုပ်လေ့ရှိကြပါတယ်။ ကိုယ်တစ်ယောက်တည်း ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတဲ့အခါ လေးလံလွန်းပြီး စိတ်ဖိစီးမှုများ ခံရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်တစ်ယောက်တည်း ကိစ္စအားလုံးကို ရင်စည်းခံမယ့်အစား အခြားသူများထံမှလည်း အကူအညီတောင်းပါ။ အားမနာဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလိုက်ပါ။

အထက်ဖော်ပြပါအချက်များသည် ကွီးတို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ချမှတ်နိုင်ဖို့အတွက် ကူညီပေးမယ့်အချက်များပဲဖြစ်ပါတယ်။

Source: Successstory

Featured Image: Goodmenproject