မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ Turf Moor ကွင်းမှာ အိမ်ရှင် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားအပြီး အိမ်အပြန်မှာ ပြင်းထန်တဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
Photo Credit : The Independent
အသင်းအတွက် စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီး တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေလို့ အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုလို ယာဉ်တိုက်မှုပါ ဖြစ်ပွားခဲ့ရတာကြောင့် တုန့်လှုပ် ခြောက်ခြားနေခဲ့ရပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်း မရှိဘူးလို့ ကနဦး သတင်းတွေအရ သိရပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ် မောင်းနှင်လာတဲ့ အဖြူရောင် Rolls-Royce ကားနဲ့ အသက် (၇၄)အရွယ် အမျိုးသမီးကြီးရဲ့ ကားတို့ တိုက်မိတာဖြစ်ပြီး ရပ်ရှ်ဖို့ဒ်လည်း ကံကောင်းထောက်မစွာနဲ့ ဒဏ်ရာ အကြီးအကျယ် မရရှိခဲ့ပဲ လွတ်မြောက်ခဲ့ပါတယ်။
Photo Credit : The Guardian
အသက် (၂၅)နှစ်အရွယ် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၃၀)အထိ သွင်းယူထားနိုင်ခဲ့လို့ ဒီရာသီမှာလည်း ဂိုး (၄၀)နဲ့အထက် သွင်းယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဂယ်ရီနဖီးလ်နဲ့ အင်တာဗျူးမှာ ပြောဆိုထားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၇)ပွဲ ကစားထားရင်း (၁)ဂိုးသာ သွင်းယူထားကာ (၂)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
ဒီလို ခြေစွမ်းပိုင်း စွမ်းဆောင်မှုတွေနဲ့ ရုန်းကန်နေရတဲ့ကြားထဲ ပေါင် (၇၀၀၀၀၀)တန် Rolls-Royce ကားပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုတောင် ဖြစ်နေရပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က လက်ရှိမှာ ခြေစွမ်းပိုင်း တသမတ်တည်း ကောင်းမွန်နေဖို့အတွက် ကြိုးစား ကစားသင့်သလို အသင်းဖော်တွေ အထူးသဖြင့် တိုက်စစ်ပိုင်းက အသင်းဖော်တွေနဲ့ ဒီထက်မက အသေအချာ ချိတ်ဆက်ကစားဖို့လိုလည်း လိုအပ်နေပါတယ်။ ဒါတွေတင်မကသေးပဲ ကားမောင်းနင်တဲ့ အခါမျိုးမှာလည်း အခုထက် ပိုမို ဂရုစိုက်ပြီး မောင်းနင်းဖို့ပါ အရေးတကြီး လိုအပ်လာခဲ့ပါတယ်။