လူကာကူ ဟာ ဒဏ်ရာပြဿနာကြောင့် ရီးရဲလ် မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး အသင်းခေါင်းဆောင် အက်ဇ်ပလီကွေ တာကတော့ အင်္ဂါနေ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် စပိန်ကို လူစာရင်းနဲ့အတူ လိုက်ပါမှာဖြစ်ပါတယ်။
Photo: Metro
ချဲလ်ဆီးအသင်းဟာ ပထမအကျော့မှာ ကာရင် ဘန်ဇီးမားရဲ့ ဟက်ထရစ်ကြောင့် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ စနေနေ့က ဆောက်သမ်တန်အိမ်ကွင်းမှာ ၆-၀ နဲ့ အနိုင်ယူပြီး ဥရောပပြိုင်ပွဲက ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာလည်း မှော်ဆန်တဲ့အခိုက်အတန့်တွေ လုပ်ပြနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Photo: Metro
လူကာကူနဲ့ အက်ဇ်ပလီကွေတာတို့ ၂ ဦးစလုံးဟာ ဆောက်သမ်တန်ကို ဂိုးပြတ်ချေမှုန်းနိုင်ခဲ့တဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ဖနောင့်ကြောဒဏ်ရာ ခံစားနေရဆဲဖြစ်တာကြောင့် ဘာနေဗျူးကို လိုက်ပါနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် စပိန်နောက်ခံကစားသမားကတော့ ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်ခင်က ကိုဗစ် စစ်ဆေးတွေ့ရှိခဲ့ပေမယ့် လက်ရှိမှာ ကိုဗစ် ကင်းစင်သွားပြီဖြစ်တာကြောင့် စပိန်ကို ထွက်ခွာမယ့် လူစာရင်းနဲ့အတူ လိုက်ပါမှာဖြစ်တယ်လို့ သိရပါတယ်။
Photo: FMT
“ဟတ်ဒ်ဆန် အိုဒွိုင်းကလည်း မပါနိုင်သေးဘူး။ ဘန်ချေးဝဲလ်လည်း မပါနိုင်သေးဘူး။ လူကာကူ လည်း ဖနောင့်ကြော နာကျင်နေဆဲဖြစ်တာကြောင့် ခရီးကို လိုက်ပါမှာမဟုတ်ပါဘူး။ အက်ဇ်ပလီကွေတာက အကြိမ်ပေါင်းများစွာ ကိုဗစ်စစ်တာ ရောဂါမရှိဘူးပြလို့ လူစာရင်းထဲ ပါလာမှာပါ။ ရော့စ် ဘာကလေကတော့ နာမကျန်းဖြစ်နေလို့ အသင်းနဲ့အတူ ခရီးကို လိုက်ပါမှာမဟုတ်ပါဘူး”လို့ တူဟယ်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Featured Photo: Metro