ပန်းနာရင်ကြပ် ရောဂါသည် အဆုတ်အတွင်းရှိ လေပြွန်လမ်းကြောင်း ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အသက်ရှူရ ခက်ခဲနိုင်စေပါတယ်။ မကြာခဏ ချောင်းဆိုးခြင်းနှင့် အသက်ရှူတဲ့အခါမှာလည်း တရွှီရွှီ မြည်ခြင်းတို့သည် ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာများပဲဖြစ်ပါတယ်။ ပန်းနာ ရင်ကြပ်သမား များအနေနဲ့ မိမိခံစားနေရတဲ့ ဝေဒနာများကို လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သက်သာပျောက်ကင်းလာအောင် ကူညီပေးနိုင်ပါတယ်။
ပန်းနာ ရင်ကြပ်သမား များအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်း များ
လမ်းလျှောက်ခြင်း
လေ့လာတွေ့ရှိချက်တစ်ခုအရ သင်သည် တစ်ပတ်လျှင် ၃ ကြိမ်န့် ပုံမှန် လမ်းလျှောက်ပေးပါက ၁၂ ပတ်ကြာတဲ့အခါ သင့်ရဲ့ သက်လုံအားသည် သိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တစ်ခါလမ်းလျှောက်လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးနိုင်ပါတယ်။
ယောဂကစားခြင်း
ယောဂလေ့ကျင့်ခန်းများသည်လည်း အသက်ရှူစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး အဆုတ်အားကောင်းလာအောင် ကူညီပေးပါတယ်။ လေ့လာချက်တစ်ခုအရ တစ်ပတ်လျှင် ယောဂ ကစားခြင်းကို ၂ နာရီခွဲခန့် ကစားပေးပါက ထိရောက်မှုပိုရှိကြောင်း သိရှိရပါတယ်။
ရေကူးခြင်း
ပန်းနာရင်ကြပ်သမားများအတွက် အကောင်းဆုံး အားကစားတစ်ခုပဲဖြစ်ပါတယ်။ ရေကူးတဲ့အခါ သင်သည် ခြောက်သွေ့ကာ နွေးတဲ့ ရေငွေ့များကို ရှူရှိုက်လိုက်ရတဲ့အတွက်ကြောင့် အဆုတ်အတွက် ထိရောက်မှုပိုရှိပြီး အသက်ရှူလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
ပန်းနာ ရင်ကြပ်သမား များအတွက် မသင့်တော်သော လေ့ကျင့်ခန်း များ
စက်ဘီးစီးခြင်း
ပေါ့ပေါ့ပါးပါး စက်ဘီးစီးခြင်းကတော့ ပန်းနာရင်ကြပ်ရောဂါကို မဆိုးရွားလာစေပေမယ့် အရှိန်များများနှင့် စက်ဘီးအမြန်စီးခြင်းကတော့ ဝေဒနာကို ပိုမိုဆိုးရွားလာစေပါတယ်။ မကြာခဏ အသက်ရှူသွင်း ရှူထုတ် ပြုလုပ်နေရခြင်းသည် အသက်ရှူရတာကို ပိုမိုခက်ခဲလာစေပါတယ်။ တောင်တက် စက်ဘီးစီးခြင်းဆိုရင်တော့ ဆိုဖွယ်ရာမရှိပါဘူး။
ပြေးခြင်း
စောစာကလိုပဲ ပေါ့ပေါ့ပါးပါးလေးပြေးမယ်၊ ဟိုနား ဒီနားလေးကို ပြေးမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် တာဝေးပြေးမယ်ဆိုရင်တော့ အမောခံနိုင်မှာမဟုတ်ဘဲ ရောဂါကို ပိုမိုဆိုးရွာလာပါလိမ့်မယ်။ မကြာခဏ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရတဲ့အခါ အသက်ရှူလမ်းကြောင်းသည် ခြောက်သွေ့လာကာ အသက်ရှူရ ခက်ခဲလာစေလို့ပါပဲ။
အထက်ဖော်ပြပါ အားကစားလိုမျိုး၊ အလွန်အကျွံ အမောခံရတဲ့ အားကစားများ ၊ ဥပမာ – ဘောလုံးကစားခြင်း ၊ စကိတ်စီးခြင်း၊ ဘတ်စကပ်ဘောကစားခြင်း အစရှိတဲ့ အားကစားများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
Source: Allergylosangeles
Featured Image: Runnersblueprint