ဂျပန်ကုမ္ပဏီ Sony ရဲ့ စတုတ္ထမျိုးဆက် Xperia 10 IV ကို ကမ္ဘာ့အပေါ့ပါးဆုံး 5G စမတ် ဖုန်း ဆိုတဲ့ ကြော်ငြာမှုနဲ့အတူ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အရင်မျိုးဆက် Sony Xperia 10 III ထက် ပိုပြီး သိသာတဲ့ အဆင့်မြှင့်တင်မှုတချို့ ပါဝင်တဲ့ ဒီထုတ်ကုန်ဟာ Sony ရဲ့ အစဉ်အလာအတိုင်း ကင်မရာနဲ့ Display စွမ်းဆောင်ရည်ဘက်မှာ အကောင်းဆုံးရသတွေ ပေးစွမ်းသွားမှာပါ။

လာမယ့်ဇွန်လထဲ ဈေးကွက်ဝင်ဖို့ ရှိတဲ့ ဒီ စမတ်ဖုန်း ဟာ ၁၆၁ ဂရမ် အလေးချိန်ရှိပြီး Gorilla Glass Victus မှန် ၊ ပလတ်စတစ်ဖရိမ်တို့နဲ့ တည်ဆောက်ထားတာပါ။ မျက်နှာပြင်ဆိုဒ် ၆ လက်မ 21:9 OLED Display နဲ့ လာပြီး Processor ကိုတော့ 6nm Snapdragon 695 5G SoC သုံးသွားပါတယ်။ ဒီဇိုင်းပိုင်းမှာ Xperia 1 IV နဲ့ ဆင်ပြီး ဒီမော်ဒယ်ကတော့ Mid-Ranger ဖြစ်တဲ့အတိုင်း Hardward Specs တွေ လျှော့သုံးထားပါတယ်။

sony-xperia-10-iv

Photo : lowyat

Sony Xperia 10 IV ရဲ့ Triluminous Panel ဟာ အရင် မျိုးဆက် Sony Xperia 10 III ထက် Display တောက်ပမှု ၅၀% ပို မြင့်ပြီး Xperia 1 IV လိုမျိုး 4K Display မဟုတ်ဘဲ FHD+ Resolution နဲ့ လာပါတယ်။ High Res Audio အသံစနစ် ထောက်ပံ့ထားပြီး ဒီခေတ်ထဲမှာ ရှားရှားပါးပါး 3.5mm Headphone Jack ပေါက်လည်း ထည့်ပေးထားပါတယ်။ Wireless Headset တွေအတွက် LDAC Support ပေးထားပြီး ကြိုးမဲ့နဲ့ ကြိုးသုံး Wired Headphone နှစ်မျိုးစလုံးအတွက် အဆင့်မြင့် DSEE Ultimate အသံနည်းပညာ ၊ ပုံမှန် စတီရီယို စပီကာတွေထက် ပိုပြီး မြိုင်ဆိုင်တဲ့ 360 Reality Audio Engine စနစ် တို့ ပါဝင်ပါတယ်။

ဖုန်း ဒီဇိုင်းအချိုးအဆစ်ကတော့ ပရီမီယံမော်ဒယ် Sony Xperia 1 IV နဲ့ ခပ်ဆင်ဆင် ဖြစ်ပြီး ကျောဘက် ထောင်လိုက် ကင်မရာတန်းထဲမှာ 16mm 8MP Wide Angle Lens ၊ 27mm 8MP Ultra-Wide Angle Lens နဲ့ 54mm 8MP 2x Telephoto Lens တို့ သုံးထားပါတယ်။ ဓါတ်ပုံ ဗွီဒီယို ရိုက်ကူးမှုတွေမှာ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ Optical Image Stabilization (OIS) ရုပ်ငြိမ်စနစ် Support ပေးထားပါတယ်။ Sony ကတော့ Xperia 10 IV မှာ ကုမ္ပဏီရဲ့ Optical SteadyShot နဲ့ Hybrid Image Stabilization ရုပ်ငြိမ်စနစ်တွေပါ အထောက်အပံ့ ပေးထားတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ ရိုက်ချက်တွေမှာ အလင်းအားနည်းချိန် အနေအထားတွေအတွက် Low-Light Photography နဲ့ HDR Shooting ရမှာ ဖြစ်သလို ရိုက်ကူးမယ့် အရာဝတ္ထုပေါ် လိုက်ပြီး မှန်ကန်တဲ့ ကင်မရာ Settings ကို အလိုအလျောက် ချိန်ညှိပေးနိုင်မယ့် Superior Auto Function တို့လည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ရှေ့ဘက်မှာ AI အခြေခံ မျက်နှာရုပ်ထွက် ရှင်းသန့်အောင် ကူညီပေးမယ့် Selfie စနစ် ပါဝင်ပါတယ်။ ကင်မရာနည်းပညာပိုင်းမှာတော့ Mid-Range Model တန်းမှာ Sony Xperia 10 IV ဟာ ပြိုင်ဘက်ရှားနိုင်ပါတယ်။

Sony

Photo : gsmarena

RAM 6GB / Internal Storage 128GB မော်ဒယ်နဲ့ ထွက်ထားပြီး Sony ရဲ့ အစဉ်အလာ အတိုင်း IP68 Rating Water & Dust Resistance ရမှာပါ။ ဘက်ထရီပါဝါကို အကြီးစား 5000mAh ဘက်ထရီ သုံးပြီး 30W Fast Charging Support ပေးလာပါတယ်။ ၂၀၂၂ စမတ်ဖုန်းလောကရဲ့ Trend အတိုင်း Sony Xperia 10 IV ဖုန်းဗူးထဲမှာလည်း Charger မပါလာတော့ပါဘူး။

အရောင်ကိုတော့ Black ၊ White ၊ Mint နဲ့ Lavender လေးရောင်နဲ့ ထွက်ထားပြီး Android 12 Software တစ်ခါတည်း ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ Sony Xperia 10 IV ကို ယူရို ၅၀၀ ( မြန်မာငွေ ၁၀ သိန်းခန့်) ဈေးနဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။

Featured Photo : gsmchoice