ဘယ်နေရာလေးပဲ ရောက်ရောက် ဖုန်းလေးနဲ့ ဓာတ်ပုံမှတ်တမ်း ယူတတ်တဲ့ ကွီးတို့ ရှိပါသလား။ ယနေ့ခေတ်မှာ ဓာတ်ပုံရိုက်ဖို့အတွက် ကင်မရာ မရှိမဖြစ် မလိုအပ်တော့ပါဘူး၊၊ နည်းပညာတွေ မြင့်မားလာတာနဲ့ အမျှ စမတ်ဖုန်း တွေကလည်း စွမ်းဆောင်ရည် မြင့်မားလာကြပြီး ဖုန်းတွေမှာ ပါဝင်တဲ့ ဓာတ်ပုံရိုက်ကူးမှု အင်္ဂါရပ်များနဲ့ ကင်မရာပိုင်းမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာပါတယ်။ ဒီနေ့မှာတော့ ဓာတ်ပုံရိုက်လို့ကောင်းပြီး ရုပ်ထွက် အကောင်းဆုံး စမတ်ဖုန်း တွေကို ဝေမျှပေးချင်ပါတယ်။

Samsung Galaxy S22 Ultra

ရုပ်ထွက် အကောင်းဆုံး စမတ်ဖုန်း

Photo : The Adventures of Vesper

ဖုန်းနဲ့ ဓာတ်ပုံရိုက်ရာမှာ ရုပ်ထွက် အကောင်းဆုံး စမတ်ဖုန်း ကို ပြောပါဆိုရင်တော့ Samsung ရဲ့ Galaxy S22 Ultra ပဲဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ အံ့ဩဖွယ်ကောင်းလောက်အောင် Zoom Features ကောင်းမွန်တာကြောင့် ရွေးချယ်သင့်တဲ့ စမတ်ဖုန်း တစ်လုံးပါပဲ။ သူ့ရဲ့ Rare Camera အနေနဲ့ ကတော့ 108MP (wide) + 10MP (periscope, 10x optical) + 10MP (telephoto, 3x optical) + 12MP (ultrawide, 120-degree) ဖြစ်တဲ့အတွက် ရုပ်ထွက်အားကတော့ တကယ်ကို သာလွန်ကောင်းမွန်ပါတယ်။ ဒါ့အပြင် Front Camera က 40MP ပါရှိတဲ့ အတွက် ဆယ်လ်ဖီရိုက်ဖို့ အတွက်လည်း အဆင်ပြေပါတယ်။

Google Pixel 7 Pro

ရုပ်ထွက် အကောင်းဆုံး စမတ်ဖုန်း

Photo : Sanel Sergi

နောက်ထပ် ရွေးချယ်စရာ စမတ်ဖုန်းတစ်လုံးကတော့ Google Pixel 7 Pro ပဲ ဖြစ်ပြီး ထွက်ရှိထားတာ သိပ်မကြာသေးပါဘူး။ ၎င်းရဲ့  Rear Camera ကတော့ 50MP + 48MP + 12MP ဖြစ်ပြီး Front Camera ကတော့ 10.8 MP ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာ ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်ပြီး အသုံးပြုရတာ လွယ်ကူတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Storage အနေနဲ့ ကတော့ 128GB၊ 256GB၊ 512GB ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။

Apple iPhone 14 Pro

best camera phone

Photo :GSMAren.com

Apple ကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်လည်း ပြီးခဲ့တဲ့ ၉ လပိုင်းကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Apple iPhone 14 Pro ကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ Rare Camera အနေနဲ့ကတော့ 48MP (f/1.8) main with 2x optical zoom၊ 12MP (f/2.2) ultrawide၊ 12MP (f/2.8) telephoto with 3x optical zoom တို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Front Camera ကတော့ 12MP (f/1.9) ပဲဖြစ်ပါတယ်။ အခြားသော အင်္ဂါရပ်များအပြင် ကင်မရာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အထူးကောင်းမွန်ပြီး ရုပ်ထွက် အကောင်းဆုံး စမတ်ဖုန်း တစ်လုံးလို့လည်း ပြောလို့ရပါတယ်။

Google Pixel 6 Pro

best camera phone

Photo : Tech Advisor

ဒီ စမတ်ဖုန်းကလည်း Multitalented Camera ပါရှိပြီး သူ့ရဲ့ ကြီးမားပြီး ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်ကြောင့် ရွေးချယ်စရာများထဲက တစ်ခုပါပဲ။ Google ရဲ့ အကောင်းဆုံး ကင်မရာဖုန်းလို့လည်း ပြောလို့ရပါတယ်။ သူ့ရဲ့ Rare Camera ကတော့ 50MP (wide) + 48MP (telephoto, 4x optical) + 12MP (ultrawide, 114-degree) ဖြစ်ပြီး ၊ Front Camera အနေနဲ့ကတော့ 11.1MP (ultrawide) ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။

Source : Teach Rader

Featured Photo : Trusted Review