လေးလံတဲ့ အလေးတုံးတွေနဲ့ ဆော့ကစားမှာ ခန္ဓာကိုယ်က အဆီကျတာ မဟုတ်ပါဘူး။ ယောဂ လေ့ကျင့်ခန်းများ ဆော့ကစားရင်းနဲ့လည်း ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ် မျိုး ပိုင်ဆိုင်နိုင်ပါသေးတယ်။

ဘယ်လို ယောဂ လေ့ကျင့်ခန်းများက ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ် မျိုး ရရှိအောင် ဖန်တီးပေးနိုင်မလဲဆိုတာ သိပါသလား။

လေ့ကျင့်ခန်း (၁)

yoga

အရင်ဦးဆုံး ညာဒူးကို အရှေ့သို့ ကွေးချထားပြီး ဘယ်ခြေကို အနောက်သို့ ဆန့်တန်းကာ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားလိုက်ပါ။ ထို့နောက် ကြမ်းပြင်ပေါ်မှာ လှဲလျောင်းလိုက်ကာ ဘယ်ခြေကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထို အနေအထားအတိုင်း ၁ မိနစ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

yoga

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ တင်ပါးကို နောက်ပစ်ပြီး ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ပုံစံအတိုင်း ပြုလုပ်ပေးလိုက်ရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်ခံထားလိုက်ပါ။ အသက်ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၃)

yoga

အရင်ဦးဆုံး ယောဂဖျာပေါ်မှာ Plank ထောက်တဲ့ အနေအထားဖြင့် အစပြုပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ် အလယ်ပိုင်းကို အပေါ်သို့ တဖြည်းဖြည်းချင်းစီ မြှောက်ပေးလိုက်ရပါမယ်။ ထို့နောက် မြှောက်ထားတဲ့ အနေအထားအတိုင်း ၁ မိနစ်ခန့် တောင့်ထားလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ယောဂ ခန္ဓာကိုယ်

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ထိုင်နေလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အနောက်သို့ ဖြည်းဖြည်းချင်းစီ စောင်းချလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။  ထိုအချိန်မှာတော့ သင့်ရဲ့ ခန္ဓာကိုယ်က လှေပုံသဏ္ဍာန် ဖြစ်သွားပါလိမ့်မယ်။ ထိုအနေအထားအတိုင်း မိနစ်အနည်းငယ်ကြာ တောင့်ခံထားလိုက်ရပါမယ်။

လေ့ကျင့်ခန်း (၅)

ယောဂ ခန္ဓာကိုယ်

ဒီကျင့်စဉ်ကို စတင်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ဒူးခေါင်းများကို တင်ပါးအနံကို အကွာအဝေး အတိုင်း ခွဲထားပါ။ ထို့နောက် အသက်ကိုရှုထုတ်ပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပေါင်ပေါ်တွင် မှောက်လိုက်ပါ။ ကွီးတို့ရဲ့ လက်များကို ခန္ဓာကိုယ်နဲ့ကပ်လျက် ဖြေလျှော့ပြီးရှေ့သို့ ဆန့်ထုတ်ထားပါ။ ပခုံးများကိုလည်း ဖြေလျော့ထားပါ။ ကွီးတို့ရဲ့ ခေါင်းကိုမှောက်လျက် နဖူးက ကြမ်းပြင်ပေါ်တွင် ထိထားပါ။ ထို့နောက် ဖြည်းဖြည်းနှင့် မှန်မှန် အသက်ရှုသွင်းပါ။

လေ့ကျင့်ခန်း (၆)

ယောဂ ခန္ဓာကိုယ်

ခြေထောက်နှစ်ခုကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပြီး ဆောင့်ကြောင့် ထိုင်နေပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြေထောက်နှစ်ခုကြားထဲသို့ တဖြည်းဖြည်း တွန်းပို့လိုက်ပါ။ ထို့နောက် အသက်ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့ ယောဂ လေ့ကျင့်ခန်းများနဲ့ ကွီးတို့ ခန္ဓာကိုယ် ကို ပြောင်းလဲပစ်ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Redbull